Wednesday, June 29, 2016

လင်းဇင်းကုန်းသုသာန်အရှုပ်တော်ပုံ


ပြုပြင်ရန် ပြင်ဆင်ထားသည့် လင်းဇင်းကုန်း သုသာန်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)


မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်၊ ဆင်စွယ် ပွတ်ရပ်၊ လင်းဇင်းကုန်းသုသာန်ရှိ အယုဒ္ဓ ယဘုရင်အုတ်ဂူဟု ယူဆရသည့် အရိုးအိုးစေတီပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ဆက်လက်လုပ် ကိုင်ခွင့်မပြုဘဲ ရပ်ဆိုင်းထားရန် မန္တလေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့မှ ၂၀၁၆ ဇွန်လ ၂၂ ရက်တွင် သတိပေးတားမြစ်ခဲ့သည်။ လင်း ဇင်းကုန်းသုသာန်အတွင်းရှိ အရိုး အိုးစေတီအား ဌာပနာသွင်းပွဲပြု လုပ်ရန် စီစဉ်နေခြင်းနှင့် ဆက် လက်ဆောင်ရွက်နေသည့် ရှေး ဟောင်းသို့ အဆောက်အအုံများပြုပြင်မှုများကို ရပ်ဆိုင်းထားရန် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက ဥဒုမ္ဗရယဉ်ကျေး မှုထိန်းသိမ်းရေးအဖွဲ့ထံ စာပို့တား မြစ်ခဲ့သည်။

ထိုင်းဘုရင့်အုတ်ဂူဟု ယူဆ ရသည့် အရိုးအိုးစေတီဌာပနာပိတ် ပွဲပြုလုပ်ရန် ၄ ရက်ခန့်အလိုတွင် အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ပြုလုပ် သည်ဟု ဆိုကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထပ်မံတားမြစ်ခဲ့ခြင်းလည်း ဖြစ် သည်။

  လင်းဇင်းကုန်း သုသာန်ရှိ အယုဒ္ဓယဘုရင်ဟောင်း အုတ်ဂူ ဟု ယူဆရသော အရိုးအိုးစေတီနှင့်ရှေးဟောင်းအဆောက်အအုံများ မှာ မြန်မာ၊ ထိုင်းနှစ်နိုင်ငံ၏ သမိုင်းအနာဂတ်နှင့် သက်ဆိုင်နေပြီး လတ်တလောလုပ်ဆောင်နေသည့် ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများမှာ သာသနာရေးဥပဒေ၊ ယဉ်ကျေးမှု ဥပဒေများနှင့် ဆန့်ကျင်နေသည့်

တွက် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

‘‘ဒီဟာက နှစ်နိုင်ငံအရေးဖြစ် နေတဲ့အတွက် အစိုးရအချင်းချင်း သာ ဆက်လုပ်သွားမှာ ဖြစ်ပါ တယ်။ သူတို့က သာသနာရေး ဥပဒေ၊ ယဉ်ကျေးမှုဥပဒေတွေနဲ့ ဆန့်ကျင်လုပ်ဆောင်နေပါတယ်’’ ဟု ၀န်ကြီးချုပ် ဒေါက်တာ ဇော် မြင့်မောင်က ဇွန်လ ၂၄ ရက်တွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

အရိုးအိုးစေတီနှင့် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းမှာ နှစ်နိုင်ငံအစိုးရအချင်း ချင်းလုပ်ကိုင်ရမည့် ကိစ္စရပ်များ ဖြစ်ပြီး အစိုးရအချင်းချင်းသာ ညှိနှိုင်း လုပ်ဆောင်သွားမည်ဟုလည်း၎င်းက ပြောသည်။

ထိုင်းဘုရင့်အုတ်ဂူဟောင်းဟု ယူဆရသည့် အရိုးအိုးစေတီနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးအထိ တင်ပြထားပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံမှ အကြောင်းပြန်ကြားချက်အပေါ် မူတည်ကာ ဆက်လက်လုပ်ဆောင်မည်ဟု ၀န်ကြီး ချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

လက်ရှိတွင် လင်းဇင်းကုန်း သုသာန်ရှိ ရှေးဟောင်းစေတီနှင့် အဆောက်အအုံများတူးဖော်ပြု ပြင်ထိန်းသိမ်းမှု ပြုလုပ်လျက်ရှိ သည့် မြေအကျယ်တစ်ဧကတွင် မည်သူမျှ ၀င်ရောက်ခြင်းမပြုရ၊ မကျူးကျော်ရဟူသည့် ဆိုင်းဘုတ်များကို စည်ပင်သာယာရေးကော် မတီက စိုက်ထူထားသည်။ အမရ ပူရ၊ လင်းဇင်းကုန်းသုသာန်တွင် အယုဒ္ဒယနန်းကျဘုရင် ဥတွန်ပုံ (ကျောက်ဘွားဒေါက် မဒူးဝါး) (ရဟန်းဘွဲ့-ဥဒုမ္ဗရဟာထေရ်)၏ အရိုးပြာဂူသွင်းသင်္ဂြိုဟ်ခဲ့သည်ဟူ သော ယူဆချက်ဖြင့် ၂၀၁၂ ဖေ ဖော်ဝါရီလတွင် ထိုင်းနှင့် မြန်မာ သမိုင်းပညာရှင်အချို့က စတင် တူးဖော်ခဲ့ကြသည်။

လင်းဇင်းကုန်းသုသာန်သည် မြန်မာဘုရင်များလက်ထက်ကုန်း ဘောင်ခေတ်က အင်းဝ၊ အမရပူ ရနှင့် မန္တလေးတစ်ဝိုက်တွင် နေထိုင်ကြသည့် မွတ်စလင် (ပသီ)၊ ယိုးဒယား၊ လာအို၊ အာမေးနီးယန်း၊ တရုတ်စသည့်လူမျိုးများသေဆုံးလျှင် မြှုပ်နှံသင်္ဂြိုဟ်သည့် သုသာန်ဖြစ်နိုင်သည်ဟု သမိုင်းပညာရှင်များက ယူဆသည်။

ကုန်းဘောင်ခေတ် ဆင်ဖြူ ရှင်မင်းလက်ထက် ၁၇၆၇ တွင် အယုဒ္ဓယကို စစ်နိုင်ခဲ့ပြီးနောက် ယိုးဒယားဘုရင်အပါအ၀င် မင်းညီမင်းသား၊ ဆွေတော်မျိုးတော်များ၊ သူဌေးသူကြွယ်၊ လက်မှုပညာသည်များနှင့် အဆိုအတီး ဂီတပညာရှင်များစသည်တို့ကို သုံ့ပန်းများအဖြစ် အင်းဝသို့ ခေါ် ဆောင်ခဲ့သည်။ အယုဒ္ဓယဘုရင် ဟောင်းမှာ အင်းဝတွင် ရဟန်း ၀တ်ဖြင့် နေထိုင်ခဲ့ပြီး ၎င်းကွယ် လွန်ချိန်တွင် အမရပူရ လင်းဇင်း ကုန်းသုသာန်တွင် မြုပ်နှံသင်္ဂြိုဟ်  ခဲ့သည်ဟူသော သမိုင်းမှတ်တမ်း၊ ယူဆချက်များဖြင့် လင်းဇင်းကုန်း သုသာန်အတွင်း ၂၀၁၂ မှစတင်ကာ ထိုင်းဘုရင့်အုတ်ဂူတူးဖော်ခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ဆန်းပိုင်းက အမရပူရ၊ လင်းဇင်းကုန်းသုသာန်အား ဖျက်သိမ်းမည်ဖြစ်ပြီး အများပြည်သူအပန်းဖြေနေရာအဖြစ် ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မ တီက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ကြေညာပြီးနောက် မြန်မာ့ သမိုင်း မှတ်တမ်းမှတ်ရာများနှင့် သမိုင်းပညာရှင် ဆရာကြီးဒေါက် တာ သန်းထွန်း၊ ဆရာတော် ကိုပညာ (အမရပူရ)၊ ဆရာဝန် တင်မောင်ကြည်စသည်တို့၏ သုံး သပ်မှုများအပေါ် အခြေခံကာ လင်းဇင်းကုန်းသုသာန်တွင် ယိုး ဒယားဘုရင်ဟောင်း ဥဒုမ္ဗရဟာ ထေရ်၏ အရိုးအိုးဂူရှိနိုင်သည်ဟု သော ယူဆချက်ဖြင့် ၂၀၁၂ တွင် စတင် တူးဖော်ခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းဘုရင့်အုတ်ဂူတူးဖော် ခြင်းလုပ်ငန်းများကို ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၂တွင် ပထမအဆင့်တူးဖော်ခဲ့ရာ ထိုင်းဘုရင့်အုတ်ဂူဟု ယူဆရ သော အုတ်ဂူအတွင်းမှ အရိုးများ ထည့်ထားသည့် မှန်စီရွှေချသပိတ် တစ်လုံးနှင့် ခါးပန်းစည်းကြိုး၊ သင်္ကန်းစသည်တို့ကို တွေ့ရှိခဲ့ သည်ဟု ဆိုသည်။

ဒုတိယအဆင့်အနေဖြင့် တူး ဖော်ရေးလုပ်ငန်းများနှင့် သုတေ သနလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် မန္တလေးမြို့ခံဗိသုကာပညာရှင် တမ္ပ၀တီဦးဝင်းမောင်၊ ထိုင်းနိုင်ငံသားသုတေသနပညာ ရှင် မစ်ကီဟတ်အပါအ၀င် ထိုင်း-မြန်မာရှေးဟောင်းသုတေသနနှင့် သမိုင်းဝါသနာရှင်များ၊ ပညာရှင် များဖြင့် အဖွဲ့ဝင် ၂၀ ခန့်ပါဝင် သည့် ပူးပေါင်းအဖွဲ့တစ်ခုကို ထပ်မံဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့အား အယုဒ္ဓယဘုရင်ဟောင်းဥတွန်ပုံ (ကျောက်ဘွားဒေါက်မဒူဝါး)၏ အမည်ကိုအစွဲပြုကာ ရေသဖန်း ပွင့်အဖွဲ့ဟု အမည်ပေးခဲ့သည်။ ၎င်းအဖွဲ့၏ တူးဖော်ရေးလုပ်ငန်း များနှင့် သုတေသနလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ထိုင်းဘုရင့်ဘဏ္ဍာ ထိန်းအဖွဲ့က ငွေကြေးစိုက်ထုတ် ပေးခဲ့ပြီး ဘတ်ငွေသန်း ၄၀ ခန့် ထောက်ပံ့ပေးခဲ့သည်ဟု မစ်ကီ ဟတ်က ၂၀၁၄ က ဧရာဝတီ သတင်းဌာနသို့ ပြောကြားထားသည်။

 ရေသဖန်းပွင့်အဖွဲ့က တူး ဖော်မှုများလုပ်ကိုင်ခဲ့ရာတွင် ထိုင်း ဘုရင့်အုတ်ဂူဟောင်းဟု ယူဆရ သည့် အုတ်ဂူအနီးမှ အရိုးအိုးစေတီနှင့် ပြသာဒ်ဆောင်အချို့ကို ပါ ထပ်မံတူးဖော်တွေ့ရှိခဲ့သည်။ ထို့နောက် လင်းဇင်းကုန်းသုသာန် ရှိ ရှေးဟောင်းစေတီနှင့် အဆောက်အအုံများပြုပြင်မွမ်းမံရန်အတွက် မြေနေရာပေးရန် ရေသဖန်းပွင့် အဖွဲ့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြတောင်းခံခဲ့ ပြီး မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ၂၀၁၅ ဒီဇင် ဘာ ၂၄ ရက်တွင် ရှေးဟောင်းအ ဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ကိုင်နိုင်ရန် မြေဧကတစ်ဧက ခွင့်ပြုပေးခဲ့သည်။

နောက်ပိုင်းတွင်မူ တူးဖော် တွေ့ရှိခဲ့သည့် အရိုးအိုးနှင့် အရိုး အိုးစေတီမှာ ထိုင်းဘုရင်ဟောင်း ၏ အရိုးအိုးဟုတ်၊ မဟုတ်အငြင်း ပွားမှုများရှိလာခဲ့ပြီး ဥဒုမ္ဗရယဉ် ကျေးမှုအဖွဲ့အနေဖြင့်လည်း အရိုးအိုးစေတီပြုပြင်တည်ဆောက် ခြင်းများပြုလုပ်လာခဲ့သည်။ ထိုင်း ဘုရင့်အုတ်ဂူဟုတ်၊ မဟုတ်စစ် ဆေးမှုများပြုလုပ်နေဆဲအချိန် တွင် ထိုင်းဘုရင့်အုတ်ဂူဟောင်း တူးဖော်နေမှုနှင့် အဆောက်အအုံ များ ပြုပြင်ထိန်းသိမ်းခြင်း လုပ် ဆောင်နေမှုများကို ရပ်ဆိုင်းထား ရန် ၂၀၁၆ ဇန်န၀ါရီတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တားမြစ်ခဲ့သည်။ စေတီတည် ဆောက်ခြင်းလုပ်ငန်းမှာ နှစ်နိုင်ငံ အစိုးရအချင်းချင်း ဆက်သွယ် ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သည်ဟုဆိုကာ တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများက ပြောသည်။ထိုအခြေအနေတွင် လင်း ဇင်းကုန်းသုသာန်တွင် တူးဖော် တွေ့ရှိခဲ့သည့် ထိုင်းဘုရင်အုတ်ဂူ ဟောင်းနှင့် ပတ်သက်၍လည်း ထိုင်းဘုရင့်အုတ်ဂူဟောင်းဟုတ်၊ မဟုတ် သမိုင်းကြောင်းအထောက်အထားများအရ အငြင်းပွားမှုများ ရှိနေခဲ့သည်။

တူးဖော်တွေ့ရှိခဲ့သည့် အရိုး အိုးမှာ ထိုင်းဘုရင်ဥဒုမ္ဗရ၏ အရိုး အိုးဟုတ်၊ မဟုတ်အတည်မပြုနိုင် ဘဲ အင်းဝခေတ် မြန်မာရဟန်း တော်တစ်ပါး၏ အရိုးအိုးလည်း ဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ဆရာဝန်တင်မောင်ကြည် (အစိုးရသစ်ဖွဲ့စည်းသည့် စိစစ်ရေးအဖွဲ့ ၀င် ပညာရှင်)က ပြောသည်။

၂၀၁၆ နှစ်ဆန်းပိုင်းတွင်မူ ထိုင်းနိုင်ငံဒုတိယသာသနာပိုင်အဖွဲ့တောင်းဆိုမှုဖြင့် သီတဂူဆရာ တော်ဦးဆောင်ကာ တတိယစီမံ ကိန်းအဖြစ် ထိုင်းဘုရင့်အုတ်ဂူ ဟောင်းအရိုးအိုးစေတီပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သစ်တာဝန်ယူပြီး နောက်ပိုင်းတွင် ထိုင်းဘုရင့်အုတ် ဂူဟောင်းတူးဖော်မှုလုပ်ငန်းများ နှင့် ပတ်သက်၍ တွေ့ရှိခဲ့သည့် အရိုးအိုးသည် ထိုင်းဘုရင်အရိုး အိုးဟုတ်၊ မဟုတ် DNA စစ်ဆေးခြင်း၊ ထိုင်းဘုရင်အုတ်ဂူပြုပြင်ရာတွင် ရှေးဟောင်းသုတေသနက လက်ခံနိုင်မည့် ပြုပြင်မှုဟုတ်၊ မဟုတ် စစ်ဆေးခြင်းနှင့် နိုင်ငံချစ်ကြည် ရေးပျက်ပြားနိုင်မှုရှိ၊ မရှိတို့ကို စစ် ဆေးနိုင်ရန် ပညာရှင် ၁၀ ဦးပါ အဖွဲ့တစ်ဖွဲ့ကို အစိုးရသစ်က ဖွဲ့ စည်းခဲ့သည်။ ၎င်းစိစစ်ရေးအဖွဲ့ တွင် သမိုင်းပညာရှင်၊ ယဉ်ကျေး မှုရှေးဟောင်းပညာရှင်၊ မြို့တော် စည်ပင်သာယာ၊ သာသနာရေး ဦးစီးဌာန၊ ရှေးဟောင်းသုတေ သနဦးစီးဌာနစသည်တို့မှ ပုဂ္ဂိုလ် များပါဝင်ခဲ့ပြီး လတ်တလောလုပ် ဆောင်နေသည့် ထိုင်းဘုရင့်အုတ်ဂူဟု ယူဆရသည့် အရိုးအိုးစေတီ နှင့် ရှေးဟောင်းသာသနိကအ ဆောက်အအုံများပြုပြင်တည် ဆောက်ရေးလုပ်ဆောင်နေမှုများ မှာ ဥပဒေနှင့်မညီသည့်အတွက် ရပ်ဆိုင်းထားရန် ဇွန်လ ၂၂ ရက် တွင် တိုင်းအစိုးရက ထပ်မံတား မြစ်ခဲ့ခြင်း ဖြစ်သည်။

‘‘အရင်အစိုးရတုန်းကလည်း ခွင့်ပြုထားပြီးသားပါပဲ။ တူးဖော် ရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ နိုင်ငံက ရှေးဟောင်းပစ္စည်းက တစ်ခုပဲရှိတာ ဘုရင့်နောင်၊ ဆင်ဖြူရှင်၊ ဦးအောင်ဇေယျလက်ထက် ခေတ်အဆက်ဆက်တုန်းက တည်ထားတဲ့ ဘုရားတွေအများကြီးပါ။ ဒါတွေကို ပြန်ပြင်လို့ရအောင် အ ပြန်အလှန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါပဲ’’ဟု ထိုင်းဘုရင့်အုတ်ဂူတူး ဖော်ရေးဦးဆောင်လုပ်ကိုင်နေသူ တမ္ပ၀တီ ဦးဝင်းမောင်က ပြောသည်။

လင်းဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင်၏ ယိုးဒယားကျောင်း ဟုယူဆရသည့် ရှေးဟောင်း စေတီဌာပနာပိတ်ပွဲကို ဇွန်လ ၂၇ ရက်တွင် ကျင်းပပြုလုပ်ရန် စီစဉ် ထားခဲ့သော်လည်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီ၏ တားမြစ်ချက်ကြောင့် ဌာပ နာပိတ်ပွဲပြုလုပ်မည့် အစီအစဉ် များဖျက်သိမ်းခဲ့ရသည်ဟု ဦးဝင်း မောင်က ပြောသည်။

သို့သော် ဇွန်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ ဒုတိယသာသနာပိုင် ဆရာတော် ဗုဒ္ဓဇီန၀ံသနှင့် ဆရာ တော် ၁၇ ပါး ကိုလင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင်အုတ်ဂူဟု ယူဆရသော အုတ်ဂူနှင့် စေတီ တို့ကို လာရောက်ကန်တော့ခဲ့ကြ ပြီး ဌာပနာများနှင့် ဆင်းတုတော် များကို လှူဒါန်းခဲ့သည်။

ထိုင်းဘုရင့်အုတ်ဂူပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများမှာမူ လက်ရှိအချိန်ထိ ရပ်ဆိုင်းထားဆဲဖြစ်ပြီး နှစ်နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှသာ ရှေ့ဆက်လုပ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။လက်ရှိလုပ်ဆောင်နေမှုများ သည် ထိုင်း-မြန်မာနှစ်နိုင်ငံနှင့် သက်ဆိုင်သော်လည်း အစိုးရဌာန များကို တင်ပြခြင်းမရှိဘဲ လုပ် ဆောင်နေသည့်အတွက် ဥပဒေ နှင့်မညီကြောင်း၊ ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ တင်ပြလုပ် ဆောင်မှသာခွင့်ပြုမည် ဖြစ်သည် ဟု ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

သို့သော် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေသည်ဆိုခြင်းမှာ နားလည်မှုလွဲမှားခြင်းသာဖြစ် ကြောင်း ထိုင်းဘုရင့်အုတ်ဂူပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ် ကိုင်နေသည့် တမ္ပ၀တီဦးဝင်း မောင်က ပြောသည်။

‘‘နားလည်မှုလွဲတာပေါ့။ အရင်အစိုးရတုန်းက အပြည့်အစုံ ချထားပေးပြီးသား။ အဲဒါကို နောက်အစိုးရမြေနေရာပဲချပေး ပြီး လုပ်ကိုင်ခွင့်ချမပေးဘူးဆိုပြီး နားလည်မှုလွဲတာပါ။ စည်ပင်သာ ယာက နေ့တိုင်းလို ဒီနေ့ဘာလုပ် တယ်။ ဘယ်ဧည့်သည်တွေလာ တယ်ဆိုတာ လာမေးနေတော့ ထူးပြီးတော့ တင်စရာမလိုဘူးဆိုပြီး ဒါနဲ့ပတ်သက်ပြီး စာမတင်တာ လည်းပါတယ်။ လာမေးမှတော့ သူတို့သိပြီးသား သဘောမျိုးပါ။ ဒါကို အကောင်းအမြင်နဲ့ ကြည့်မယ် ဆိုရင် ဘုရားတည်ကျောင်း ဆောက်လုပ်နေတာမှာ လိုအပ် တာရှိရင်လာညှိဖို့ပါ။ စာမတင်ဘူးဆိုရင်လည်း တင်ဖို့လိုတယ်။ ဘာ မှလည်း သတိပေးတာမရှိဘဲနဲ့ ဗြုန်းဆိုင်းကြီးဥပဒေချိုးဖောက် တယ်ဆိုပြီး ရပ်ဆိုင်းခိုင်းတာ’’ဟု ကမ္ပ၀တီဦးဝင်းမောင်က ပြော သည်။

ထိုင်းနိုင်ငံဒုတိယသာသနာ ပိုင်အဖွဲ့ကမူ ထိုင်းဘုရင့်အုတ်ဂူ ဟု ယူဆရသော အုတ်ဂူ၊ အရိုးအိုးစေတီနှင့် သာသနိကအဆောက် အအုံပြုပြင်ထိန်းသိမ်းခြင်းလုပ် ငန်းများဆက်လက်လုပ်ကိုင်ခွင့်ရ ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထံတင်ပြပြီး ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာနထံသို့ တင်ပြ တောင်းဆိုသွားမည်ဖြစ်သည်ဟု ဇွန်လ ၂၅ ရက်က လာရောက်ရာ တွင် ပြောကြားသွားသည်။

No comments: