Sunday, June 26, 2016

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပယ်ဖျက် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ် ၃၆၀ နှင့် အထက် ရရှိသူများ လျှောက်ထားနိုင်

 ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် ၂၀၁၆-၂၀၁၇ ၀င်ခွင့်အတွက် ၀င်ခွင့်စာမေးပွဲ စစ်ဆေးမှုကို ပယ်ဖျက်လိုက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် အ မှတ်ပေါင်း ၃၆၀ နှင့် အထက် ရရှိ သူများ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေ ဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.A gr.Sc) ငါးနှစ်သင်တန်းအတွက် ၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်သူများထဲမှ အမှတ်ပေါင်း ၃၆၀နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်သည်။
အဆိုပါဝင်ခွင့်လျှောက် ထားရာတွင် အမျိုးသား ၂၀၀ ဦး နှင့် အမျိုးသမီး ၂၀၀ ဦး ခေါ်ယူ မည်ဖြစ်သည်။
‘‘အမှတ် ၃၆၀ တိုက်ရိုက် လျှောက်ရမယ်။ ၀င်ခွင့်မရှိတော့ ဘူး။ စာမေးပွဲမရှိတော့ဘဲနဲ့ တိုက် ရိုက်လျှောက်လို့ ရသွားမှာပေါ့။ အခုဟာက ၀န်ကြီး၊ ဒုဝန်ကြီးတွေ ရဲ့ တိုက်ရိုက်ပေါ်လစီလေ’’ဟု ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးကြွယ် က ပြောကြားသည်။
ရေဆင်းစိုက်ပျိုးရေးတက္က သိုလ်သည် ယခင်က ၀င်ခွင့်အ ရည်အချင်းစစ် စာမေးပွဲဖြင့် စိစစ် ရွေးချယ်လက်ခံခဲ့ခြင်းဖြစ်သည်။
ဝင်ခွင့်လျှောက်ထားသူများ အနေဖြင့် တက္ကသိုလ်ဝင်ခွင့်စာ မေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝ ဗေဒ ဘာသာတွဲဖြင့် အောင်မြင် သူဖြစ်ရန်လိုအပ်သည်။
ပထမနှစ်ဝင်ခွင့်လျှောက် လွှာပုံစံကို မိမိအစီအစဉ်ဖြင့် (A4-Size) ကွန်ပျူတာရိုက်၍ လျှောက်ထားရမည်ဖြစ်ပြီး ပူးတွဲ အထောက်အထားများအဖြစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်ကြောင်း သက်ဆိုင်ရာကျောင်း အုပ်ကြီး၏ ထောက်ခံချက်(မူရင်း)၊ လျှောက်ထားသူ မိဘနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်၊ ရဲစခန်းထောက်ခံချက် (မူရင်း)၊ လိုင်စင်ဓာတ်ပုံ သုံးပုံ လို အပ်မည်ဖြစ်ကြောင်း ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်က ထုတ် ပြန်ကြေညာထားသည်။
လျှောက်လွှာများကို ကျောင်း သားရေးရာဌာန၊ ရေဆင်း စိုက်ပျိုး ရေးတက္ကသိုလ်၊ ရေဆင်းသို့ လိပ် မူ၍ ၂၀၁၆ သြဂုတ် ၁၉ ရက် နောက်ဆုံးထားပေးပို့ရမည် ဖြစ် သည်။

No comments: