Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

Saturday, September 24, 2016

ကသာမြို့၊ ကားဂိတ်၊ သဘောင်္ဆိပ်၊ ဘူတာရုံများတွင် မီးရှုး၊ မီးပန်း၊ ဗြောက်အိုး ၊ ဗြောက်ထုပ်များကို စစ်ဆေးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်တွင် အများပြည်သူများ စိတ်အနှောင့်အယှက်၊ အန္တရာယ်မဖြစ်စေရန် တရားမဝင် ရောက်လာသည့် မီးရှုး၊ မီးပန်း၊ ဗြောက်အိုး၊ ဗြောက်ထုပ်များကို ကား ဂိတ်၊ သဘောင်္ဆိပ်၊ ဘူတာရုံများတွင် ရဲတပ်ဖွဲ့မှ ဦးစီး၍ စစ်ဆေးဖမ်းဆီး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ဖမ်းဆီးမှုတွင် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အုပ်ချုပ်ရေး အဖွဲ့များဖြင့် ပူးပေါင်းစစ်ဆေး သွားမည်ဖြစ်ပြီး ဒေသန္တရအမိန့်အမှတ်(၃/၂၀၁၆)ကို စက်တင်ဘာ(၁၅)ရက်နေ့က ထုတ်ပြန်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

“သီတင်းကျွတ်မှာ မီးရှုး၊ မီးပန်းဖောက်တာ အစဉ်အလာ ဖြစ်နေပေမယ့် ဒီဘက်ခေတ်မှာတော့ အသံတွေကျယ်တယ်။ အသက်ကြီးသူ၊ ကျန်းမာရေး မကောင်းသူတွေ ထိတ်လန့်စေတယ်။ မီးဘေးအန္တရာယ် စိုးရိမ်ရတယ်။ ဒီအသံတွေနဲ့ ရောပြီး မလိုလားအပ်တဲ့ ပြသ၁နာတွေ ရှိနိုင်တယ်လေ”ဟု ကသာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောသည်။

 

အဆိုပါ ဒေသန္တရအမိန့်တွင် မီးရှုး၊ မီးပန်း၊ ဗြောက်အိုး၊ ဗြောက်ထုပ်များ ပစ်ဖောက်ခြင်း၊ ပစ်လွတ်ခြင်း၊ ဆော့ကစားခြင်း၊ ရောင်းချသယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရပ်ရွာအေးချမ်းရေးအား နည်းလမ်း တစ်ခုခုဖြင့် ထိခိုက်စေခြင်း၊ အားပေးအားမြောက်လုပ်ခြင်း၊ လမ်းပေါ်တွင် အော်ဟစ်ဆူညံခြင်း၊ မူးယစ်သောက်စားခြင်း၊ ယာဉ်များ စည်းကမ်းမဲ့ မောင်းခြင်းမပြုရန် စည်းကမ်းထုတ်ပြန်ထားကြောင်း သိရသည်။

 

အဆိုပါ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ခြင်းမရှိပါက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ (၁၈၈)အရ အရေးယူ ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

 

“ခုလို ထုတ်ပြန်တာ ကောင်းပါတယ်။ သီတင်းကျွတ်ကို အေးအေးဆေးဆေး ဖြတ်သန်းချင်တယ်။ ဆူညံ့နေတဲ့ ဗြောက်အိုးတွေ မီးရှုးမီးပန်းတွေကြောင့် မီးဘေးလည်း ကြောက်ရတယ်။ လူကြီးတွေ ထိတ်လန့်မှုမရှိတော့ မြန်မာ့ဓလေ့နဲ့အညီ သွားလာကန်တော့ မီးထွန်းပွဲကြည့်ရတာ လုံခြုံမှုရှိပြီး အန္တရာယ်ကင်းတာပေါ့” ဟု ကသာမြို့၊ ရပ်ကွက်(၅)မှ ဒေါ်မြင့်စန်းက ပြောသည်။

 

အဆိုပါ ဒေသန္တရအမိန့်ကို ကသာမြို့နယ် ဥပဒေရုံး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး(အားလုံး)၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင်မီးသတ်ဦးစီးဌာနများသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

 

MMK

The Ladies News

ဘန်ကောက်မြို့  တွင် ဒုစရိုက်ဂိုဏ်းဝင်များနေရာအား အထူးရဲတပ်ဖွဲ့ က ၀င်ရောက် ဖမ်းဆီးရာ မြန်မာနိုင်ငံသားနှစ်ဦး ပါဝင်နေ


 


၂၃-၉-၂၀၁၆

ုစက်တင်ဘာလ (၂၃)ရက်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဆူကိုဗစ် Sukhumvit Soi 56 ၅၆လမ်းက နေအိမ် တစ်လုံးမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို မူးယစ်ဆေးနဲ့  နိုင်ငံကူးစာအုပ် ၀င်ရောက်ရှာဖွေ စစ်ဆေးရာကနေ နိုင်ငံခြားသား က သေနတ်နဲ့  စတင် ပစ်ခတ်ခဲ့လို့ လ၀က ရဲတပ်ဖွဲ့  ၀င်အရာရှိတစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

အဆိုပါ အခင်းဖြစ်ပွားတဲ့နေအိမ်ကိုရဲတွေက ပိတ်ဆို့ ထားပြီး ကွန်မန်ဒို တပ်ဖွဲ့ ဝင်တွေ က ၀င်ရောက်စီး နင်း ဖမ်းဆီးခဲ့ရကြောင်း၊ နေအိမ်အတွင်းမှာ ဖမ်းမိခဲ့တဲ့ နိုင်ငံခြားသားတွေမှာ အင်္ဂလန်နိုင်ငံသား (၁)ဦး အမေရိကန်နိုင်ငံ သား (၂)ဦးနဲ့ မြန်မာနိုင်ငံသား လင်မယား (၂)ဦးတို့ ဖြစ်ပါတယ်။


နေအိမ်အတွင်းမှာ သေနတ်သုံးလက် နဲ့ အတူ မူးယစ်ဆေးဝါးတွေပါ ရှာဖွေတွေ့  ရှိခဲ့တယ်လို့ လည်းသိရပါတယ်။ ဒါအပြင်နေအိမ် အခန်းတစ်ခုအတွင်းက ရေခဲသေတ္တာကြီးအတွင်းမှာ လူသေ အလောင်းတွေကို အပိုင်းပိုင်းဖြတ် ခွဲ ထုတ်ပြီး ထည့်ထား တာကို လည်းတွေ့  ရှိခဲ့ကြပါတယ်။


တာဝန်ရှိထိုင်းရဲချုပ်က သတင်းထောက်တွေကို ပြောဆိုသွားရာမှာ တရားခံတွေ ဟာ ထိုင်းနိုင်ငံမှာလာရောက်အခြစိုက်ပြီး ဒုစရိုက်မှုတွေ ကျူးလွန်နေကြ သူတွေဖြစ်တယ် ၊ မြန်မာနိုင်ငံသားနှစ်ဦးကတော့ နေအိမ်သန့် ရှင်းရေးအတွက် တလ(၆၀၀၀)နဲ့ အချိန်ပိုင်း ဌားရမ်းထားသူ အမျိုးသမီးနဲ့ သူမရဲ့ ခင်ပွန်းသည်ဖြစ်တယ်လို့  ပြောကြားသွားခဲ့ပြီး အမှုနဲ့  ပါဝင်ပါတ်သက်မှု ရှိမရှိကို ဆက်လက် စုံစမ်း စစ်ဆေးသွားမှာဖြစ်တယ် လို့  ပြောကြားခဲ့ပါတယ်။

Social Action for Women - SAW

Friday, September 23, 2016

ဖုန်းဖြင့် ငွေလိမ်လည်တောင်းသူကို ကသာမြို့ ကမ္ဘာ့ ရတနာဘဏ် အကူ အညီဖြင့် ဖမ်းမိ

 

(တရားခံဖမ်းမိ၍ ပျော်နေသော ကိုပေါက်စီ၊ ကိုသိုက်စိုး၊ ကိုခင်ဇော်ဦးတို့ ကသာမြို့ ကမ္ဘာ့ ရတနာဘဏ်၌ အမှတ်တရ)စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့ရှိ ဦးသူရကျော်(ခ)ဦးပေါက် စီဆီကို၂၃.၉.၂၀၁၆နေ့ မနက် ၁၀နာရီ အချိန်မှာ ဖုန်းဖြင့် ငွေလိမ်လည် တောင်းခံမှု ဖြစ်ခဲ့ရာ ကမ္ဘာရတနာဘဏ်ရဲ့ အကူအညီဖြင့်၂၃.၉.၂၀၁၆ နေ့ နေ့လည်၂နာရီ ၃၆မိနစ် အချိန်မှာ တရားခံကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မရိုးနိုင်တဲ့ လိမ်နည်းအတိုင်း ဖုန်းကံစမ်းမဲ ပေါက်တယ်လို့ ဆက်ခဲ့ရာမှာ ဦးပေါက်စီက အလိုက်သင့် ပြန်ပြော ခဲ့တယ်လို့ သိရပါတယ်။ ဖုန်းကံစမ်းမဲ သိန်း၉၀၀ပေါက်ရာမှာ နိုင်ငံတော်ကို အခွန်အဖြစ် သုံးရာခိုင်နှုန်းပေးသွင်းပြီးမှသာ ငွေလွှဲပေးမယ်လို့ပြောခဲ့ တယ်လို့ သိရပါတယ်။

၂၇သိန်းလွှဲရမှာ မရှိသေးလို့ ၁၉သိန်း အရင်လွှဲခိုင်းလို့ လွှဲခိုင်းခဲ့ပါတယ်။

ကသာမြို့ရှိ ကမ္ဘာ့ရတနာဘဏ် အကူအညီဖြင့် တာမွေမြို့နယ်ထဲရှိ ကမ္ဘာ့ ရတနာဘဏ်ကို ငွေ ၁၉၀၁၄၅၀ကျပ်လွှဲပေးပြီး တရားခံကို ဖမ်းမိလိုက်ပါတယ်။ တရားခံကတော့ ဦးမျိုးသန့် ၁၄/ပသန(နိုင်)၁၄၄၆၈၅၊ ဖုန်းနံပါတ် ၀၉၄၅၇၂၉၂၁၈၂ ဖြစ်တယ်လို့ သိရပါတယ်။

ကသာမြို့မ ရဲစခန်းမှ ပ-၂၅၆၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်ထား ရဲအုပ်မျိုးမင်းလတ်မှ အမှုစစ်အဖြစ်
ဆောင်ရွက်နေကြောင်း သိရပါတယ်။

Aye Lwin

ရာဇာထွန်း ဖမ်းမိပြီ


ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာ များမပေးခဲ့သည့်ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူ(၁)ဦးအား ထပ်မံဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၃

 ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ ရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ၂၄/၃၂ ဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိသော အမှုမှ ပြစ်မှု ကျူးလွန်သူ ရာဇာထွန်း၊ (၂၅)နှစ်အား ၁၃၂၀ အချိန်တွင် ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် ဆက်လက် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

အိမ်ဖော်နှစ်ဦးနဲ့ သတင်းထောက်တို့ကို လုံခြုံရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတရုံး ညွှန်ကြား

အိမ်ဖော်နှစ်ဦးနဲ့ အမှုဖွင့်တိုင်ကြားခဲ့တဲ့ သတင်းထောက်တို့ကို လုံခြုံရေးအရ ကာကွယ်စောင့်ရှောက်မှုပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူတွေ လုံခြုံစွာနေထိုင်နိုင်ရေးနဲ့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအားပေးမှုတွေ ပြုလုပ်ပေးဖို့ကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတရုံးအနေနဲ့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းက တာဝန်ရှိသူတွေရဲ့ အရေးယူဆောင်ရွက်ပုံ အသေးစိတ်ကိုလည်း သမ္မတရုံးကို တင်ပြဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။

အခုကိစ္စမှာ လျော်ကြေးငွေ သိန်း ၅၀ နဲ့ ကြေအေးအောင် ဝင်ရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်မှုအခြေအနေတွေကိုလည်း လေ့လာစောင့်ကြည့်နေတယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Thursday, September 22, 2016

ပြည်မြို့ ကမ်းနားလမ်းအနီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး(၄)ဦးအား အမှတ်(၁)နယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူ

 


ပြည်  - စက်တင်ဘာ (၂၂)ရက်နေ့

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပြည်မြို့ ကမ်းနားလမ်း ပန်းခြံအနီး၊ ပလက်ဖောင်းလမ်းမပေါ်တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ လမ်းသွားလမ်းလာများကို ဟိရိသြတ္တပ္ပတရား ကင်းမဲ့လျှက် အာရုံစွဲညှိ စေရန် ကိုယ်အမူ အရာ နှုတ်အမူအရာများဖြင့် မြူဆွယ်သွေးဆောင်ခြင်းများ ပြုလုပ်နေသူ အမျိုးသမီး (၄)ဦးအား စက်တင်ဘာလ (၂၂)ရက်နေ့ မှာ ပြည်အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီး အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပြည်အမှတ်(၁)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်ဇင်ဦးနှင့် အဖွဲ့သည် အမျိုးသမီး ရဲမေ ရဲတပ်သားအေးမြတ်ဇော်၊ သက်သေ ကျောင်းကြီးအိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင် ရာအိမ်မှူး ဦးအောင်သူ တို့နှင့်အတူ နယ်မြေသတင်း စုံစမ်းဆောင်ရွက်နေစဉ် ကျောင်းကြီးအိုး တန်းရပ်ကွက်၊ကန်လမ်း၊ ကြံ့ခိုင်ရေးရုံးအနီး၊ လမ်းဘေးပလပ်ဖောင်ပေါ်တွင် ပြည့်တန်ဆာ ကိစ္စအလို့ငှာ လမ်းသွားလမ်းလာများကို ဟိရိသြတ္တပ္ပတရား ကင်းမဲ့လျှက် အာရုံစွဲညှိ စေရန် ကိုယ်အမူအရာနှုတ်အမူ အ ရာများဖြင့်မြူဆွယ်သွေးဆောင်ခြင်းများ ပြုလုပ်နေသူ မဟေမာန်ဦး(၂၀)နှစ်၊ ရှားရုံရပ်၊ ဆံတော် ရပ် ကွက်၊ ပြည်မြို့  ၊  ဒေါ်မြခရေ(၄၈)နှစ်၊ ရတနာထီးဖြူလမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူနှင့် ဒေါ်ဌေး(၅၁)နှစ် စံနန်းဦးဘုရားလမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူနှင့် မမိုးမိုး(၂၉)နှစ်၊ ရေဝန်းတောင်ပေါ်ရပ်၊ ဆင်စုရပ် ကွက်၊ ပြည်မြို့နေသူတို့အားတွေ့ရှိရ၍ အရေးယူပေးပါရန် ရဲ စခန်းပို့အပ် တိုင်တန်းခဲ့ကြောင်း သိရသည်။


အမှုနှင့်ပတ်သက်ပြီး ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူ အရေးယူပေးပါရန် ရဲအုပ်ကျော်ဇင်ဦးမှ တရား လိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မဟေမာန်ဦး၊ ဒေါ်မြခရေနှင့်ဒေါ်ဌေးအား ပြည်အမှတ်(၁)နယ်မြေရဲစခန်း (ပ)၁၄၁၄ /၂၀၁၆၊ ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေပုဒ်မ၃(က)ဖြင့်လည်း ကောင်း၊ မမိုးမိုး အား ပြည်အမှတ်(၁)နယ်မြေ ရဲစခန်း (ပ)၁၄၁၅/၂၀၁၆ ၊ ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေပုဒ်မ ၃(က) အရ အရေးယူခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

အိမ်အကူမိန်းကလေးများအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်နှင့် မိသားစုကို လူမှုဝန်ထမ်းဦးစီးဌာနက တရားစွဲဆိုရန် အမှုဖွင့်လှစ်

 


ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ်(၉)ရပ်ကွက် လမ်း(၄ဝ)အထက်ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်နှင့်မိသားစုက အိမ်အကူမိန်းကလေးများအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ၁၉၉၃ ခုနှစ် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုနိုင်ရန် စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီတွင် ကျောက်တံတားမြို့မရဲစခန်း၌ ထပ်မံတရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

''အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးတွေကို နှိပ်စက်ညှဉ်းပန်းလို့ လူမှုဝန်ထမ်းဦးစီးဌာနက တရားလို ပြုလုပ် တရားစွဲဆိုတာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောသည်။


အဆိုပါ မိန်းကလေးငယ်များသည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်စု ဘောလုံးကွင်းကျေးရွာနေ မစန်းကေခိုင်(၁၇)နှစ်နှင့် မသဇင်(၁၆)နှစ်တို့ဖြစ်ပြီး ၎င်းတို့၏ အုပ်ထိန်းသူမိဘများက အိမ်အကူလုပ်ငန်း လုပ်ကိုင်ရန်အတွက် အင်းဝအပ်ချုပ်ဆိုင်သို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ လုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်း အိမ်ရှင်နှင့်မိသားစုက အိမ်အကူမိန်းကလေးငယ်များ နေ့စဉ်နှိပ်စက်နေကြောင်း၊ ၎င်းတို့ ခန္ဓာကိုယ်အနှံ့အပြားတွင် ထိုးသွင်းပြတ်ရှ အမာရွတ်များလည်း တွေ့ရှိရကြောင်း မြန်မာနိုင်ငံ လူ့အခွင့် ရေးကော်မရှင်သို့လိပ်မူ၍ တိုင်တန်းမှုအား ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက တိုင်စာအား သက်သေများနှင့်အတူ စိစစ်ခဲ့ရာ ပိုင်ရှင်ဖြစ်သူ ဒေါ်တင်သူဇာက အိမ်အကူလစာ တစ်လလျှင် ငွေကျပ် နှစ်သောင်း ရမည်ဖြစ်ကြောင်း ပြောဆို၍ လက်ခံခဲ့ကြောင်း၊ လုပ်ခလစာများအား ၂ဝ၁၄ ခုနှစ် သြဂုတ်လအထိ ရရှိခဲ့သော်လည်း စက်တင်ဘာလမှစ၍ လုပ်ခလစာများ မရရှိတော့ဘဲ ဆက်လက်လုပ်ကိုင်နေရသည့်အပြင် လုပ်ငန်းလုပ်ကိုင်ရာတွင် လွဲချော်ပါက ဒေါ်တင်သူဇာနှင့် စုမွန်လတ်တို့က မျက်နှာနှင့် တစ်ကိုယ်လုံးအား ရိုက်နှက် နှိပ်စက်ညှဉ်းပန်းခြင်း၊ အစာရေစာ မကျွေးဘဲထားခြင်း၊ မစန်းကေခိုင်၏ လက်ချောင်းများအား လှန်ချိုးခြင်းနှင့် ကိုယ်အင်္ဂါ ချို့ယွင်းအောင် အမျိုးမျိုးနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၅ ရက်တွင် အိမ်အကူမိန်းကလေး မစန်းကေခိုင် ၏မိခင် ဒေါ်ညိုညိုဝင်းနှင့် မသဇင်၏ အဒေါ် ဒေါ်အုန်းငွေတို့အပါအဝင် နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ရုံး၌တွေ့ ဆုံပြီး ကော်မရှင် အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင်ညှိနှိုင်းခဲ့ကြရာ မစန်းကေခိုင်အတွက် နစ်နာကြေးသိန်း ၄ဝ၊ မသဇင်အတွက် နစ်နာ ကြေး ၁ဝ သိန်းတို့ကို ပေးအပ်ရန် သဘောတူညီမှုရရှိကာ ကျောက်တံတား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ပေးအပ်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်၏ ညှိနှိုင်းပေးချက် နှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင် မကျေနပ်မှုများ၊ ဝေဖန်သံများ ပျံ့နှံ့လျက်ရှိသည့်အပြင် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီ က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ရုံးရှေ့တွင် စာတန်းများကပ်ခြင်းဖြင့် လူ့အခွင့်အရေး ကော်မရှင်၏ ညှိနှိုင်းပေးမှုကို ကန့်ကွက်သည့် ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့သည်။

ထို့ပြင် အမျိုးသမီးအဖွဲ့များ ကွန်ရက်(မြန်မာ)မှ မခင်လေးက''ပညာ လည်းမတတ်ဘူး၊ ဗဟုသုတလည်းမရှိ ဘူးဆိုရင် တရားဥပဒေအရ တရားစွဲ ရင် ဘယ်လိုအပြစ်ပေးလို့ရတယ်၊ နစ်နာကြေးကဘယ်လို၊ ဘယ်လို ဆောင်ရွက်ရတယ်။ ဒါတွေကို သေချာ ရှင်းပြပေးဖို့လိုတယ်။ ခုဟာက မလုပ် ပေးဘဲနဲ့ ရပ်ကွက်ထဲမှာရန်ဖြစ်တဲ့သူကို ဖြေရှင်းပေးသလို ဆောင်ရွက်ပေးသွားတာဖြစ်တဲ့အတွက် ကျွန်မတို့က မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင် ကို ရှုတ်ချတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇော်ဝင်းက ''ပြဋ္ဌာန်းထားတဲ့အချက်တွေနဲ့ အညီ ကျွန်တော်တို့ဆောင်ရွက်ပေး ခဲ့တာဖြစ်ပါတယ်။ ရဲကအစီရင်ခံစာ လာတင်တော့ သက်သေထွက်တာတွေ ပါတယ်။ ဒါပေမယ့် ဓာတ်ပုံမပါတဲ့ အတွက်ရယ်၊ နောက် ကျွန်တော်တို့ရဲ့ ကော်မရှင်ဥပဒေပုဒ်မ ၃၇ မှာ တရား ရုံးတွင် စစ်ဆေးနေတဲ့အမှုများ၊ တရားရုံးမှ စီရင်ဆုံးဖြတ်တဲ့ အမှုများကို ဝင်ရောက်စစ်ဆေးခြင်းမပြုရလို့ ပါတယ်။ အဲဒီတော့ ဒီအမှုက တရားရုံးလည်း မရောက်သေးဘူး၊ ရဲစခန်းမှာလည်း အမှုကမဖွင့်ရသေး ဘူး''ဟု ပြောသည်။



ထို့နောက် စက်တင်ဘာ ၂ဝ ရက် က အမှတ်(၆ )လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု ရန်ကုန်က တရားလိုပြုလုပ်၍ ဒေါ်တင်သူဇာနှင့် စုမွန်လတ်တို့အား အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား ကျောက်တံတားမြို့မရဲစခန်းက (ပ) ၁၉၃/၂ဝ၁၆ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(ရန်ကုန်)မှ ဒုတိယရဲမှူး မျိုးသိန်းက''ပဏာမစစ်ဆေးလိုက်တဲ့ အခါကျတော့ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၃(က)မှာ ပြဋ္ဌာန်းထားတဲ့အချက်တွေနဲ့ သွားပြီး ငြိစွန်းနေတဲ့ အတွက်ကြောင့်မို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ၂၄/၃၂ နဲ့ အမှုဖွင့်လှစ် ဆောင်ရွက်တာပါ''ဟု ပြောသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး က စွဲဆိုထားသည့် ပုဒ်မ၂၄/၃၂ တွင် ပုဒ်မ ၃၂ ၌ ထောင်ဒဏ်မည်မျှ ကျခံရမည်ဟု ဖွင့်ဆိုချက်တွင် မပါဝင်သော် လည်း ပုဒ်မ၂၄တွင် ထောင်ဒဏ် ၁ဝ နှစ်သို့မဟုတ် တစ်သက်တစ်ကျွန်း အပြင် ဒဏ်ငွေပါချမှတ်နိုင်သည်ဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင် သူရိန်ထွန်းက ပြောသည်။

ထို့ပြင် ကလေးသူငယ် အခွင့် အရေးချိုးဖောက်ခံရသည်ကို တွေ့ရှိပါ က မိဘကိုယ်တိုင်မဟုတ်ဘဲ အခြား တာဝန်သိပြည်သူ တစ်ဦးဦးက တိုင်ကြားနိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားကြောင်း Nay Thu Yein Law Farm မှ သိရသည်။

၎င်းကဆက်လက်၍ ''လူကုန်ကူးမှု တားဆီးကာကွယ်ရေးကိစ္စဟာ ကျေအေးပေးလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဥပဒေကြောင်းအရ လူ့အခွင့် အရေးကော်မရှင်က ညှိနှိုင်းပေးခွင့် မရှိဘူး။ ရာဇဝတ်မှုက ရာဇဝတ်မှု ပါ။ ညှိနှိုင်းပေးရုံနဲ့ ပြေပျောက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဥပဒေကလည်း ခွင့်ပြုမထားပါဘူး''ဟု ကလေး အခွင့်အရေး လိုက်ပါဆောင်ရွက်နေသည့် Nay Thu Yein Law Farm မှ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သူရိန်ထွန်းက ပြောသည်။


အိမ်အကူမိန်းကလေးငယ်များအား ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာ များမပေးခဲ့သည့် ပြစ်မှုကျူးလွန်သူများအား စက်တင်ဘာ ၂ဝ ရက် ညပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက် ပြည်တော်သာလမ်းရှိ နေအိမ်မှ ဒေါ်တင်သူဇာအား လည်းကောင်း၊ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် တင်မင်းလတ်(ခ)ဖိုက်ဇယ်နှင့် မစုမွန်လတ်တို့အား လည်းကောင်း ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနက ညှဉ်းပန်းနှိပ်စက်ခံရသည့် မိန်းကလေးများ၏ စိတ်ဒဏ်ရာ သက်သာမှုရရှိအောင် နှစ်သိမ့် ဆွေးနွေးပညာပေးမှုများ ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း လက်မှုပညာနှင့် ကျောင်းပြင်ပ ပညာရေးများကို သင်ကြားပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းရုံးမှ သိရသည်။

သတင်း - သီသီမင်း
ဓာတ်ပုံ - Myanmar Now / Yangon Police
MOI Webportal Myanmar

ဗျောက်အိုးမဖောက်ရန် တားမြစ်သည့် အမျိုးသမီး စကေဘာဖြင့် အထိုးခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် ဥဇ္ဇနာ (၉) လမ်း၌ စက်တင်ဘာ ၂၁ ရက် ည ၉ နာရီက နေအိမ်ရှေ့၌ လာရောက် ဗျောက်အိုးဖောက်နေသူကို တားမြစ်ခဲ့သော အသက် ၃၂ နှစ်အရွယ် အမျိုးသမီး စကေဘာဖြင့် ဆင့်ထိုးခံရကြောင့် ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

နေအိမ်ပေါ်တက်၍ အမျိုးသမီးကို စကေဘာဖြင့် ထိုးခဲ့သော အမျိုးသားမှာ ယင်းလမ်းတွင် နေထိုင်သူဖြစ်ပြီး လမ်းပေါ်၌ ဗျောက်အိုးဖောက်နေစဉ် ဒေါ်စန်းစန်းသင်း (စကေဘာဖြင့် အထိုးခံရသူ) က နေအိမ်ရှေ့ ဗျောက်အိုး လာမဖောက်ရန် ပြောဆိုခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဗျောက်အိုးဖောက်နေသူက အသင့်ပါလာတဲ့ စကေဘာနဲ့ အမျိုးသမီးကို ဆင့်ထိုးပြီး ထွက်ပြေးသွားတယ်။ အခုထိ မမိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

စကေဘာဖြင့် အထိုးခံရသော အမျိုးသမီးမှာ ရင်ဘတ်နှင့် ဘယ်လက်တို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားရကြောင်း နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် အသက် ၃၀ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၂၊ ၃၂၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း မြောက်ဥက္ကလာပ 

လျှပ်စစ်ကြိုးပေါ် အဝတ်လှန်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

ဖြူး၊ စက်တင်ဘာ၂၂

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ မြို့မ(၁)ရပ်ကွက် မြို့သစ်ရှိ နေအိမ်တစ်လုံးတွင် အိမ်မီးဖိုချောင်နှင့် လျှပ်စစ်ရေမော်တာကို ဆက်သွယ်ထားသော မီးကြိုးပေါ် အဝတ်လှမ်းရာမှ စက်တက်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲက အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဇေယျဝတီနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ ဦးစိုင်းထိန်လင်းဖြစ်ပြီး အဝတ်လှမ်းစဉ် ဓာတ်လိုက်ရာမှ လဲကျကာ လက်ဖဝါးပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ရုပ်အလောင်းကို ဇေယျဝတီမြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ဇေယျဝတီနယ်မြေရဲစခန်းမှူး ရဲအုပ်ညွန့်သန်းက ပြောကြားသည်။

အိမ်အကူ မိန်းကလေးငယ်များအမှုနှင့်ပတ်သက်၍ တာဝန်ပေါ့လျော့ခဲ့သည့် ရဲအရာရှိအချို့ကို စတင်စစ်ဆေး

အင်းဝအပ်ချုပ်ဆိုင်က အမျိုးသမီးငယ် နှစ်ဦးအား နှိပ်စက်ခဲ့သည့်အမှုကို စတင်သတင်း ပေးရာတွင် အရေးယူဆောင်ရွက် ခြင်းနှင့်ပတ်သက်၍ ကျောက်တံ တားရဲစခန်းရှိ ရဲအရာရှိအချို့ကို ခုံစုံဖွဲ့စစ်ဆေးနေပြီး အရေးယူ ရန်ပြင်ဆင်နေကြောင်း သတင်း ရရှိသည်။

‘‘ဒီအမှုနဲ့ပတ်သက်ပြီး အမှု လက်ခံစစ်ဆေးခဲ့သူတွေကို စစ် နေပါတယ်။ စစ်ဆေးပေါ်ပေါက် ချက်အရ အပြစ်ရှိတယ်ဆိုရင် တော့ ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်းအရေးယူ အခုမှ စစ်ဆေးနေတာဖြစ်တဲ့အတွက် ဘာမှတော့ ပြောလို့မရသေးပါဘူး’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

ကျောက်တံတားမြို့နယ် အ မှတ်(၉)ရပ်ကွက် လမ်း ၄၀(အ ထက်)ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင် ရှင် ဒေါ်တင်သူဇာ၏ နေအိမ်တွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစတင်ကာ အသက်(၁၂)နှစ်အရွယ် အိမ်အ ကူအမျိုးသမီးငယ်များကို နေ့စဉ် နှိပ်စက်ခဲ့၍ Myanmar Now မှ သတင်းထောက် ကိုဆွေဝင်းက ကျောက်တံတား ရဲစခန်းသို့ သတင်းပေးပို့ တိုင်တန်းခဲ့သော် လည်း ချက်ချင်းအရေးယူ ဆောင် ရွက်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့နောက် အဆိုပါသတင်းထောက်က မြန်

မာနိုင်ငံ အမျိုးသား လူ့အခွင့်အ ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပြီး ရန်ကုန်တိုင်း လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စက် တင်ဘာ ၂၀ ရက်တွင် တရားလိုပြု လုပ်အမှုဖွင့်မှသာ ယင်းအမှုအား စတင်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော် စပြီး ကျောက် တံတားရဲစခန်းကို ဇွန်လနောက် ဆုံးပတ်မှာ ဓာတ်ပုံ အထောက် အထားတွေနဲ့ တိုင်ခဲ့တယ်။ အမှု ကို လက်ခံပေးတဲ့ ရဲအရာရှိက ဒုရဲအုပ်ပါ။ နောက်တော့ ဘာမှ အကြောင်းမထူးဘူးပြောတယ်။ လူ့အခွင့်အရေး ကော်မရှင်ကို ဆက်တိုင်တော့မှ ပြန်ဆက်သွယ် တယ်။ သြဂုတ်လလယ်လောက် မှာ အစအဆုံးပြန်ပြီး တိုင်စာလုပ် အသစ်ပြန်လုပ်ပေးခဲ့ရတယ်’’ဟု အမှုဖွင့်တိုင်ကြားသူ ကိုဆွေဝင်း က ပြောသည်။

အိမ်အကူမိန်းကလေးငယ် များကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာများ မပေးခဲ့ဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့သည့် ဒေါ်တင်သူဇာ အား စက်တင်ဘာ ၂၀ ရက် ညပိုင်း နှင့် တင်မင်းလတ်(ခ)ဖိုက်ဇယ်၊ စုမွန်လတ်တို့ကို စက်တင်ဘာ ၂၁ ရက် နေ့လယ်၌ ဖမ်းဆီးရမိခဲ့ သည်။

ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်က တရား လိုပြုလုပ်တိုင်ကြားခဲ့ပြီး ကျောက် တံတားရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၄/၃၂ ဖြင့် အမှုဖွင့်အရေးယူထားကာ အမှုစစ်ဆေးခဲ့သည့် ရဲအရာရှိ အချို့ကို စစ်ဆေးနေကြောင်း သိရသည်။