Monday, August 24, 2015

မူးယစ်ဆေးဝါးကို အကြောင်းပြကာ ဒေသခံလူငယ် ၉၅ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်

မူးယစ်ဆေးဝါးကို အကြောင်းပြကာ ဒေသခံလူငယ် ၉၅ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် 23-8-2015 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရွှေမှော်များ၌ လုပ်ကိုင်နေကြသော ဒေသခံလူငယ်များအား မူးယစ်ဆေးဝါးသုံးစွဲ သည်ဟု အကြောင်းပြကာ KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရွှေမှော် လုပ်သားထံမှ သိရသည်။ ဖားကန့်ဒေသ ကျောက်နှင့်ရွှေတူးဖော်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ ၎င်းလုပ်ငန်းများနှင့် ဆက်စပ်နေ သည့် ဈေးရောင်း/၀ယ်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူများနှင့်ကျဘမ်းလုပ်ကိုင်နေသူ ၉၅ ဦးအား မူးယစ်ဆေးဝါး အကြောင်းပြ၍ ဖမ်းဆီးသွားခဲ့ပြီး KIA စခန်းတစ်ခုဖြစ်သော ဂျာရာယန်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရွှေလုပ်သားတစ်ဦးမှ ပြောကြားခဲ့သည်။ KIA အဖွဲ့မှ ယခုကဲ့သို့ အဓမ္မစုဆောင်းထားသူများကို စစ်သင်တန်းသို့ အတင်းအကြပ် တက်ရောက်ခိုင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်းနှင့် အချို့မှာဒဏ်မခံနိုင်ဘဲ အသက်စွန့်ကာ ထွက်ပြေး လာခဲ့ကြကြောင်း ထွက်ပြေးလွတ်မြောက် လာသူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။ KIA အဖွဲ့သည် ဖားကန့်မြို့နယ်အတွင်းရှိ ရွှေမှော်များအတွင်း ဆက်ကြေးများကောက်ခံခြင်း၊ လူသစ် စုဆောင်း ခြင်းနှင့် ရွှေမှော်များနှင့် အနီးတစ်ဝိုက်တွင် မိုင်းများထောင်ထားခြင်းတို့ကြောင့် မှော်အတွင်း အလုပ်လုပ်ကိုင်နေကြသော လုပ်သား များ၏ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်းနှင့် ရွှေတူးဖော်လုပ်သားများမှာလည်း နေရပ်အသီးသီးသို့ ပြန်နေကြ ကြောင်း ဖားကန့်မြို့ခံတစ်ဦးမှလည်း ပြောကြား ခဲ့ပါသည်။ နော်ဂျာ မူးယစ်ဆေးဝါးကို အကြောင်းပြကာ ဒေသခံလူငယ် ၉၅ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် 23-8-2015 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရွှေမှော်များ၌ လုပ်ကိုင်နေကြသော ဒေသခံလူငယ်များအား မူးယစ်ဆေးဝါးသုံးစွဲ သည်ဟု အကြောင်းပြကာ KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရွှေမှော် လုပ်သားထံမှ သိရသည်။ ဖားကန့်ဒေသ ကျောက်နှင့်ရွှေတူးဖော်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ ၎င်းလုပ်ငန်းများနှင့် ဆက်စပ်နေ သည့် ဈေးရောင်း/၀ယ်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူများနှင့်ကျဘမ်းလုပ်ကိုင်နေသူ ၉၅ ဦးအား မူးယစ်ဆေးဝါး အကြောင်းပြ၍ ဖမ်းဆီးသွားခဲ့ပြီး KIA စခန်းတစ်ခုဖြစ်သော ဂျာရာယန်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရွှေလုပ်သားတစ်ဦးမှ ပြောကြားခဲ့သည်။ KIA အဖွဲ့မှ ယခုကဲ့သို့ အဓမ္မစုဆောင်းထားသူများကို စစ်သင်တန်းသို့ အတင်းအကြပ် တက်ရောက်ခိုင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်းနှင့် အချို့မှာဒဏ်မခံနိုင်ဘဲ အသက်စွန့်ကာ ထွက်ပြေး လာခဲ့ကြကြောင်း ထွက်ပြေးလွတ်မြောက် လာသူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။ KIA အဖွဲ့သည် ဖားကန့်မြို့နယ်အတွင်းရှိ ရွှေမှော်များအတွင်း ဆက်ကြေးများကောက်ခံခြင်း၊ လူသစ် စုဆောင်း ခြင်းနှင့် ရွှေမှော်များနှင့် အနီးတစ်ဝိုက်တွင် မိုင်းများထောင်ထားခြင်းတို့ကြောင့် မှော်အတွင်း အလုပ်လုပ်ကိုင်နေကြသော လုပ်သား များ၏ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်းနှင့် ရွှေတူးဖော်လုပ်သားများမှာလည်း နေရပ်အသီးသီးသို့ ပြန်နေကြ ကြောင်း ဖားကန့်မြို့ခံတစ်ဦးမှလည်း ပြောကြား ခဲ့ပါသည်။ နော်ဂျာ

No comments: