Saturday, August 22, 2015

KNU အပါအ၀င် အဖွဲ့အချို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် လက်ခံမှုအပေါ် အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေဟု KNO ထုတ်ပြန်

KNU အပါအ၀င် အဖွဲ့အချို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် လက်ခံမှုအပေါ် အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေဟု KNO ထုတ်ပြန် ========================================= တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးရန် KNU အပါအ၀င် အဖွဲ့ အချို့က လက်ခံလိုက်မှုအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးရန် သဘောတူ စာချုပ်ကို ဆန့်ကျင့်၍ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေသည်ဟု ကချင်အမျိုးသားအစည်းအရုံး(KNO) က သြဂုတ် ၂၀ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။ လာမည့် စက်တင်ဘာလတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန် သမ္မ ဦးသိန်းစိန် ဖိတ်ခေါ်ချက်ကို လက်ခံပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့က အစိုးရနှင့် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ကြောင်း သြဂုတ် ၁၇ ရက်က ပူးတွဲထုတ်ပြန်ခဲ့ခြင်းသည် အဖွဲ့အားလုံးပါဝင်မှ လက်မှတ် ထိုးရန်ဟူသော သဘောတူညီချက်ကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု KNO က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ KNO ဥက္ကဌ ဒူဝါဘောမ်ဝမ်လရော်က “အခု ဒီလေးဖွဲ့က လက်မှတ်ထိုးမယ် ပြောလိုက် တော့ ကျန်တဲ့လူတွေမပါလည်း ထိုးမယ်ဆိုတဲ့သဘော ဖြစ်သွားတယ်။ ဘယ်လိုလုပ်ပြီး ဒီလေးဖွဲ့က လက်မှတ်ထိုးမယ်ဆိုပြီး ထုတ်တာလဲ။ ထိုးမယ်ဆိုရင် အားလုံးသဘောထားအတူတူ ထုတ်ပြန် မှာပေါ့”ဟု ပြောသည်။ “ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အစိုးရ ဘက်ကနေ တည်ဆောက်မယ်လို့ မပြောပါဘူး။ အဲဒါ Grantee (အာမခံချက်)ပေးထားတာ မတွေ့ပါဘူး။ သို့သော်လည်း သူတို့က အဲဒီ Grantee အာမခံထားတယ်လို့ပါတယ်။ ကျွန်တော်တို့ သိတာက နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးချင်တယ်ဆိုတာဘဲရှိတယ်။ အဲဒါကို အားလုံး အာမခံ ထားပြီဆိုတဲ့ အခါကြတော့ ဒါကလည်းလွဲမှားတယ်ပေါ့ဗျာ။ အခုလိုမျိုးကြေငြာချက် ပြန်ထုတ်တော့ ကျန်တဲ့တိုင်းရင်းသားတွေ စဉ်းစားစရာ ဖြစ်လာတာပေါ့”ဟုလည်း ၄င်းက ဆက်ပြောသည်။ ၄င်းအဖွဲ့ ၄ ဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောတူ ဆုံးဖြတ်ချက်အပေါ် လေးစားသင့်ကြောင်းလည်း ၄င်းက ပြောဆိုခဲ့သည်။ ယင်းကဲ့သို့ တဖက်သတ် သတင်းထုတ်ပြန်ခြင်းသည် မိမိတို့တပ်ပေါင်းစုနှင့် ညီနောင်တိုင်းရင်သားများ အချင်းချင်းကြားတွင် နားလည်မှု၊ လွဲမှားခြင်း၊ အမြင်လွဲမှားခြင်းများ ဖြစ်ပေါ်စေနိုင်သဖြင့် ၄င်းအပေါ် ပြန်လည်ချဥ့်ချိန် သုံးသပ်မှုပြုလုပ် သွားမည်ဖြစ်ကြောင်း KNO သြဂုတ်လ ၂၀ ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲခြင်း၊ ဆန့်ကျင်ခြင်း မဟုတ်ဘဲ မိမိတို့သဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်းသာဖြစ်ပြီး RCSS က လိုင်ဇာညီလာခံတွင် လေ့လာသူ အဖြစ်သာ တက်ရောက်ခဲ့သဖြင့် ကတိကဝတ်ပြုထားခြင်းလည်း မရှိကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက မဇိ္̔ဈမကို ပြောသည်။ ၄င်းက “ကျွန်တော်တို့သဘော ကျွန်တော်တို့ဆုံးဖြတ်တာ။ ဘယ်သူ့ကိုမှ သွေးခွဲတာ မဟုတ်ရတဲ့အကြောင်း၊ နောက်ပြီးတော့ တိုင်းရင်းသားတွေကို ဆန့်ကျင်တယ်ဆိုတဲ့ ကြံစည် လုပ်ဆောင်တာ မဟုတ်ရကြောင်း ပြန်ပြီး ပြောကြားလိုပါတယ်”ဟု ပြောသည်။ NCA တွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်သွားမည်ဟူသော အာမခံချက် မရှိသေးသသလို၊ လက်ရှိ KIO အနေဖြင့် ကချင်ပြည်သူလူထု၏ ဆန္ဒသဘောထား ရရှိပြီးဖြစ်ကာ လက်မှတ်ရေးထိုးရန်အတွက် ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်မှ ထိုးစစ်ဆင်မှုများ ရှိနေဆဲ ဖြစ်ပြီး လူထုက ယုံကြည်မှုနည်းပါးနေသဖြင့် NCA လက်မှတ်မထိုးမှီ အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှု များကို ရပ်တန့်ရန် ပထမဆုံး လုပ်ဆောင်သင့်သည်ဟု ဒူဝါဘောမ်ဝမ်လရော်က ပြောသည်။ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် မြန်မာ အစိုးရမှ အာမခံထားပါက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများသည် NCA ကို အလျင်အမြန် လက်မှတ်ရေး ထိုးမည်ဟုလည်း ထုတ်ပြန်ချက်က ဆိုထားသည်။ ၁၉၉၉ ခုနှစ်က ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်နိုင်ရန် KNO ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လက ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အတူပူးပေါင်း၍ ကချင် အမျိုးသားရေးအတွက် လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့ကို ကချင်အမျိုးသား ကျောက်သူဌေး ဒူဝါဘောမ်ဝမ်လရော်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ထူထောင်ခဲ့ကာ လက်ရှိ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ဒိန်းမတ်၊ အိန္ဒိယ စသည့်နိုင်ငံများတွင် ရုံးစိုက်ထားသည်။ By Seng Jaw

No comments: