ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)အဖြစ် ခန့်အပ် Friday, August 21, 2015 ရန်ကုန်- ဗိုလ်ချုပ်ကြီးခင်အောင် မြင့်အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးကို သြ ဂုတ် ၁၈ ရက်တွင် ခန့်အပ်လိုက် ကြောင်း သတင်းရရှိသည်။ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ရန် မကြာသေးမီက အနားယူသွား ခဲ့ပြီးနောက် လစ်လပ်နေသော တပ်မတော်၏ နံပါတ် (၃)အဆင့် ရာထူးကို ကာကွယ်ရေးဦးစီးချုပ် (လေ) တာဝန်ထမ်းဆောင်နေ သော ဗိုလ်ချုပ်ကြီးခင်အောင်မြင့် အား ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်နှင့် နီးစပ်သူများက ပြောသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးခင် အောင်မြင့်သည် မူလတာဝန်ဖြစ် သည့် ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)တို့ကို ပူးတွဲ တာဝန်ယူထမ်းဆောင်နေကြောင်း သတင်းရရှိသည်။ ယခင်က ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ) ရာထူးကို ကြည်းတပ်မှ ဗိုလ်ချုပ်ကြီးများ အ များဆုံး တာဝန်ပေးအပ်ခြင်းခံရ လေ့ရှိပြီး ယခုကဲ့သို့ လေတပ်မှ ဗိုလ်ချုပ်ကြီးအား တာဝန်ပေးအပ်ခြင်းမှာ နည်းပါးကြောင်း တပ်မတော်နှင့် နီးစပ်သူများက ပြောသည်။ တပ်မတော်မှ အငြိမ်းစား ယူ၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သူ ၅၉ ဦးရှိပြီး ၎င်းတို့၏ ရာထူးနေရာများအတွက် တပ်မ တော် အရာရှိ ၄၅ ဦးအား သြဂုတ် ၁၀ ရက်တွင် ရာထူးတိုးခန့်အပ်ပေးခဲ့သည်။ 7Day Daily
No comments:
Post a Comment