Sunday, August 23, 2015

ဦးသန်းရွှေကြီးကို တရားစွဲမယ်ဘာညာဆိုတော့ ဘယ်ဟာကို အကြောင်းပြုပြီး စွဲမှာလည်းပေါ့ ..

ဦးသန်းရွှေကြီးကို တရားစွဲမယ်ဘာညာဆိုတော့ ဘယ်ဟာကို အကြောင်းပြုပြီး စွဲမှာလည်းပေါ့ .. စိတ်ဝင်တစားနဲ့ဖတ်ကြည့်ပါတယ် လွှတ်တော် မခေါ်လို့တဲ့ ... အဲဒီမှာတင် သောက်တလွဲဖြစ်ရောပြောရမလိုပဲ... ကျန်တဲ့ ဟာတွေ အကြောင်းပြချက်ပေးရင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၀န်းရံကြမည်သူတွေ ဘာတွေ အတွက်အလုပ်ရဦးမယ် ခုဟာက ဘယ်သူမှအလုပ်မရဘဲ ဒီတိုင်းပြီးမည့်ကိစ္စကြီး..... ပထမ အချက် လွှတ်တော်ခေါ်ရအောင်က ခြေဥမရှိလိုပါဆိုပြီး ဟိုကပြောလိမ့်မယ်.... ဒီလိုပြောရင် ၄၇ ဥပဒေတို့ ၇၄ တို့ရှိတယ်ဆိုပြီး ပြောမည်မကြံနဲ့ဦးဗျ.. ၄၇ က ၁၀ နှစ်ပြည့် ဘာဖြစ်နိုင်တယ်ဆိုတဲ့ အပိုဒ်ကိုကြည့် ပြည်ထောင်စုပြိုကွဲနိုင်တယ် ဒီတော့ ၄၇ အရအစိုးရဖွဲ့လို့ ကမဖြစ်နိုင်ဘူး..... ဒီတော့ ၇၄ လို့ ပြန်မပြောနဲ့ ၇၄ ဆိုတာကြီးက တစ်ပါတီစနစ်ဗျ ... တစ်ပါတီစနစ်မကြိုက်လို့ ကျောင်းသားတွေ လမ်းပေါ်ထွက်ရတာပါ ပြည်သူတွေ လမ်းပေါ်ထွက်လာရတာပါဆိုတဲ့စကားနဲ့ ကြည့်ရင် ၇၄ က အဆင်မပြေနိုင်ဘူး... ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိဘဲ အစိုးကို ဘယ်လိုမှ ဖွဲ့မရနိုင်လို့ ခြေဥရေးကြအောင်ဆိုတော့ ကန့်လန့်တိုက်ပြီး ဘေးထိုင်နေခဲ့ကြပြီးတော့ ၁၈ နှစ်လောက်အကြာပေါ်ထွက်လာတဲ့ ခြေဥနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲကြီးလုပ်ခဲ့ကြတာ ခုဆို ၉၀ခုနှစ်နဲ့ တွက်ရင် နှစ် ပေါင်း ၂၅ တောင်ရှိတော့မယ်...ခုမှ တရားစွဲမယ်ဆိုတော့ တရားမနဲ့လား /ပြစ်မှုနဲ့လားဗျာ..... ဒါတွေကထားလိုက်ပါတော့.... တရားစွဲမယ်ဆိုလည်း တခြား အကြောင်းပြချက်နဲ့ စွဲပါလားဗျာ ဘာပဲပြောပြော ၀န်းရံပေးကြမည့်သူတွေ အတွက် ပြောရဆိုရတာ စကားလုံးလှတာပေါ့ ခုဟာက ၀န်းရံမည့်သူတွေတောင် ကြောင်စီစီနိုင်မည့် အကွက်တွေက မလန်းပါဘူး.... တရားရေးမဏ္ဍိုင် ဘာဖြစ်နေတယ် ညာဖြစ်နေတယ်ဆိုပြီး သောက်ဖောင်းထုချင်ရုံတစ်ခုတည်းနဲ့ လျှောက်မလုပ်ပါနဲ့ လမ်းမပေါ်ကားကြပ်တာပဲ အဖတ်တင်ပါတယ်...... အောင်ရဲစိုး-ဥပဒေ

No comments: