ကိုရင်လေးသီတင်သုံးရာ မိုင်းရှုးကဘုန်းကြီးကျောင်းကြီး မီးလောင်တော့
ကိုရင်လေးက ကြောက်အားလန့်အားနဲ့မပြေးတတ်တော့ ကိုရင်လေးနောက်ကျော၊
ဦးခေါင်းနဲ့လက်တွေ
မီးလောင်ခံရပါတယ်။
မိုင်းရှုးဆေးရုံကနေ မန္တလေးဆေးရုံး
ကိုလွှဲပေမယ့် ကိုရင့်အဖေက ပိုက်ဆံတစ်သောင်းပဲရှိ
တာကြောင့် မန္တလေးလာကုဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။
ဒါကိုသတင်းထောက်တစ်ယောက်က
တွေ့လို့ကျွန်တော်
တို့ဆီဖုန်းဆက်အကူအညီတောင်းခဲ့လို့ မန္တလေးကုတင်
၅၅၀ဆေးရုံလာခဲ့ပါလို့ အကြောင်းပြန်ပေးခဲ့ပါတယ်။
ကုတင်၅၅၀ကလေးဆေးရုံကိုရောက်
လာတော့ ဆေးရုံ
က ဆရာ/ဆရာမတွေက ချက်ချင်းပဲ ရေမိုးသန့်စင်ပေး
မီးလောင်နာ အနာကျက်ဆေးတွေလိမ်းပေးပါတယ်။
အဲ့ဒီအတွက်လဲ ကျေးဇူးအထူးတင်ရပါတယ်။
ကိုရင်လေး
အခြေအနေကစိုးရိမ်ရဆဲ
အခြေအနေမှာပဲရှိနေပြီး
ဆေးဝါးကုသမှုဆက်လက်ခံယူရဦးမှာပါ။
ဆေးရုံကရှိတဲ့
ဆေးတွေကို အခမဲ့ပေးပေမယ့် မရှိတဲ့ဆေးကျတော့
အပြင်ကဝယ်ရပါတယ်။
နောက်ကလေးသုံးယောက်က
လဲ ကြည့်ရှုပေးမယ့်သူမရှိတော့ ဆေးရုံကိုတပါတည်း
ခေါ်လာရလို့ စားစရိတ်အခက်အခဲလဲဖြစ်နေရှာပါတယ်။
ကိုရင်လေးအတွက်လှုဒါန်းလိုသူများ
ဆက်သွယ်နိုင်ပါသည်။
ONETOONEပြည်သူ့ကူညီရေးအဖွဲ့
ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈
မောင်လူပျော် ဖုန်း ၀၉၄၀၂၅၇၇၁၄၃
No comments:
Post a Comment