Friday, September 30, 2016

သီလဝါကုမ္ပဏီက ကျပ်တစ်သောင်းတန် အစုရှယ်ယာတွေကို ကျပ်တစ်ထောင် ပြောင်းလဲသတ်မှတ်

ကျပ်တစ်သောင်းနဲ့ ရောင်းချခဲ့တဲ့ သီလ၀ါအစုရှယ်ယာတွေကို ကျပ်တစ်ထောင်အစုရှယ်ယာတွေအဖြစ် ပြောင်းလဲ သတ်မှတ်မယ်လို့ မြန်မာသီလ၀ါကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။


အဲဒီလိုပြောင်းလဲသတ် မှတ်မယ့်အစည်းအဝေးကို လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့မှာ အမျိုးသားအားကစားရုံ(၁)သုဝဏ္ဏမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ အစုရှယ်ယာရှင်တွေကို ဖိတ်ကြားစာပေးပို့ သွားမှာဖြစ်ပြီး အဲဒိဖိတ်ကြားစာနဲ့အတူ အမြတ်ဝေစုခွဲဝေခြင်းနဲ့ပတ်သက်တဲ့ အကြောင်းကြားစာတွေကိုလည်း ပေးပို့သွားမှာဖြစ်ပါတယ်။ အမြတ်ဝေစုခွဲဝေပေမယ့်နေ့ကိုတော့ အစည်းအဝေးပြီးနောက်ပိုင်းမှာ အသိပေးထုတ် ပြန်သွားမယ်လို့ ကြေညာထားပါတယ်။
MCN

No comments: