Friday, September 30, 2016

ရန်ကုန်မြို့သစ် စီမံကိန်း တစ်နှစ်အတွင်း အကောင်အထည် ဖော်မယ်

ရန်ကုန်မြို့သစ်စီမံကိန်းကိုတစ်နှစ်အတွင်း အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောပါတယ်။

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေးမှာသတင်းမီဒီယာတွေနဲ့ တွေဆုံစဉ် အခုလိုပြောကြား လိုက်တာပါ။ယခင်က အဲဒီစီမံကိန်းအတွက် တင်ဒါကို ကုမ္ပဏီသုံးခုကို ခေါ်ယူပြီးစီမံကိန်း လုပ်ဆောင်ဖို့ ရှိပေမယ့် အခုအခါမှာတော့ အခြားကုမ္ပဏီတွေကိုလည်းခေါ်ယူမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြီးကြပ်ကွပ်ကဲသွားမှာဖြစ်ပါတယ်။

အခုအခါမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်မယ့် စီမံကိန်း၂၄ခုကို လွှတ်တော်ကိုတင်ပြထားပြီး အဲဒီအထဲက စီမံကိန်း၁၁ခုကို ဒီနှစ်အတွင်းမှာစတင်ဆောင်ရွက်မှာပါ။

အဲဒီစီမံကိန်းတွေထဲမှာ ရန်ကုန်မြို့သစ်စီမံကိန်းလည်း တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းဟာ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွံတေးနဲ့ ဆိပ်ကြီးခနောက်တိုမြို့နယ်တွေ မှာ ရှိတဲ့ မြေဧကနှစ်သောင်းကျော်မှစတင်မှာဖြစ်ပါတယ်။MCN

No comments: