Sunday, June 26, 2016

မန်းတွင် ကျပ်သန်းပေါင်း ၅၅၀၀ နီးပါး မီးရှို့ဖျက်စီးမည် =======================



မန္တလေးမြို့၌ ဖမ်းစီးရမိထားသည့် မူးယစ်ဆေးဝါးများ နှင့် ထိန်းချုပ်ဓာတုပစ္စည်း စုစုပေါင်း ကျပ်သန်း ၅၄၉၉.၃၄၅၅၉၆ ဖိုး ဇွန်လ ၂၆ ရက်နေ့တွင် မီးရှို့ဖျက်စီးသွားမည်ဖြစ်ကြောင်း မူးယစ်အထူးတပ်ဖွဲ့ (တောင်ပိုင်း) က သိရသည် ။

ယင်းမီးရှို့ဖျက်စီးသည့် မူးယစ်ဆေးဝါးများသည် နေပြည်တော် ၊ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး တို့မှ ဖမ်းစီးရမိသည့် မူးယစ်ဆေးဝါးများ နှင့် ထိန်းချုပ်ဓာတုပစ္စည်းဖြစ်ပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန်းတောင်ခြေအားကစားကွင်းတွင် မီးရှို့ဖျက်စီးသွားမည် ဖြစ်သည် ။

``နှစ်စဉ်ဖျက်စီးနေကြဖြစ်ပါတယ် ။ နှစ်တစ်နှစ်မှာ ဖမ်းစီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီလိုမီးရှို့ဖျက်စီးပြစ်တာ နောက်ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ်တယ် ။´´ ဟု မူးယစ်အထူးတပ်ဖွဲ့ (တောင်ပိုင်း) မှ ဒုရဲမှူးကြီး ဦးမြင့်အောင် က ပြောသည် ။

မီးရှို့ဖျက်စီးမည့် မူးယစ်ဆေးဝါးများ နှင့် ထိန်းချုပ်ဓာတုပစ္စည်းမှာ ဘိန်းဖြူ ဘိန်းစိမ်း ဘိန်းဆီခဲ နှင့် စိတ်ကြွဆေးပြားများ ၊ အက်တက်စီဆေးပြားများ ၊ Diazepan စသည်တို့ဖြစ်သည် ။

ထို့အပြင် ရန်ကုန်မြို့တွင်လည်း ဇွန် ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၁၉ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်သည် ။
စိုင်းထူးခန့်


No comments: