Monday, August 24, 2015

ဒေသခံရွာသူတစ်ဦး KIAအဖွဲ့မှ ထောင်ထားသောမိုင်း နင်းမိသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ

ဒေသခံရွာသူတစ်ဦး KIAအဖွဲ့မှ ထောင်ထားသောမိုင်း နင်းမိသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ 22-8-2015 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာ၊ ဂျာမိုင်ရပ်ကွက်နေ ဒေသခံ ရွာသူတစ်ဦး မျှစ်ချိုးသွားရာ KIA အဖွဲ့မှ ထောင်ထားသောမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဂျာမိုင်ရပ်ကွက်နေ မသန္တာ ၃၆ နှစ်သည် ယောက္ခမဖြစ်သူ ဒေါ်ဂျာအောင်နှင့်အတူ ကံဆီးကျေးရွာအနီးတောအတွင်းသို့ မျှစ်ချိုးသွားရာ ကံဆီးရွာဟောင်း မြောက်ဘက် ၄ မိုင်ခန့်တွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးနင်းမိ ပေါက်ကွဲခဲ့သဖြင့် ညာခြေသလုံး အရိုးကျိုး ၊ ၀ဲဘက်ခြေသလုံး ၆ လက်မခန့် ပေါက်ပြဲဒဏ်ရာ မိုင်းစထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံရွာသား တစ်ဦးထံသိရသည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်း အဖွဲ့များ တိုက်ပွဲများဖြစ်ပွားပြီးနောက် KIA အဖွဲ့မှ မိုင်းထောင်ခြင်းများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာ သည်ဟု အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောပြသည်။ ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏဖြစ်ပွား လျက်ရှိခြင်းကြောင့် ဒေသခံများအနေဖြင့် ကျေးရွာများအတွင်းမှ ၎င်းတို့၏ တောင်ယာလုပ်ငန်းများလုပ်ကိုင်ရန် သွားရောက်ရာတွင် ဘယ်အချိန် မိုင်းနင်းမိမလဲ ဆိုသည့် စိုးရိမ်စိတ်တွေနဲ့ ၎င်းတို့၏ စားဝတ်နေရေးကို အသက်နှင့်ရင်းပြီး ဖြေရှင်းနေရကြောင်း မိုးကောင်းမြို့နယ် တွင်းရှိ ကျေးလက်ဆေးပေးခန်းမှ ဆေးဝန်ထမ်းတစ်ဦးမှ ပြောပြ ခဲ့ပါသည်။ ဆိုင်နော်(ဖားကန့်) ဒေသခံရွာသူတစ်ဦး KIAအဖွဲ့မှ ထောင်ထားသောမိုင်း နင်းမိသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ 22-8-2015 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာ၊ ဂျာမိုင်ရပ်ကွက်နေ ဒေသခံ ရွာသူတစ်ဦး မျှစ်ချိုးသွားရာ KIA အဖွဲ့မှ ထောင်ထားသောမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဂျာမိုင်ရပ်ကွက်နေ မသန္တာ ၃၆ နှစ်သည် ယောက္ခမဖြစ်သူ ဒေါ်ဂျာအောင်နှင့်အတူ ကံဆီးကျေးရွာအနီးတောအတွင်းသို့ မျှစ်ချိုးသွားရာ ကံဆီးရွာဟောင်း မြောက်ဘက် ၄ မိုင်ခန့်တွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးနင်းမိ ပေါက်ကွဲခဲ့သဖြင့် ညာခြေသလုံး အရိုးကျိုး ၊ ၀ဲဘက်ခြေသလုံး ၆ လက်မခန့် ပေါက်ပြဲဒဏ်ရာ မိုင်းစထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံရွာသား တစ်ဦးထံသိရသည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်း အဖွဲ့များ တိုက်ပွဲများဖြစ်ပွားပြီးနောက် KIA အဖွဲ့မှ မိုင်းထောင်ခြင်းများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာ သည်ဟု အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောပြသည်။ ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏဖြစ်ပွား လျက်ရှိခြင်းကြောင့် ဒေသခံများအနေဖြင့် ကျေးရွာများအတွင်းမှ ၎င်းတို့၏ တောင်ယာလုပ်ငန်းများလုပ်ကိုင်ရန် သွားရောက်ရာတွင် ဘယ်အချိန် မိုင်းနင်းမိမလဲ ဆိုသည့် စိုးရိမ်စိတ်တွေနဲ့ ၎င်းတို့၏ စားဝတ်နေရေးကို အသက်နှင့်ရင်းပြီး ဖြေရှင်းနေရကြောင်း မိုးကောင်းမြို့နယ် တွင်းရှိ ကျေးလက်ဆေးပေးခန်းမှ ဆေးဝန်ထမ်းတစ်ဦးမှ ပြောပြ ခဲ့ပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: