Tuesday, August 25, 2015

ရေဘေးသင့်ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း အမြန်ဆုံးဖော်ဆောင်ရန် သမ္မတ ဦးသိန်းစိန်ပြော ---------------------------

ရေဘေးသင့်ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း အမြန်ဆုံးဖော်ဆောင်ရန် သမ္မတ ဦးသိန်းစိန်ပြော ------------------------------------------------------------ ရေဘေးသင့် ပြည်သူများ အသက်ရှင်ရပ်တည်နိုင်ရန် နောက်ဆက်တွဲ စီးပွားရေး၊ လူမှုရေးပြဿနာ များ မဖြစ်ပေါ်စေရေးကာကွယ်ဆောင်ရွက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ အမြန်ဖော်ဆောင်ပေးရန် လိုအပ်ဟု ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆိုင်ရာ ညှိနှိုင်းအစည်း အဝေး၌ သမ္မတ ဦးသိန်းစိန်က ပြောသည်။ စားရေး၊ နေရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် လမ်း၊ တံတားများကို ပြန်လည် ပြုပြင်ဆောင်ရွက်ပေးရန် နှင့်ရေဘေး သင့်ဒေသများ ပြန်လည်ထူထောင်ရေးကို အစိုးရက ဦးစီးဦးဆောင် ပြု၍ ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း လည်း ထည့်သွင်းပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လက ချင်းပြည်နယ်၊ စစ်ကိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းသည့် မိုးကြောင့် အိမ်ထောင်စု လေးသိန်းခန့်နှင့် လူဦးရေ တစ်ဆယ့်ခြောက်သိန်းကျော် ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံခဲ့ရပြီး နေအိမ်စုစု ပေါင်း တစ်သောင်း ခုနှစ်ထောင်ကျော် ပျက်စီးခဲ့ပါကြောင်း၊ စာသင်ကျောင်း ၅၂၈ ကျောင်းနှင့် ဘုန်းကြီးကျောင်းများအပါအ၀င် အခြားအဆောက်အဦပေါင်း ၅ ထောင်ခန့် ပျက်စီးခဲ့သည်၊ လယ်မြေဧက ၁၄ သိန်းကျော်ခန့် ရေနစ်မြုပ်ခဲ့သည့်အတွက် ယင်းအထဲမှ ခုနှစ်သိန်းခန့် ပျက်စီးခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်မှုဖြစ်စဉ် တစ်ခုလုံး ဆုံးရှုံးမှုအားလုံး၏ တန်ဖိုးမှာ ၁၆၅ ဘီလီယံခန့် ရှိမည်ဟု သိရသည်။ ဓာတ်ပုံ - MOI ဧရာဝတီ

No comments: