Showing posts with label ရွှေကျောက်ကျင်း. Show all posts
Showing posts with label ရွှေကျောက်ကျင်း. Show all posts

Thursday, September 29, 2016

ရွှေတူးဖော်ရေးကုမ္ပဏီများကြောင့် ဝက်သေကျေးရွာ နယ်နိမိတ်စည်း ကျောက်တိုင်စိုက်ထူပေးမည်ဟုဆို

 မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့ နယ်ရှိ ဝက်သေကျေးရွာ နယ်နိ မိတ်မြေနေရာတွင် ရွှေတူးဖော် ရေးကုမ္ပဏီများ ဝင်ရောက်လုပ် ကိုင်နေသောကြောင့် ယင်းကျေး ရွာနယ်နိမိတ်ကို အမြန်ဆုံးအ တည်ပြုစစ်ဆေး၍ ကျောက်တိုင် များ စိုက်ထူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမျိုးသစ်က နှုတ် ကတိပြု ပြောကြားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ဝက်သေကျေးရွာဒေသခံ များသည် စက်တင်ဘာ ၂၇ ရက် နံနက်က အစိုးရအဖွဲ့ရုံးရှေ့တွင် ဆိုင်းဘုတ်ကိုင်၍ ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် တောင်းဆိုခဲ့ပြီး ဝက်သေကျေးရွာသားများကို ဝန်ကြီး ဦးမျိုးသစ်က လက်ခံတွေ့ဆုံဆွေး နွေးခဲ့သည်။

‘‘ကျွန်တော်တို့ တောင်းဆို တာ အဓိကနှစ်ချက်ပါ။ ကုမ္ပဏီ တွေက ကျွန်တော်တို့ရွာပိုင် မြေ ပေါ်မှာ ဧက ၇၀ လောက်ကို တူး ဖော်နေကြတာရှိတော့ ရွာက ရွှေ့ ပေးရမလိုကို ဖြစ်နေပါတယ်။ ဝန် ကြီးက ကျေးရွာမြေနယ်နိမိတ်ကို သေချာပြန်စစ်ဆေးပြီး ကျောက် တိုင်စိုက်ပေးမယ်လို့ ပြောသွားပါ တယ်’’ဟု ဝက်သေကျေးရွာသား ဦးသန်းနိုင်စိုးက ပြောသည်။

ကုမ္ပဏီများသည် ကျေးရွာ တွင်း ဝင်ရောက်တူးဖော်လုပ်ကိုင် နေသည်များကိုလည်း ခုံစုံဖွဲ့စစ် ဆေးမှုများ လုပ်ဆောင်ကာ ကြပ် မတ်ဆောင်ရွက်မည်ဟု ပြော ကြားခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

ဝက်သေကျေးရွာသားများ က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တွင် ဆိုင်းဘုတ်ကိုင်ကာ ဝန်ကြီး ချုပ်နှင့် တွေ့ခွင့်ရရေး တောင်းဆို မှုကို အရေးယူမှု ရှိ၊ မရှိ မေးမြန်း ခဲ့ရာ မန္တလေးခရိုင်၏ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက အရေးယူ မည်မဟုတ်ကြောင်း ဖြေကြားခဲ့ သည်။

ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် ဝက် သေကျေးရွာပိုင် မြေဧက ၁၅၅ ဒသမ ၃၆၃ ဧကအနက် ဧက ၇၀ခန့် ကို ဝင်းခြံခတ်ကာ တူးဖော်လုပ် ကိုင်လျက်ရှိကြောင်း ကျေးရွာ ဒေသခံများက ပြောသည်။

Monday, September 26, 2016

ခန္တီးမြို့တွင် ရေမဆေးကျောက် ရှာဖွေသူများကို ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ဆန္ဒပြ

Posted: September 26, 2016

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ခန္တီးမြို့ တွင် ရေမဆေးကျောက် ရှာဖွေသူများကို ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ ဒေသခံများက စက်တင်ဘာ ၂၆ ရက်တွင် ဆန္ဒပြခဲ့ကြသည်။

 

ရေမဆေးကျောက် ရှာဖွေသူ ၇ ဦးကို စက်တင်ဘာလ ၁၇ ရက်က ခန္တီးမြို့တွင် ကျောက်မျက် ဥပဒေပုဒ်မများဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ခြင်းနှင့် ပတ်သက်၍ ဆန္ဒပြမှု များ ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

 

"ရေမဆေးရှာတယ်ဆိုတာ ဒေသခံလူတွေ အလုပ်မရှိအကိုင်မရှိ ဘာမှလုပ်စရာကိုမရှိလို့ သွားရှာကြတာ၊ ကုမ္မဏီတွေ စိတ်ကျေနပ်အောင် အထပ်ထပ် အခါခါရှာဖွေပြီးလို့ နောက်ဆုံး မျှော်လင့်ချက်မရှိတော့လို့ စွန့်ပစ်တဲ့အရာကို သွားရှာတာ၊ ပြည်သူတွေကို လွတ်လပ်စွာ ရှာဖွေခွင့်ပြုသင့်တယ်လို့ယူဆတာပေါ့၊ နိုင်ငံတော်အတွက်လည်း မနစ်နာဘူးလို့ ယူဆတယ်၊” ဟု ဆန္ဒပြရာတွင်ပါဝင်ခဲ့သူ ဇီးဖြူကုန်းမှ ဦးဂျွန်းဟန်က The Ladies သို့ပြောသည်။

 

ဆန္ဒပြသူများသည် ပေါမိုင်းဘုန်းကြီးကျောင်းရှေ့ ကမ်းနားလမ်းမှ စတင်၍ ရုံးကြီးလမ်း၊ မြို့ပတ်လမ်း၊ ချယ်ရီလမ်း၊ ယမုံနာလမ်း၊ မြရတနာလမ်း၊ လယ်ဦးတန်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဈေးလမ်း၊ ဘုရင့်နောင်လမ်း တစ်လျှောက် တရားဥပဒေ စိုးမိုးရေး၊ ခန္တီးဒေသခံ ရေမဆေးကျောက် ရှာသမားများ ပြသ၁နာ ဖြေရှင်းပေးရေး၊ ခန္တီးဒေသခံ တပိုင်တနိုင် အခွင့်အလမ်း ရရှိရေး၊ နည်းလမ်းမကျ မတရားဖမ်းဆီးထားသော ကျောက်သမားများအား ပြန်လွှတ်ပေးရေး၊ နန်စီပွန်ဒေသတွင် မိုင်းခွဲမှု တရားခံ အစစ်အမှန် ဖော်ထုတ်ပေးရေး ဒို့အရေးနှင့်ဥပဒေကို လက်နက်သဖွယ် အသုံးပြုနေသော လုပ်ရပ်များ အလိုမရှိဟူ၍ ကြွေးကြော် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ဒေသမှာ နှစ်ပေါင်းမြောက်မြားစွာ လုပ်ခဲ့တာ။ ဘိုးဘွားလက်ထက် ကတည်းက တူးပြီး ရောင်းစားခဲ့ကြတာ။ ဒီဟာကို ဖမ်းတဲ့အတွက်ကြောင့် ဒီအပေါ်မှာ မတရားဘူးလို့ ယူဆတယ်။ လုံးဝလည်း လက်မခံနိုင်ဘူး။ အခုဖမ်းဆီးဖို့ ရောက်လာတဲ့ သူတွေကော ကျောက်နဲ့ ပတ်သက်လို့ သူတို့အိမ်မှာ မရှိဘူးဆိုတာ အာမခံနိုင်လား လို့ မေးချင်တယ်”ဟု ဆန္ဒပြရာတွင် ပါဝင်သူ ပေါမိုင်းရပ်မှ ဦးလုံးဒန် ကThe Ladies သို့ပြောသည်။

 

ဆန္ဒပြမှုများအပြီးတွင် ဆန္ဒပြသူများက ခန္တီးခရိုင်၊ ခန္တီးမြို့နယ်သည် နိုင်ငံတော်၏ အစွန်အဖျားဖြစ်သည်ကို အကြောင်းပြု၍ တရားဥပဒေကို မျက်ကွယ်ပြုနေသော ခန္တီးဒေသခံ တာဝန်ရှိသူတို့အား အရေးယူ ဆောင်ရွက်ပေးရန်။ (၂) မိသားစုဝင်များ၏ နေ့စဉ်စားဝတ်နေရေး အတွက် ရုန်းကန်ဖြေရှင်းနေရသော လက်လုပ်လက်စား အခြေခံ လူတန်းစားများ၏ အလုပ်အကိုင် ဖန်တီးခွင့်ပေးရန်။ (၃) ခန္တီးဒေသခံ ပြည်သူလူထု၏ ကျောက်စိမ်းတူးဖော်ခွင့် တပိုင်တနိုင် အလုပ်အကိုင် ဖန်တီးခွင့်ပေးရန်။ (၄) တရားဥပဒေကို မျက်ကွယ်ပြု၍ မတရားဖမ်းဆီး ချုပ်နှောင်ထားသော ဒေသခံပြည်သူများအား ချက်ချင်းလွှတ်ပေးရန်။ (၅)နန်စီပွန်ဒေသတွင် ဥပဒေမဲ့စွာ ဖြစ်ပွားခဲ့သော မိုင်းခွဲမှု တရားခံအစစ်မှန် ဖော်ထုတ်ပေးရန်။ (၆)လုပ်ပိုင်ခွင့်နှင့်အာဏာကို ခုတုံးလုပ်၍ မိမိ၏ လုပ်ပိုင်ခွင့်ကို လက်နက်သဖွယ် အသုံးပြုနေသော ဌာနဆိုင်ရာဝန်ထမ်းတို့အား အချိန်နှင့် တစ်ပြေးညီ လျင်မြန်ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်တို့ ပါရှိသည့် သဘောထား ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

 

ဇော်မင်းထွန်း

The Ladies News

ဝန်းသိုမြို့နယ်က တရားမ၀င် ရွှေတူးဖော်မှုတွေကို ခုံရုံးဖွဲ့ စစ်ဆေးမည်


 

( ကချင်ပြည်နယ်က ရွှေတူးဖော်တဲ့ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် ) Photo: Myo Zaw Ko/ RFAစစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ၀န်းသိုမြို့နယ်မှာ တရားမ၀င်ရွှေတူးဖော်မှုတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ ဒေသခံတွေတိုင်ကြားချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စီစစ်ဖို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ညွှန်ကြားလိုက်ပါတယ်။

တိုင်းအစိုးရအဖွဲ့က သွားရောက်စစ်ဆေးရာမှာ လုပ်ကွက်တွေမှာ လူမရှိပဲ ထွက်ပြေး သွားကြတဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပတ်သက်နေနိုင်တယ်လို့ စစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ ၀န်းသိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောပါတယ်။

"အဓိကကတော့ ထွက်ပြေးသွားတယ်ဆိုတဲ့နေရာမှာ ကျနော်တို့သုံးသပ်တာကတော့ သူ့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းပိုင်းတွေနဲ့ မလွဲမသွေပတ်သက်ဆက်နွယ်နေလိမ့်မယ်လို့ ကျနော်တို့ယူဆတယ်၊ အဲ့တော့ ခရိုင်အုပ်ချုပ်ရေးမှူးကို အဖွဲ့ခေါင်းဆောင်အဖြစ် ထားပြီးတော့မှ ခရိုင်ကနေ ပထမဆုံးခုံရုံးဖွဲ့စည်းစစ်ဆေး ဆောင်ရွက်သွားမယ်ပေါ့၊ ခရိုင်အဆင့်စစ်ဆေးပြီးတဲ့အခါမှာ တိုင်းအစိုးရကနေ ခုံရုံးဖွဲ့စစ်ဆေးသွားမယ်လို့ ၀န်ကြီးချုပ်ကိုယ်တိုင် ပြောကြားခဲ့တယ်"လို့ ဦးဇော်လင်းဦး က ပြောတာဖြစ်ပါတယ်။

ဝန်းသိုမြို့နယ်မှာ တရားဝင်ရွှေတူးဖော်တဲ့ကုမ္ပဏီ ၁၃ ခုရှိပေမယ့် ထပ်မံ သက်တမ်းတိုးခွင့်ရှိတဲ့ကုမ္ပဏီ ၃ ခုသာရှိပြီး ကျန်တဲ့ကုမ္ပဏီတွေက သက်တမ်းကုန်ဆုံး ပြီဖြစ်သလို သက်တမ်းတိုးခွင့်ကိုလည်း ရပ်ဆိုင်းထားပါတယ်။

သက်တမ်းတိုးခွင့်မရှိတဲ့ကုမ္ပဏီတွေက ဆက်လက်တူးဖော်လုပ်ကိုင်နေကြ တာကို ဒေသခံတွေကို တိုင်ကြားတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီရွှေလုပ်ကွက်တွေထဲမှာ ကုမ္ပဏီတွေအပြင် တစ်ပိုင်တစ်နိုင်တူးဖော်ရေး လုပ်ကိုင်နေတဲ့ဒေသခံတွေလည်း ရှိနေပါတယ်။

RFA Burmese