Thursday, September 22, 2016

ဗျောက်အိုးမဖောက်ရန် တားမြစ်သည့် အမျိုးသမီး စကေဘာဖြင့် အထိုးခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် ဥဇ္ဇနာ (၉) လမ်း၌ စက်တင်ဘာ ၂၁ ရက် ည ၉ နာရီက နေအိမ်ရှေ့၌ လာရောက် ဗျောက်အိုးဖောက်နေသူကို တားမြစ်ခဲ့သော အသက် ၃၂ နှစ်အရွယ် အမျိုးသမီး စကေဘာဖြင့် ဆင့်ထိုးခံရကြောင့် ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

နေအိမ်ပေါ်တက်၍ အမျိုးသမီးကို စကေဘာဖြင့် ထိုးခဲ့သော အမျိုးသားမှာ ယင်းလမ်းတွင် နေထိုင်သူဖြစ်ပြီး လမ်းပေါ်၌ ဗျောက်အိုးဖောက်နေစဉ် ဒေါ်စန်းစန်းသင်း (စကေဘာဖြင့် အထိုးခံရသူ) က နေအိမ်ရှေ့ ဗျောက်အိုး လာမဖောက်ရန် ပြောဆိုခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဗျောက်အိုးဖောက်နေသူက အသင့်ပါလာတဲ့ စကေဘာနဲ့ အမျိုးသမီးကို ဆင့်ထိုးပြီး ထွက်ပြေးသွားတယ်။ အခုထိ မမိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

စကေဘာဖြင့် အထိုးခံရသော အမျိုးသမီးမှာ ရင်ဘတ်နှင့် ဘယ်လက်တို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားရကြောင်း နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် အသက် ၃၀ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၂၊ ၃၂၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း မြောက်ဥက္ကလာပ 

No comments: