Tuesday, June 28, 2016

"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတွက် လျှို့ဝှက်ရည်မှန်းချက်ဆိုတာ မရှိ ဟု ဒေါ်အောင်ဆန်းစုကြည်ပြော"


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါ လျှို့ဝှက်ရည်မှန်းချက်ဆိုတာ မရှိ ဘူးလို့ ပြောပါတယ်။
ိသူမက"ကျွန်မတို့ အစိုးရအနေနဲ့  လျှို့ ဝှက် ရည်မှန်းချက်တွေလည်း မရှိပါဘူး။ စစ်မှန်တဲ့ ကျွန်မတို့ ရဲ့ ပြည်ထောင်စု နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ချမ်းချမ်းသာသာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်။ "လို့ဆိုပါတယ်။
ဆက်လက်ပြီးသူမကပဲ လက်ရှိအစိုးရဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကြောင့် ပြောင်းအလဲတွေနဲ့ကြုံတွေ့လာရင်လည်း စိုးရိမ်ပူန်ခြင်းမရှိကြဖို့ တိုင်းရင်းသားတွေကိုမှာကြားပါတယ်။တိုင်းရင်းသားတွေ ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေကို လည်း  သည်ဆွေးနွေးပွဲမှာတင်ပြကြဖို့ နဲ့ရှိတဲ့ စိုးရိမ်ပူပန်မှုတွေကို ယုံကြည်မှုနဲ့ ကျော်လွှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် ကမှာကြားပါသေးတယ်။
သူမက"လူတွေက အပြောင်းအလဲနဲ့ ရင်ဆိုင်ရပြီဆိုရင် စိုးရိမ်ကြတယ်။ ဒါကလည်း သဘာဝကျပါတယ်။ အရင်တုန်းက မတွေ့ မကြုံဖူးတဲ့ ကိစ္စတွေ၊ အရင်တုန်းက အလေ့အကျင့် မရှိဖူးတဲ့ အရာတွေနဲ့ မျက်နှာချင်းဆိုင်ရပြီဆိုရင် စိုးရိမ်မှု ရှိတယ်ဆိုတာ သဘာဝကျပါတယ်။ အဲဒီ စိုးရိမ်မှုကို တိုက်ဖျက်နိုင်တဲ့ အရာကတော့ ယုံကြည်မှုပါပဲ။ ယုံကြည်မှု ရှိတယ်ဆိုရင် စိုးရိမ်မှုကို ကျော်လွှားနိုင်ပါတယ်။"လို့လည်းပြောပါတယ်။

ဇွန်လ၂၈ရက်နေ့မနက်ပိုင်းနေပြည်တော် Horizon Lake view Hotelမှာ ကျင်းပနေတဲ့ NCAလက်မှတ်ထိုးထားတဲ့အဖွဲ့ ရှစ်ဖွဲ့ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားပြောကြားစဉ်အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

Author\photo - ဖေသက်ထက်ခင်

No comments: