Thursday, August 27, 2015

တရားမ၀င် သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်များ သိမ်းဆည်းရမိ

တရားမ၀င် သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်များ သိမ်းဆည်းရမိ နေပြည်တော် ၊ သြဂုတ် ၂၇ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လမ်းလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းမှ ကာမိုင်း-ဖားကန့်ဘက်သို့ ယာဉ်မောင်း ကိုလတ်(၂၈)နှစ် (ဘ)ဦးမောင်မောင် ရွှေဘိုမြို့နယ်နေထိုင်သူ မောင်းနှင်လာသော ယာဉ်အမှတ်၊ လ/၉၈၁၇ ယူဒီအမျိုးအစား ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ ဆီပေပါအခွံ(အသစ်) ၆၅ လုံးအတွင်း ၀ှက်၍ သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်(မြေဆီ) ၂၆၀ အိတ် ကာလတန်ဖိုး ကျပ်သိန်း ၁၃၀ ခန့်အား သိမ်းဆည်းရမိခဲ့ပြီး ရဲစခန်းသို့ အပ်နှံကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: