Friday, August 21, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆာဟိရှင်ဘွန်း သတင်းဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများကိုဖြေကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆာဟိရှင်ဘွန်း သတင်းဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများကိုဖြေကြား နေပြည်တော်၊ သြဂုတ်- ၂၁ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီတွင် ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းသတင်းဌာန၊ ရန်ကုန်ဌာနခွဲမှ အကြီးအကဲဖြစ်သူ Mr. Makoto Igarashi အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေးနှင့် တပ်မတော်၏အခန်းကဏ္ဍ၊ မကြာမီကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲကာလအလွန် အခြေအနေများ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝဘေးဒဏ်များတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် နိုင်ငံတကာတပ်မတော် များ၏ ဆက်ဆံရေးအခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းမှုများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဘောထားအမြင်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆာဟိရှင်ဘွန်းသတင်းစာသည် ဂျပန်နိုင်ငံတွင် ရှေးအကျဆုံးပုဂ္ဂလိက သတင်းစာတစ်ခုဖြစ်ပြီး ပထမဆုံးသတင်းစာကို ၁၈၇၉ ခုနှစ်၊ ဇန်န၀ါရီ ၂၅ ရက်တွင် အိုဆာကာမြို့၌ စတင်ထုတ်ဝေခဲ့ကြောင်း၊ မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးတွင် ရုံးခွဲ ၂၉ ခုဖွင့်လှစ်ထားရှိပြီး လက်ရှိနေ့စဉ် နံနက်ပိုင်းသတင်းစာ ၇.၇ သန်းနှင့် ညနေပိုင်းသတင်းစာ ၂.၉ သန်း ထုတ်ဝေလျက်ရှိကြောင်း သိရှိရသည်။

No comments: