Wednesday, August 26, 2015

ဆွမ်ပရာဘွမ်ဒေသရှိ ကျေးရွာများတွင် KIA မှ စခန်းများတည်ဆောက် ===================

ဆွမ်ပရာဘွမ်ဒေသရှိ ကျေးရွာများတွင် KIA မှ စခန်းများတည်ဆောက် ========================================= 25, August, 2015 By Kachin People ဆွမ်ပရာဘွမ်မြို့နယ်၊ လောဒ်မိုင်ယန်ကျေးရွာအနီးတွင် အေအိုင်အေတပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၇)ဒေသတွင် အစိုးရတပ်နှင့် ကေအိုင်အေတပ်ကြား ယနေ့သြဂုတ်လ (၂၅)ရက်နေ့ မနက်(၁၀)နာရီမှ (၁၂)နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ လောဒ်မိုင်ယန်အနီးရှိ ကေအိုင်အေစခန်းတစ်ခုမှ အစိုးရတပ်စခန်းတစ်ခုအား လက်နက် ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သောကြောင့် အစိုးရတပ်များမှ ၄င်းတို့ပစ်ခတ်သည့် နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ကျေးရွာများအား လုံးဝပစ်ခတ်ခြင်း မဟုတ် ကြောင်း အစိုးတပ်မှ ပြောပြထားပါသည်။ ယခင်က မလိယန်ကျေးရွာနှင့် ဂျာရာယန်ကျေးရွာတို့တွင် KIA မှ ဒေသခံများအား လူသားတံတိုင်းသဖွယ်ကာရံထားကာ ရွာအတွင်းစခန်းတည်ဆောက်၍ တပ်ဆွဲထားပြီး၊ ယခု တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ၎င်းဒေသခံများအား KIA မှ ဒုက္ခသည်စခန်းသို့ ရွာလုံးကျွတ် ခေါ်ဆောင်သွားခြင်းကြောင့် ၎င်းကျေးရွာများတွင် ဒေသခံများ တစ်ဦးတစ်ယောက်မျှ မရှိတော့ ကြောင်းနှင့် ယခု လောဒ်မိုင်ယန်ကျေးရွာတွင်လည်း KIA မှ ရွာသားများ ဟန်ဆောင်ကာ အိမ်အောက်တွင် ကတုတ်ကျင်း ခံစစ်ကျင်းများတူး၍ ခုခံတိုက်ခိုက်နေကြောင်း ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသည့် ဒေသခံတစ်ဦးမှ ပြောကြားထားပါသည်။

No comments: