Sunday, August 30, 2015

အမြင်ကျဉ်းနေသေးတဲ့ ပူတာအို၊ ဆွမ်ပရာဘွမ် ဒေသခံတွေကို အသုံးချလိုက်တဲ့ KIA တပ်မဟာ(၁)

အမြင်ကျဉ်းနေသေးတဲ့ ပူတာအို၊ ဆွမ်ပရာဘွမ် ဒေသခံတွေကို အသုံးချလိုက်တဲ့ KIA တပ်မဟာ(၁) ========================================= 29, August, 2015 By Kachin People ကချင်ပြည်နယ်အတွင်း လှုပ်ရှားနေသော KIA မှာလည်း ၂၀၁၁ ဇွန်လမှစတင်ကာ တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် လူ/လက်နက်ခဲယမ်းများ၊ ရှေ့တန်းစခန်းများ၊ ရင်းဌာနချုပ်များ၊ မှောင်ခိုစီးပွားရေးလုပ်ကိုင်လျှက်ရှိသော လမ်းကြောင်းများကို လက်လွှတ်လိုက်ရပြီး၊ ဒေသခံများ သောင်းနှင့်ချီ ဒုက္ခရောက်ခဲ့ ကြသည်။ ထို့ကြောင့် KIA သည် ဒုက္ခသည်များ အကြောင်းပြကာ ပြည်ပအထောက်အပံ့များကို ပိုမိုတောင်းခံလာပြီး ပြည်တွင်းမှလည်း စီးပွားရေးလုပ်ငန်းရှင်များဆီမှ အခွန်(ဆက်ကြေး)များကို တိုးမြှင့်ကောက်ခံခဲ့သည်။ လူသစ်စုဆောင်းရန်အတွက် ကချင်ပြည်နယ်အတွင်း ကြိုးစားလာချိန် တွင် အမြင်ကျယ်လာသော ဒေသခံပြည်သူများက လက်နက်ကိုင်သောင်းကျန်းမှုကို ဆန့်ကျင် လာကြသည်။ ထို့ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျသော အမြင်ကျဉ်းမြောင်း နေသေးသော ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသရှိ ဒေသခံများအား စည်းရုံးသိမ်းသွင်းရတော့သည်။ ပူတာအိုဒေသရှိ ဒေသခံများမှာ အလွန်ရိုးသားကြပြီး ရှေ့လူမှ ဒါဆို ဒါကိုပဲ ယုံကြည်ကြပြီး လိုက်လုပ်ကြသော အကျင့်ရှိသည်။ ထိုအချက်ကို KIA ခေါင်းဆောင်ပိုင်းမှ ကောင်းကောင်း အသုံးချခဲ့ကြသည်။ ထို့ကြောင့် KIA ရှေ့တန်းတပ်စခန်းများနှင့် လှုပ်ရှားတပ်ရင်းမှာတွင် ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသမှ ရဲဘော်များသာ ထားရှိကြသည်။ KIA သည် အာဏာတည်မြဲရေးအတွက် စီးပွားရေးကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အတွင်းရှိ ရိုးသားသော ဒေသခံများအပြင် အခြားတိုင်းရင်းသား လူမျိုးများကိုပါ အသုံးချခဲ့ပါသည်။ စစ်ပွဲများကို ဆင်နွှဲခဲ့သည်။ ထောင်ပေါင်းများစွာသော ဒေသခံများကို ဒုက္ခသည် ဘ၀သို့ တွန်းပို့ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတမှ ဖိတ်ခေါ်ထားသော NCA လက်မှတ်ထိုးရေးကို တက်ရောက်စေလိုကြောင်း၊ အခြားတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များက လက်မှတ် ထိုးရန်အသင့်ရှိသည်ဟု ဆိုထားသောကြောင့် KIA အနေဖြင့် လက်မှတ်ထိုးရန်လိုအပ်ကြောင်း၊ ပြည်တွင်းနေ ကချင်ဒေသခံများ၊ ထောင်သောင်းမက ဒုက္ခသည်များ၊ အောက်ခြေကရဲဘော် များအား စာနာထောက်ထား၍ ထာဝရဘုရားသခင်၏ အလိုတော်ကျ လိုက်နာဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါကြောင်း ကချင်ဒေသခံများက တောင်းဆိုထားပါသည်။

No comments: