Showing posts with label အခွန်ဘဏ္ဍာရေး. Show all posts
Showing posts with label အခွန်ဘဏ္ဍာရေး. Show all posts

Monday, September 26, 2016

ရန်ကုန်တိုင်းအစိုးရထံသို့ အခွန်ငွေ ၁၅ ရာခိုင်နှုန်းကို ပြည်တွင်းအခွန် ကလွှဲပြောင်းပေး

ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်ဦးစီးဌာနရုံးအား တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

 ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်တွင်းအခွန်များဦး စီးဌာနက ငါးလအတွင်း ကောက်ခံ ရရှိသော အခွန်ရငွေ၏ ၁၅ ရာခိုင် နှုန်း (ကျပ်သန်း ၇၀၀ ကျော်)ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့သို့ ပထမဆုံးအကြိမ် လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၆ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ယခု ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ အခွန်ကောက်ခံရရှိမှုများကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ထံသို့ ၁၅ ရာခိုင်နှုန်း လွှဲ ပြောင်းပေးရခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရ ပိုင်လုပ်ငန်းများမှ ကောက်ခံရရှိ ထားသည့် ကုန်သွယ်လုပ်ငန်းခွန် နှင့် အထူးကုန်စည်ခွန်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံသို့ စက်တင်ဘာ ၂၂ ရက်တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ယခု ဘဏ္ဍာနှစ်အစ ဧပြီမှ သြဂုတ်အထိ ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန် ၅၂၃ သန်း နှင့် အထူးကုန်စည်ခွန် ၁၉၄ သန်း ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ လွှဲပေးပြီးဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ကုန်သွယ်လုပ်ငန်းခွန်နဲ့ အ ထူးကုန်စည်ခွန်ကောက်ခံရရှိမှုရဲ့ ၁၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ၂၀၁၆ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ လွှဲ ပြောင်းပေးရတာ။ ဒါကို တိုင်းဒေ သကြီးအစိုးရအဖွဲ့ရဲ့ ရန်ပုံငွေအ ဖြစ်ထားမယ်’’ဟု ပြည်တွင်းအခွန် များဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ်မှစပြီး အထူး ကုန်စည်များဖြစ်သည့် စီးကရက်၊ ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်၊ ကွမ်းစားဆေးများ၊ အရက်၊ ဘီ ယာနှင့် ဝိုင်အမျိုးမျိုး၊ ကျွန်းသစ်နှင့်သစ်မာများ၊ ကျောက်စိမ်း၊ ပတ္တ မြား၊ နီလာ၊ မြ၊ စိန်နှင့် ကျောက် မျက်ရတနာအချောထည်၊ အ ကြမ်းထည်များ၊ ၁၈၀၀ စီစီအ ထက် ဗင်ကား၊ ဆလွန်းကားများ၊ စက်သုံးဆီများနှင့် သဘာဝဓာတ် ငွေ့တို့အား ထုတ်လုပ်တင်ပို့ ရောင်းချခြင်းများအတွက် သက် ဆိုင်ရာအခွန်ဦးစီးဌာနတွင် မှတ်ပုံ တင်ရမည်ဖြစ်သည်။

ရန်ကုန်တိုင်းတွင် အထူး ကုန်စည်ခွန်အဖြစ် မှတ်ပုံတင် ထားသည့် လုပ်ငန်းစုစုပေါင်း ၂၆၄ခုရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

 အထူးကုန် ပစ္စည်းများကို ဈေးကွက်ပေါက်ဈေးနှင့်အညီ အခွန်ကောက်ခံမည်ဖြစ်ပြီး ယင်းအချက်အလက်များကို အခွန်ဌာနသို့ ပေးပို့ရန် ပျက်ကွက်ပါက ဒဏ် ကြေးကျပ်သိန်း ၅၀ ပေးဆောင်ရ မည်ဖြစ်သည်။

ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အစ ဧပြီမှ သြဂုတ်အထိ ငါးလ တာကာလအတွင်း ရန်ကုန်တိုင်း တစ်တိုင်းလုံးတွင် အခွန်ကျပ် ၂၃၄ ဘီလီယံကောက်ခံရရှိသည်။