Friday, August 21, 2015

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ ကော့မှူးဒေသခံအချို့ကို ငွေပေး၍ စည်းရုံးနေဟုဆို ===============

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ ကော့မှူးဒေသခံအချို့ကို ငွေပေး၍ စည်းရုံးနေဟုဆို =============== တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေသည် ပြည်ခိုင်ဖြိုး ပါတီမှ လာမည့်ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ကျေးရွာအချို့တွင် ငွေကြေးပေးကမ်းစည်းရုံးနေကြောင်း ကော့မှူးမြို့ခံများ၏ ပြောဆိုချက်အရသိရသည်။ ''ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကပဲ ဘုန်းကြီးပျံတခုကို လာပြီး သိန်း ၅၀ လှူသွားတယ်။ ပြီးတော့ ကျေးရွာတွေဆင်းပြီး တယောက်ကို တသောင်း၊ နှစ်သောင်းပေးတယ်လို့သိရတယ်။ ဒါက ဦးခင်ရွှေက ငွေပေးပြီး စည်းရုံးတဲ့အနေအထားမျိုးတွေ့ရ တယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာတော့ သူပြန်ရဖို့များတယ်''ဟု ၎င်းကပြောသည်။ ကော့မှူးဒေသခံများ၏ အဆိုအရလာမည့် ရွေးကောက်ပွဲတွင် ဒေသခံအများ စု မဲပေးရာတွင် မဲပေးနည်းစနစ် များ နားမလည်ခြင်း၊ ၀င်ရောက်ယှဉ်ပြိုင်မည့်ပါတီ များပြားခြင်းကြောင့် မဲပြန့်မှုများ ပယ်မဲဖြစ်မှုများရှိနိုင်ကြောင်း၊၂၀၁၂ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တခုတည်းအတွက်သာ မဲပေးရခြင်းဖြစ်၍ လွယ်ကူရှင်း လင်းစွာ မဲပေးရွေးချယ်ခဲ့ကြကြောင်း၊ ယခု ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ ရှင်းလင်းပြတ်သားစွာမဲပေးနိုင်ရန် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများက ယခုထက်တိုင် မဲပေးနည်းစနစ်များအား မဲဆန္ဒရှင်များသို့ သင်ကြားဖြန့် ဝေခြင်းမရှိခြင်းကြောင့် သိရှိရသည်။ ''အခု ရွေးကောက်ပွဲမှာတော့ ၀င်ပြိုင်မယ့်ပါတီတွေများလာတော့ မဲဆန္ဒရှင်တွေက နဂိုကတည်းကမှ မဲဆန္ဒနယ် တခုအတွက် မဲပေးတာတောင် မှားပြီး ပယ်မဲတွေဖြစ်နေတာ အခုဆို ပိုဆိုးနိုင်တယ်။ ပြီးတော့ NLD နဲ့ ပြည်ခိုင် ဖြိုးက တိုင်းဒေသကြီး မဲဆန္ဒနယ်တွေမှာ သူတင် ကိုယ်တင် အားပြိုင်နေတယ်။ နှစ်ပါတီစလုံး ရွေးထားတဲ့ ကိုယ် စားလှယ်တွေကို ရွာတော်တော်များများက မကြိုက်ကြဘူး။ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မယ့် ပြည်သူ့လွှတ် တော်အတွက်ပဲ လွတ်လွတ်ကျွတ်ကျွတ်နိုင်မှာ။ ကျန်တာမဲပြန်ပြီး ကြားပါတီတွေရသွားနိုင်တယ်''ဟု ကော့မှူးမြို့ ခံ ကိုမင်းမင်းက ပြောသည်။ NLD ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြ သော ဒေါ်သန္တာအေး၊ ဦးဇော်မင်းအောင်နှင့် အမျိုးသားလွှတ်တော်တွင် ဦးကျော်ထွေးတို့ NLD ကိုယ်စားပြုအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်မည့် ဦးကျော် ဇင်ဟိန်း၊ တိုင်းဒေသကြီးတွင် ဦးဝင်းနိုင်ထွန်း(ဦးရွှေဘော်)၊ ဦးမြင့်ကြိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တွင် ဦးခင်ရွှေတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ဒေါ်နုနုရီနှင့် ဒေါ်စိုးစန္ဒာနိုင်တို့ တိုင်းဒေသကြီး မဲဆန္ဒနယ်များတွင်သာ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကိုဗညား

No comments: