Showing posts with label မီးလောင်သတင်း. Show all posts
Showing posts with label မီးလောင်သတင်း. Show all posts

Wednesday, September 28, 2016

လင်မယား နှစ်ဦးစကားများ ရန်ဖြစ်ရာမှ အိပ်ခန်းအား တံခါးဂျက်ထိုးပြီး သေကြောင်းကြံမီးရှို့ရာမှ မီး လောင်ကျွမ်းသေဆုံး

 

သံတွဲမြို့အမှတ် (၅) ရပ်ကွက်တွင်လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား၊ လူနှစ်ဦးသေဆုံးသံတွဲ စက်တင်ဘာ ၂၇

သံတွဲမြို့၊ အမှတ်(၅) ရပ်ကွက်၊ ချယ်ရီလမ်းတွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး လူနှစ်ဦးမီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၁၂း၄၇ အချိန်တွင် ဦးဝင်းကိုအောင် (၃၆) နှစ်၊ (ဘ)ဦးကျော်ဝင်း (ကုန်သည်) နှင့် မဂျူစီဦး (၃၀) နှစ်၊ (ဘ) ဦးစောဘဦး (မူလတန်းပြဆရာမ) တို့ လင်မယား နှစ်ဦးစကားများရန်ဖြစ်ရာမှ ၎င်းတို့နေအိမ်အိပ်ခန်းအား တံခါးဂျက်ထိုးပြီးသေကြောင်းကြံမီးရှို့ရာမှ တဆင့်မီး လောင် ကျွမ်းမှုဖြစ်ကြောင်း သံတွဲခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးဝင်းလှိုင်နှင့် မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော်၊ စခန်းမှူးတို့မှ ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၂) ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၀)ဦး၊ စုစုပေါင်း (၃၂) ဦး၊ မီးငြိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း (၆) စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၃း၂၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်မှုကြောင့် ဦးဝင်းကိုအောင်နှင့် မဂျူစီဦး (မူလတန်းပြ) တို့နှစ်ဦးသေဆုံးခဲ့ပြီး (၂၀ ပေ× ၄၀ ပေ)သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ နှစ်ထပ်လူနေအိမ် အပေါ်ထပ်မီးလောင် ဆုံးရှုံးခဲ့သည်။

၎င်းမီးလောင်မှုဖြစ်စဉ်ကြောင့် ဦးဝင်းကိုအောင် (၃၆) နှစ် (ဘ) ဦးကျော်ဝင်း (ကုန်သည်) အား သံတွဲမြို့နယ်ရဲ တပ်ဖွဲ့စခန်းမှ (ပ/၅၃၅/၂၀၁၆၊ ပုဒ်မဆောင်ရွက်ဆဲ) ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ကနဦး သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar

Sunday, September 18, 2016

ဘုန်းကြီးကျောင်းဆွမ်းစားဆောင် ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်

မီးလောင်မှုဖြစ်ပွားခဲ့ရာ စိတ္တသုခ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းဦး)

 မုံရွာမြို့နယ် ဘုမ္မနိုးကျေး ရွာရှိ စိတ္တသုခ ဘုန်းတော်ကြီး ကျောင်းတွင် ဆွမ်းစားဆောင် ပလတ်ခုံမှတစ်ဆင့် ဝိုင်ယာရှော့ခ် ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့လယ်က မီးလောင်ခဲ့ကြောင်း  မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သတင်းရရှိသည်။

‘‘ဘုန်းကြီးကျောင်းဆောက် ဖို့ တစ်ရွာလုံးက မြစ်ထဲကို သဲ သယ်သွားကြတဲ့အချိန် မီးလောင် မှုဖြစ်ပွားခဲ့တာ။ ဆွမ်းစားဆောင် ကို မီးစက်နဲ့မီးပေးတယ်။ ဆွမ်း စားဆောင် ပလတ်ခုံကတစ်ဆင့် ပန်းရန်လုပ်ငန်းအတွက် ရေတင် ရင်း ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်တာလို့ သိရပါတယ်။ ဆွမ်းစား ဆောင်တစ်လုံးနဲ့ သံဃာနားနေ ဆောင်တစ်လုံး စုစုပေါင်း အဆောက်အအုံနှစ်လုံး မီးလောင် ခဲ့တာဖြစ်ပါတယ်’’ဟု မုံရွာမြို့ နယ် မီးသတ်ဦးစီးဌာနမှူး ဦးညီညီ ဇော်က ပြောသည်။