Wednesday, June 29, 2016

အမှည့်မြန်အောင် ဓါတုဆေးရေများ သုံးနေသည့် သရက်သီး ဒိုင်များကို အိန္ဒိယ ရဲများက ဖမ်းဆီး

 


28June2016

Tamil Nadu တမီနာဒူး ပြည်နယ် မှာ သရက်သီးစိမ်းတွေကို ကယ်လ ဆီ ယမ် ကာဗိုက် calcium carbide အမှုန့် နဲ့ အရည်ကို ပက်ဖြန်းနေတဲ့ Kuniyamuthur ကူနီယာမူသာသစ်သီးဈေး က သရက်သီးဒိုင်တွေကို အစား အသောက် လုံခြုံမှု စစ်ဆေးရေးအဖွဲ့ တွေက ၀င်ရောက်ဖမ်း ဆီးခဲ့ပါတယ်။



ဆေးဖြန်းထားတဲ့ သရက်သရက်သီးစိမ်း (၁၀)တန်နဲ့  ကယ်လဆီယမ် ကာဗိုက်အမှုန့် ကီလို ၂၅၀ ကို တွေ့ ရှိခဲ့ပြီး ခုလို လူထုအတွက်ကျန်းမာရေး ထိခိုက်မယ့် ဓါတုဆေးတွေသုံးနေတဲ့  သရက်သီးဒိုင်ပိုင်ရှင်တွေကို ဥပဒေအရအယူသွားမှာ ဖြစ်တယ်လို့  Newsindiaexpress သတင်းမှာ ဖေါ်ပြထားပါတယ်။


ကျန်မာရေး ဆရာဝန်တွေရဲ့ စစ်ဆေးတွေ့ ရှိချက်တွေမှာ ခုလို ဓါတုဆေးသုံးအပူတိုက်ပြီး မှည့်လာအောင်ဖန်တီးထားတဲ့ သရက်သီးတွေကို စားသုံးမိသူတွေအတွက် ကျောက်ကပ် နဲ့ အသဲကို ပျက်ဆီးစေနိုင်ပြီး လေနာ ရောဂါဖြစ်ပွား မှာကြောင့်မစားကြဘို့  သတိပေးထားပါတယ်။

Social Action for Women - SAW

No comments: