Friday, August 21, 2015

NCA စာချုပ်တိုင်းရင်းသားတွေ လက်လွှတ်ခံမှာလား

NCA စာချုပ်တိုင်းရင်းသားတွေ လက်လွှတ်ခံမှာလား Friday, August 21, 2015 ကမ်္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်မီးကို သမ်္မတ ဦးသိန်းစိန်လက် ထက်တွင်အပြီးသတ်ငြှိမ်းသတ်နိုင်ရန်အတွက် လာမည့်စက်တင်ဘာ ဒုတိယပတ်အတွင်း တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးရန် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ကို ဖိတ်ခေါ်ထားရာ ဖိတ်ခေါ်ခံထားရသော တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ယင်းစာချုပ်တွင် လက်မှတ်ထိုးနိုင်မည့် အခွင့်အလမ်းကိုလက်လွှတ်ခံနိုင်ပါ့မလားဆိုသည့် အချက်မှာ မေးခွန်းထုတ်စရာဖြစ်လာသည်။ ““အခုရထားသလောက်ဆိုရင် တိုင်းရင်းသားတွေလည်းအကျိုးပြုစီးပွားရေးတော်တော်များများရတယ်။ ဒီအကျိုးစီးပွားတွေလက်လွတ်မခံ ဖို့တော့ ဆုံးဖြတ်ထားတယ်။ အခု ၁၅ ဖွဲ့ကို လက်မှတ်ထိုးဖို့ဖိတ်ခေါ်ထား တယ်။ ကျန်တဲ့အဖွဲ့တွေက စာရင်းမ၀င်တဲ့အုပ်စုနဲ့ ပဋိပက်္ခဖြစ်တဲ့ အုပ်စု ကျန်မယ်။ ဒါတွေနောက်ပိုင်းဆက် သွားရမှာ””ဟု တိုင်းရင်းသားလက်နက် ကိုင်များ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD)အဖွဲ့ဝင်ဗိုလ်မှူးကြီး ခွန်ဥက်္ကာက ပြောသည်။ သြဂုတ် ၇ ရက် ရန်ကုန်မြို့မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်ခဲ့ သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့်အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD) တို့ ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချပ်(NCA)ကို အပြီးသတ်သဘောတူညီခဲ့သည် ဟုဆိုသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေ ဖြင့် အလုံးစုံ ပါဝင်လက်မှတ်ထိုးနိုင်ရေးကိုတောင်းဆိုထားသည်။ ယင်းတောင်ဆိုမှုအပေါ် မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိ သူများက အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့နှင့် ကနဦး လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး ကျန်ရှိသော အဖွဲ့အစည်းများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။ သြဂုတ် ၁၁ ရက်တွင် သမ်္မတဦးသိန်းစိန်က ယခင်စစ်အစိုးရလက် ထက်အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့၊ ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) တို့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် ဖိတ်ကြားခဲ့သည်။ ““အခုဖိတ်ကြားထားတဲ့ အဖွဲ့ ၁၅ ဖွဲ့ကတော့ လက်မှတ်ထိုးဖြစ်ဖို့များ ပါတယ်။ ကျန်တဲ့အဖွဲ့တွေအတွက် ထိုးစစ်မဆင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ ပါဝင်ခွင့်ရဖို့၊ မတရားအသင်းကနေပယ်ဖျက်ပေးဖို့ တောင်းဆို သွားဖို့ရှိပါတယ်”” ဟု အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။ သြဂုတ် ၁၄၊ ၁၅ ရက်တို့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကောင်မတီ ငါးကြိမ် မြောက်အရေးအပေါ်အစည်းအဝေး အပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ (KNU) ၏ ထုတ်ပြန်ချက်အပြီး သြဂုတ် ၁၇ ရက်၌ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရက်တစ် အကျိုးပြုတပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီKNU/KNLA-PC ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) လေးဖွဲ့က အစိုးရဖိတ်ခေါ်သော (NCA) စာချုပ်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ကြောင်း ယင်းလက်နက်ကိုင် လေးဖွဲ့က သတင်းမထုတ်ပြန်မီ သြဂုတ်လဆန်းပိုင်းတွင် သမ်္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် နေပြည်တော်၌သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ““အစိုးရဖိတ်ခေါ်တဲ့ ၁၅ ဖွဲ့ထဲက တစ်ဖွဲ့ချင်းအစည်းအဝေးထိုင် ပြီးမှ ဆုံးဖြတ်တာ။(KIA) ကတော့ ဒီနေ့အစည်းအဝေးလုပ်တယ်။ မနက်ဖြန်မှာ မွန်ကအစည်းအဝေးလုပ်မယ်”” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ သြဂုတ် ၁၇ ရက်တွင် ပြောသည်။ သြဂုတ် ၁၇ ရက်တွင် ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က ဒေသခံလူထုနှင့် တွေ့ဆုံကာ (NCA) စာချုပ်ပါအချက်များ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၈ ရက်၌မွန်ပြည်သစ်ပါတီက အစိုးရနှင့် လက်မှတ်ထိုး နိုင်ရေးဆွေးနွေးကြမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။ အစိုးရပိုင် သတင်းစာများကမူ(NCA) စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သဘော တူလက်မှတ်ရေးထိုးနိုင်လိမ့် မည်ဟု ထုတ်ဖော်ရေးသားကြသည်။ ယင်းအပြင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားချုပ်ဆိုသော တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အများပြည်သူလေ့လာနိုင်ရန်လည်း ဖော်ပြထားသည်။ (NCA) စာချုပ်တွင် အခန်းပေါင်း ခုနစ်ခန်း၊ အပိုဒ်ပေါင်း ၃၃ ပိုဒ်၊ အပိုင်ခွဲ ငယ်ပေါင်း ၁၄၃ ပိုဒ်နှင့် ထပ်ဆင့် အပိုဒ်ခွဲငယ်ပေါင်း ရှစ်ခုပါဝင် ကြောင်းတွေ့ရသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD) တို့ ကိုးကြိမ်မြောက်အစည်းအဝေးအပြီး(NCA) စာချုပ်လက်မှတ်ရေးထိုးရာ တွင် သမ်္မတကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် လက်မှတ် ရေးထိုးရန် သဘောတူညီခဲ့ကြသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အသိသက်သေအဖြစ်လက်မှတ် ရေးထိုးရန် ကမ်းလှမ်းထားသည်။ သို့သော် (NCA) စာချုပ်ပါလက်မှတ်ရေးထိုးမည့်နေရာ တွင် ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား၊ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်မှ ခေါင်းဆောင်များဟု အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထား သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၅ ဖွဲ့နှင့် လက်မှတ်ရေးထိုးပြီး ကျန်ရှိနေသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှ မောင်ရွှေက ““အားလုံးပါဝင်ရေးကို အစိုးရကမူအားဖြင့် သဘော တူညီပေမယ့် လက်တွေ့ဆန်ပြီး (NCA) စာချုပ်ပါ အချက်တွေကို ချက်ခြင်းဆောင်ရွက်မယ့် အဖွဲ့ ၁၅ ဖွဲ့ကို ပထမအဆင့် ဖိတ်ခေါ်တာလို့ နားလည်ရပါတယ်။ ကျန်တဲ့အထဲက ပဋိပက်္ခမရှိတဲ့ (LDU, WNO,ANC) တို့ကို နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်နိုင်ဖို့ ဖိတ်ကြားခဲ့တာ လည်းတွေ့ရပါတယ်။ TNLA ကိုလည်းBi-Leteral ဆက်ဆွေးနွေးဖို့နဲ့ Bi-Leteral Agrement တွေရလာပြီးရင် NCA လက်မှတ်ထိုးဖို့ပါ”” ဟု ၎င်းင်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုထားသည်။ အစိုးရနှင့် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့၊ ပဋိပက်္ခမရှိသောအဖွဲ့၊ ပဋိပက်္ခ ပြည်နယ်အဆင့်သဘောတူညှိနှိုင်းသည့်အဖွဲ့ဟူ၍ သုံးဖွဲ့သတ်မှတ်ထားကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ဆိုသည်။ ““ ၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ရေးထိုးဖို့ ကိုးကန့်၊ AA နဲ့ ပေါင်းပြီး အစိုးရကို ကမ်းလှမ်းခဲ့ တယ်။ ဘာမှအကြောင်းမပြန်သေးဘူး။ အစိုးရက ၁၅ ဖွဲ့နဲ့ လက်မှတ်ထိုးမယ့် မူဝါဒကိုင်စွဲထားသလို ကျွန်တော် တို့တိုင်းရင်းသားတွေဘက်ကလည်း အားလုံးပါဝင်ရေးမူကို ကိုင်စွဲ ထားပါတယ်”” ဟု တအာင်န်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ ပြန်ကြားရေးတာဝန်ခံဗိုလ်ကြီး မိုင်အိုက်ကျော်က ပြောသည်။ သြဂုတ် ၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော(TNLA, AA) နှင့် (MNDAA) တို့က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးလိုကြောင်း ကမ်းလှမ်းထား သော်လည်း အစိုးရမှ တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးကြောင်း ၎င်းင်းက ပြောသည်။ ပဋိပက်္ခအဆင့်ဝင်အဖြစ် သတ်မှတ်ထားသည့် တအာင်န်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ရကိ္ခုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA) တို့နှင့် မကြာ ခဏ ထိတွေ့တိုက်ပွဲများဖြစ်ပေါ်နေသည်။ ““တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ အားလုံးပါဝင်ရမှာပေါ့။ ကျန်တဲ့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တချို့ကို အစိုးရကလက်မခံဘူး ဖြစ်နေတာပေါ့။ ချန်တဲ့အဖွဲ့ချန်ထားရင် ပြည်တွင်းစစ်မီးပွားကလေးကနေ ပြန်စတာတွေရှိလာမယ်”” ဟု ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA) မှ အထွေထွေ အတွင်းရေးမှူး ဦးခွန်ဆိုင်းက ပြောသည်။ လှုပ်ရှားမှုနယ်မြေ၊ တပ်အင်အားနဲ့ ပါတီစသည့်အချက်များနှင့်ကိုက်ညီမှုမရှိသည့် လက်နက်ကိုင်အဖွဲ့ အစည်းများအတွက် အစိုးရနှင့်NCA စာချုပ်တွင်လက်မှတ်ရေးထိုးရန် အဟန့်အတားဖြစ်နေကြောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဆိုသည်။ အစိုးရကNCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ်ခေါ် ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) က သြဂုတ် ၁၇ ရက်၌ NCA စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန်နှင့် ကျန်ရှိသည့်အဖွဲ့အစည်းများအတွက်နိုင်ငံရေး၊ စစ်ရေး အာမခံချက်ရရှိရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။ ““ကျွန်တော်တို့က တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိုလုပ်နေတာ။ ဒီလိုလုပ်နေတာဟာ စုစည်းနေတဲ့ တိုင်းရင်းသားအင်အားစုကိုခွဲပြီး တော့ တိုက်တယ်ဆိုတဲ့ သဘော၊ ချေမှုန်းချင်တဲ့ သဘောလို့ပဲ ခံစားမိ တယ်။ တချို့ကိုချန်ထားခြင်းအားဖြင့် ပြည်တွင်းစစ်ကအေးချမ်းသွားမှာမဟုတ်ဘူး””ဟု အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) မှ ဦးနိုင်ဟံသာက ပြောသည်။ အစိုးရမှ ဖိတ်ခေါ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက NCA စာချုပ်တွင်ပါဝင် လက်မှတ်ရေးထိုးရန် အချို့က သဘောတူထားပြီး ကျန်အဖွဲ့အစည်းများက ဆက်လက်ဆွေးနွေး နေဆဲဖြစ်သည်။ လာမည့် သြဂုတ် ၂၁၊ ၂၂၊ ၂၃ ရက်တို့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌တိုင်းရင်းသားလက်နက်ကိုင်ခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေးကြပြီး ယင်းမှတစ်ဆင့် နေပြည်တော်တွင် KNU ဥက္ကဋ္ဌ၊KIO ဥက္ကဋ္ဌ၊ှKNPP ဥက္ကဋ္ဌ။SSPP/SSAနာယက၊ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌတို့နှင့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့မှ နော် စီဖိုးရာစိန်၊ ပူဇင်ကျုံး၊ ဒေါက်တာ လာဂျာတို့ သမ်္မတနှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။ အစိုးရဘက်မှNCA စာချုပ်ကို ပြည်သူလူထုလေ့လာနိုင်ရန် အစိုးရပိုင်သတင်းစာများမှ တစ်ဆင့် ထုတ်ဖော်ပြသထားသည့်အချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ငါးဖွဲ့က NCA ကို လက်မှတ် ရေးထိုးရန်သဘောတူကြောင်း ထုတ်ပြန်ကြေညာထားသကဲ့သို့ အချို့ သော လက်နက်ကိုင်အဖွဲ့အစည်းများ က ပြည်တွင်းစစ်မီးတောက်အချို့ ချန်လှပ်ထားသဖြင့် အစိုးရအပေါ်ဝေဖန်မှုများကလည်း ရှိနေသည်။ အပစ်အခတ်ရပ်စဲရေးမှ တစ်ဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရာတွင် NCA စာချုပ် လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့အပါအ၀င် အခြားသော လက်နက် ကိုင်အဖွဲ့အစည်းများကို နိုင်ငံရေးဆွေးနွေးပွဲများ၌ ပါဝင်ခွင့်ပြုမည်ဟု တရားဝင်ပြောဆိုထားခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရရှိလာသည့် အခွင့်အရေး အပေါ်လက်မလွှတ်သင့် ကြောင်းနိုင်ငံရေးလေ့လာသူများက သတိပေး ပြောဆိုထားသည်။ Reporter News Journal

No comments: