Sunday, August 23, 2015

၂၂.၈.၂၀၁၅ ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်မှာ လုံးခင်းအသွား နန့်တိန်နှင့်ခုနှစ်မိုင်အကြားတွင် ခမရ(၄၂၁)မှ ဒုတပ်ကြပ် မောင်ဌေး၏ လူမဆန်စွာ ပစ်သတ်ခြင်းခံရသည့် မိုးကောင်း နတ်ကြီးကုန်းရပ်ကွက် မှ တုန်းဖုံး ယျဉ်နောက်လိုက် ကိုရတနာထွန်း အသက် (၂၂)ရဲ့ ရင်နာစရာမြင်ကွင်းပါဗျာ

၂၂.၈.၂၀၁၅ ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်မှာ လုံးခင်းအသွား နန့်တိန်နှင့်ခုနှစ်မိုင်အကြားတွင် ခမရ(၄၂၁)မှ ဒုတပ်ကြပ် မောင်ဌေး၏ လူမဆန်စွာ ပစ်သတ်ခြင်းခံရသည့် မိုးကောင်း နတ်ကြီးကုန်းရပ်ကွက် မှ တုန်းဖုံး ယျဉ်နောက်လိုက် ကိုရတနာထွန်း အသက် (၂၂)ရဲ့ ရင်နာစရာမြင်ကွင်းပါဗျာယျဉ်တန်းတွေကြပ်လို့သူတို့လမ်းရှင်းပေးနေတာကိုလက်ခံပါတယ် အခုသေဆုံးသူကရိုင်းစိုင်းခဲ့သည်ရှိသော် ရိုက်နက်တာဖြစ်ဖြစ် သေနတ်မိုးပေါ်ထောင်ဖောက်တာဖြစ်ဖြစ်လုပ်လို့ရပါတယ် လက်နက်မဲ့ပြည်သူကို အခုလိုပစ်ရဲတဲ့ သတ္တိတော်တော်ကောင်းတယ် ဦးနေဝင်းရဲ့စကားအတိုင်းအခုထိလုပ်နေကြသေးတာပေါ့ စစ်သားဆိုတာမိုးပေါ်ထောင်မဖောက်ဘူး မှန်အောင်ပစ်တယ်ဆိုတာအပြစ်မဲ့လူတစ်ယောက်ကို ရက်ရက်စက်စက်ခေါင်ကိုပစ်တဲ့သူကိုအရေးမယူတဲ့အပြင် မျက်မြင်သက်သေ ဒရိုင်ဘာကို နှုပ်ပိတ်တဲ့အနေနဲ့ ငွေဆယ်သိန်းပေးပြီး အခုသေဆုံးသူဟာ ဓါးနဲ့ခုတ်၍ပစ်ရပါတယ်လို့ ကျူးလွန်သူ ဒုတပ်ကြပ်မောင်ဌေး၏ အထက်အရာရှိဗိုလ်ကြီးက အတင်းထွက်ဆိုခိုင်းနေပါတယ်မိုက်ရိုင်းချက်အဲ့လိုလုပ်လို့ရကြေးဆို ငွေဆယ်သိန်းပေးပြီး ကျနော်တို့လဲခင်ဗျာကိုပြန်ပစ်မယ် ရမလားလို့မေးလိုက်ချင်တယ်မလိမ္မာရင် ပြောဆိုရိုက်နက်ဆုံးမလို့ရပါတယ်သေနတ်လေးလက်ထဲကိုင်ထားပြီး လူမိုက်အလုပ်လုပ်နေတဲ့သူတွေကို စစ်ထဲထည့်ထားတယ်အခုကိစ္စ ဒီအတိုင်းပြီးလိမ့်မယ်မထင်နဲ့နော် အခုပုံတောင်သူတို့ဖုန်းတွေလိုက်သိမ်းနေတဲ့ကြားကတာဝန်သိကားဆရာတစ်ယောက်က ခိုးရိုက်ခဲ့လို့ကျနော်တို့တွေ့မြင်နေရတာပါ အခုသေဆုံးသူမှာ မိန်းမနဲ့တစ်နှစ်အရွယ်သမီးတစ်ယောက်ကျန်ရစ်ခဲ့တယ် ဘယ်လောက်စိတ်ဒုတ်ခရောက်ကြမလဲလို့ကိုရတနာထွန်းရေ့ဖြစ်လေရာ ဘဝတိုင်းလူမဆန်တဲ့အာဏာရူးတွေနဲ့သူတို့၏တပည့်နောက်လိုက်တွေရဲ့ ရက်စက်စွာအနိုင်ကျင့်ယုတ်မာခံရခြင်းမှကင်းဝေးပါစေလို့ဆုတောင်းပေးပါတယ်ကောင်းရာသုဂတိလာ

ko mg  facebook မှ

No comments: