Friday, August 21, 2015

# ဒေါ်စုကြည်နှင့်လမ်းလျှောက်ထွက်ခြင်း

# ဒေါ်စုကြည်နှင့်လမ်းလျှောက်ထွက်ခြင်း # * မင်္ဂလာပါဒေါ်စုရေ ; ကျနော်လည်းအလုပ်တွေရှုပ်နေတာကြောင့် ဒေါ်စုနဲ့သိပ်မတွေ့ဖြစ်ဘူး ။ ပို့သတဲ့မေတ္တာတွေကြောင့် ဒေါ်စုတယောက် သက်ဆိုးရှည်မယ်လို့မျှော်လင့်ပါတယ် ။ * အင်း ခုတလော တိုင်းပြည်မှာရေတွေကြီးနေတယ်ဗျာ ။ ဒေါ်စုလည်း အသွားအလာဂရုစိုက်ဦးဗျ ။ တော်ကြာ ကျော်မကောင်းကြားမကောင်း ဒေါ်စုတယောက် ရေနစ်နေဦးမယ် ။ ဟဲဟဲ ဒါ့ကြောင့်လည်းဒေါ်စုက ရေဘေးဒုက္ခသည်တွေဆီကို လှေစီးပြီးသွားတာပေါ့နော် ။ * ဒါနဲ့ ရေဘေးမှာ ဒေါ်စုတို့ပါတီက ကူညီမှုတွေ သိပ်မတွေ့ရဘူးနော် ။ မဲရရေး အားထည့်နေရတာနဲ့ လစ်ဟင်းသွားတယ်ထင်ပါတယ် ။ * ဗျာ - ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ လှေတွေလှူတယ်ဟုတ်လား ။ ဟားဟားဟား ဒေါ်စုရယ် ဒေါ်စုလှူတဲ့လှေသာစီးမိလို့ကတော့ ရေဘေးဒုက္ခသည်ကနေ ရေဘေးမသာဖြစ်သွားလောက်တယ်ဗျ သိရဲ့လား ။ ဘေးပတ်ပတ်လည်ပင်လယ်ပြင်လိုဖြစ်နေတဲ့ ရေပြင်ပေါ်မှာ လူသုံးလေးယောက်လောက်က လှုပ်တောင်မလှုပ်ဘဲ စီးရတဲ့ ဖိုင်ဘာလှေတွေလေ ။ တော်ကြာကူညီရာမရောက်ပဲ ဒုက္ခပေးရာရောက်နေပါဦးမယ်ဗျာ ။ * နောက်ပြီး အခုတလော ပြိုင်ဘက်ပါတီက သူ့ပါတီအတွင်းအပြောင်းအလဲလုပ်တာကို ဒေါ်စုကမကျေနပ်ဘူးဆို ။ ဒီနေရာမှာ တခုမတင်မကျဖြစ်နေတာက ဒေါ်စုနဲ့မဆိုင်ဘဲ ဘာလို့ဝင်ရှုပ်နေတာလည်း ။ အိုးကမပူစလောင်းကပူနေတာလား ဒေါ်စု ။ * ဒေါ်စုက ဒီမိုကရေစီအရေးအလေးထားသူနော် ။ ဒါပေမဲ့လို့ ဒေါ်စုရဲ့ NLD ပါတီတွင်းမှာ မကျေနပ်လို့ဆန္ဒပြတဲ့သူတွေကို ထုတ်ပယ်လိုက်တယ်ဆို ။ ဒါလား ဒီမိုကရေစီ ။ * အင်း ဘာလိုလိုနဲ့ ရွေးကောက်ပွဲတောင် နီးလာပြီဘဲ ။ ဒေါ်စုပြောတာ တခုကြားမိပါတယ် ။ ဘာတဲ့ လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပါဆို ။ ဒီမှာဒေါ်စု အခုခေတ်က ၂၀၁၅ ရောက်နေပြီ ။ ပြည်သူတွေက အရင်ကလို နလပိန်းတုန်းတွေမဟုတ်တော့ဘူးနော် ။ ဒါဆိုရင် ခွေးတကောင်မှာ NLD တံဆိပ်ကပ်ထားတယ်ဆိုပါတော့ ။ အဲ့ဒိခွေးကိုကော မဲပေးရမှာလား ။ လူကိုမကြည့်နဲ့ဆိုရင် ဒေါ်စုလင်ယူခဲ့တုန်းက ဘာကိုကြည့်ပြီးယူခဲ့တာလည်း မေးပါရစေဒေါ်စု ။ စိတ်မဆိုးနဲ့နော် ။ ကျနော်တို့မြန်မာတွေကလည်း အားကောင်းမောင်းသန်တွေပါဗျာ ။ * ကဲ ဒေါ်စုရေ စကားလည်းရှည်သွားပြီ နောက်မှထပ်တွေ့ကြတာပေါ့ ။

No comments: