Wednesday, June 29, 2016

လွတ်လပ်စွာ သတင်းရေးသားခွင့်ဟု ဆိုရာဝယ် ====================================


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင် နိုင်ငံသားများအနေဖြင့် မိမိ၏ယုံ ကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့် နှင့်ပတ်သက်၍ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာ ယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်စေဘဲ ပြုလုပ်ရမည်ဟူသည့် ဥပဒေပုဒ်မတစ်ခုပါရှိပါသည်။
ဆိုလိုသည်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ဟုဆိုသော်လည်း အခြေအနေတစ်ခုတွင် လွတ်လပ်စွာရေးသားခွင့်မပြုဘဲ ပြန်လည်ချုပ်ထိန်းထား သည့် ကန့်သတ်ချက်များရှိနေသည်ကို ထောက်ပြလိုခြင်းဖြစ်ပါသည်။
၁၄.၆.၂၀၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက်္ခာ ရုပ်ရှင်ပွဲတော်ကို ကျင်းပခဲ့ပါသည်။ ထိုပွဲတော်တွင် ပြသမည့်ရုပ်ရှင်ကားတစ်ခုဖြစ် သော Twilight Over Burma ဇာတ်ကားအား ရုပ်ရှင်ဆင်ဆာအဖွဲ့က ပြသခွင့် မပြုခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ် လက်ရှိဆောင် ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိခိုက်နှောင့်နှေးမည်စိုးသည့် အတွက် ဖြစ်ပါသည်။
၂၇.၆.၂၀၁၆ ရက်နေ့တွင်လည်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ စစ်အ တွင်း ရှမ်းပြည်နယ်ရှိ ညှင်းပန်းနှိပ်စက်ခံ အမျိုးသမီးများအကြောင်းဟုဆိုသော သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ရန်စီစဉ်ဖိတ်ကြားခဲ့ပါသည်။ ထိုသတင်းစာ ရှင်းလင်းပွဲကိုလည်း မကြာမီပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြောင်း ပြုကာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့များက ပြုလုပ်ခွင့် မပေးခဲ့ပါ။
အထက်ပါအကြောင်းခြင်းရာများကို ထောက်ချင့်လျှင် မြန်မာနိုင်ငံ၏လွတ် လပ်စွာရေးသားပြောဆိုဝေဖန်ခွင့်များသည် အခြေအနေနှင့်အချိန်အခါပေါ် မူတည်ပြီး အကန့်အသတ်နှင့်သာရှိနေကြောင်း ပေါ်လွင်ထင်ရှားပါသည်။
အဘယ် ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏အနေအထားမှာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများနှင့် မတူညီဘဲ၊ ပြည်တွင်းစစ်၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ၊၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပဋိပက္ခများ အများအပြားတည်ရှိနေခြင်းကြောင့် ဖြစ်ပါသည်။
လူတိုင်း လူတိုင်းတွင်မတူညီသော အမြင်နှင့်ကွဲပြားခြားနားသော ရှုမြင်သုံး သပ်မှုများ ရှိနေတတ်ပါသည်။ အချို့အချို့သော ဝေဖန်ရှုမြင်သုံးသပ်မှု၊ ရေးသားမှု များသည် မလိုလားအပ်သည့်အခြေအနေများ၊ ပဋိပက္ခများသို့ ဦးတည်သွားစေ နိုင်ကြောင်း အငြင်းပွားဖွယ်ရာမရှိပါ။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှ အစပြု၍ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရပါသည်။ ထိုစစ်ပွဲသည် ယနေ့ထက်တိုင် လောင်မြိုက်ဆဲဖြစ်ပါသည်။ ဖဆပလ နှစ်ခြမ်းကွဲချိန် နိုင်ငံရေးပြဿနာများ အများအပြားဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်နှင့်နိုင်ငံရေးသမားတို့၏ ပဋိပက်္ခမြင့်တက်လာခဲ့ပါသည်။ နောက်ဆုံး တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုများနှင့်အတူ ရှစ်ပြည်နယ်မူ ဖက်ဒရယ်တောင်းဆိုမှုများအပြီး ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်း ခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ ချော် ထွက်သွားခဲ့ရပါသည်။
တပ်မတော်မှ တာဝန်ယူအုပ်ချုပ်ခဲ့သည့်ကာလများအတွင်း အုပ်ချုပ်သူများ အနေဖြင့် အကျင့်ပျက်ခြစားမှုများ အများအပြားဖြစ်ခဲ့ပါသည်။ မှားယွင်းသောစီမံ ခန့်ခွဲမှုဖြစ်ရပ်များအပြင် အာဏာကိုအလွဲသုံးစားပြုလုပ်မှုများလည်း အများအပြား ဖြစ်ပေါ်ခဲ့ပါသည်။ ထိုကိစ္စများသည်လည်း အငြင်းပွားဖွယ်ရာမရှိခဲ့ပါ။
သို့ရာတွင် တပ်မတော်မှ လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှအားလုံး မှားယွင်းခဲ့သည် တော့ မဟုတ်ပါ။ ၁၉၈၈ ခုနှစ် အရေးအခင်းအတွင်း တစ်တိုင်းပြည်လုံး ပျက်စီး လုနီးပါးအခြေအနေမှ တိုင်းပြည်ကို ပြန်လည်ထူထောင်ရာတွင် အပစ်အခတ်ရပ် စဲခြင်း၊ ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးခြင်း၊ တံခါးပိတ်မူဝါဒကို ပြောင်းလဲ ခြင်း စသည့် အခြားအခြားသော မှန်ကန်သည့်လုပ်ဆောင်မှုများလည်း အများအ ပြားရှိခဲ့ပါသည်။
သို့သော် တစ်ဖက်မှလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အပြင်းအ ထန်နှိပ်ကွပ်ခဲ့သည့်ကိစ္စများ၊ ဖြစ်ရပ်များလည်းရှိနေခဲ့ရာ နိုင်ငံရေးတက်ကြွလှုပ်ရှား သူများနှင့် တပ်မတော်အစိုးရကြား မဆုံးနိုင်သည့် ပဋိပက္ခများဖြစ်ပွားခဲ့ရပါသည်။
သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ဂျာနယ်လစ် အစရှိသည့် အနုပညာ နှင့်မီဒီယာလောကသားအများစုသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ကိုယ် တိုင် သို့မဟုတ် ၎င်းတို့နှင့်နီးစပ်သောအသိုင်းအ၀ိုင်းတွင် တည်ရှိနေသည့်ပုဂ်္ဂိုလ် များဖြစ်ကြရာ ထိုအနုပညာရှင်နှင့် မီဒီယာလောကသားများ အသိုင်းအ၀ိုင်းမှ လည်း တပ်မတော်အစိုးရကို အမြင်ကြည်လင်ခြင်းမရှိခဲ့ပါ။
ထိုအမြင်မကြည်လင်မှုများအား စာပေစိစစ်ရေးဖြင့် တင်းကျပ်စွာထိန်းချုပ် ထားသည့် စစ်အုပ်ချုပ်ရေးကာလတွင် ဖော်ပြခွင့်မရရှိခဲ့သော်လည်း အရပ်ဘက် အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင်မူ စတင် ဖော်ပြခွင့်ရရှိခဲ့ပါသည်။ ထိုအခါ မီဒီယာသမားအတော်များများမှာ တပ်မတော် နှင့်ပတ်သက်သည့်သတင်းများ၊ ဦးသိန်းစိန်အစိုးရအဖွဲ့နှင့်ပတ်သက်သည့်သတင်း များအား သိသိသာသာဘက်လိုက်၍ ဖော်ပြခဲ့ကြပါသည်။
ဘက်လိုက်ဖော်ပြရာတွင် အစိုးရအဖွဲ့နှင့်တပ်မတော်၏လုပ်ဆောင်ချက်အ ကောင်းများအား လုံးဝမဖော်ပြခြင်း သို့မဟုတ် အနည်းငယ်သာဖော်ပြခြင်း၊ အမှားအယွင်းများ၊ ပြသနာများအားကြိမ်ဖန်များစွာ ကိုးကားဖော်ပြခြင်း၊ ဆန့် ကျင်ဘက်အမြင်ဆောင်သောဆောင်းပါးများ၊ အစိုးရကို ဝေဖန်သော ဆောင်းပါး များကိုသာ အသားပေးဖော်ပြခြင်း၊ တပ်မတော်နှင့်စစ်ဖြစ်ပွားနေသော လက်နက် ကိုင်အဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များ၊ စွပ်စွဲချက်များကို အသေးစိတ်ဖော် ပြခြင်း၊ တပ်မတော်သားအချို့ဖြစ်ပွားသောအမှုအခင်းများကို ပြည့်စုံစွာဖော်ပြပြီး ပြစ်ဒဏ်ချမှတ်ခံရမှုများကိုမူ ပြန်လည်မဖော်ပြခြင်း စသည့်နည်းလမ်းများအား ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြပါသည်။ တပ်မတော်ဘက်မှ သတင်းထုတ်ပြန်မှုအား နည်းခြင်းကလည်း ထိုစိတ်ခံစားမှုအခြေခံ မီဒီယာသမားအချို့အတွက် အကြောင်း ပြချက်ကောင်းဖြစ်ခဲ့ပါသည်။
ပြီးခဲ့သည့် အစိုးရသက်တမ်းငါးနှစ်တစ်လျှောက် မီဒီယာသမားများနှင့် တပ် မတော်တို့အကြား ဖြစ်ပွားခဲ့သော အမှုအခင်းများကို ဆန်းစစ်လေ့လာကြည့်လျှင် တပ်မတော်အနေဖြင့် ၎င်းအားဝေဖန်ပုတ်ခတ်သည့်အရေးအသားအများစုအား လျစ်လျူရှုထားလေ့ရှိသော်လည်း တပ်မတော်၏စစ်ရေးစစ်ရာကိစ္စများ၊ လုံခြုံရေး ကိစ္စများနှင့်တပ်မတော်၏ လုပ်ငန်းဆောင်တာများကို တိုက်ရိုက်ထိခိုက်စေသည့် ကိစ္စများကိုမူ ချက်ချင်းအရေးယူဆောင်ရွက်လေ့ရှိကြောင်း ယေဘုယျ သုံးသပ် ရပါသည်။
ထိုကိစ္စကို ကာကွယ်ရေးပစ္စည်းစက်ရုံ ဧရိယာအတွင်းသို့ ၀င်ရောက်ကာ ဓာတ်ပုံရိုက်ယူသတင်းဖော်ပြခဲ့သည့် မီဒီယာသမားများအား ချက်ချင်းအမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သောဖြစ်စဉ်နှင့် လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် စစ်ဖြစ်ပွားနေသော MMDAA ကိုးကန့်အဖွဲ့၏ ကြေညာချက်များကို ဖော်ပြသည့် သတင်းမီဒီယာများအား အရေးယူဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန် သည့်ဖြစ်စဉ်များတွင် အထင်အရှားတွေ့မြင်ရပါသည်။
၂၅.၆.၂၀၁၆ ရက်နေ့တွင် 7 Days Daily သတင်းစာအား ရန်ကုန်တပ် နယ်မှူးမှ တရားလိုပြုလုပ်ကာ ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ တိုင်ကြားသည့်အကြောင်းအရာမှာ တပ်တွင်းစည်းလုံးညီညွတ်မှုကို ပျက်ပြားစေ သော ရာဇသတ်ကြီးပုဒ်မ ၁၃၁ ကို ဖောက်ဖျက်ကျူးလွန်သည်ဟူသောကိစ္စရပ် ဖြစ်ပါသည်။
7 Days Daily သတင်းစာပါဖော်ပြချက်မှာ လွှတ်တော်တွင်းရှိ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ပြော ကြားချက်များကို အဓိကပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ သူရဦးရွှေမန်း၏ ပြောကြားချက်အား တပ်မတော်မှ တရားဝင်ကန့်ကွက်ခဲ့ပြီး တရားစွဲဆိုခြင်း မရှိခဲ့ပါ။ ထိုသို့မစွဲဆိုရသည့်အကြောင်းအရင်းမှာ အစိုးရအဖွဲ့အသစ်နှင့် ပဋိပက္ခများ မဖြစ်ပွားလိုခြင်းကြောင့်ဟု သုံးသပ်ရပါသည်။
တပ်မတော်သည် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်နေသော်လည်း မပူးပေါင်း သယောင်ရေးသားထားပြီး ထိုသို့ မပူးပေါင်းသဖြင့် စစ်တက္ကသိုလ်ကျောင်းဆင်း များက လာရောက်ပူးပေါင်းကြပါဟူသော ဖိတ်ခေါ်သည့်အရေးအသားသည် တပ်မတော်အတွင်းသွေးခွဲရာ ရောက်နေပါသဖြင့် အရေးယူပေးပါရန်ဟူသော တိုင်စာပါရေးသားဖော်ပြချက်အရ သူရဦးရွှေမန်း၏ထုတ်ပြန်ချက်အား တပ်မတော်မှ ပြသနာကြီးတစ်ခုအဖြစ် ရှုမြင်သုံးသပ်ခဲ့ကြောင်း ထင်ရှားပါသည်။
၂၅.၆.၂၀၁၆ ရက်နေ့တွင် 7 Day Daily သတင်းစာအား အမှုဖွင့်ခဲ့သော် လည်း ၂၈.၆.၂၀၁၆ ရက်နေ့တွင် နှစ်ဖက်ညှိနှိုင်းမှုအရ တပ်မတော်မှပြန်လည် ကျေအေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ရာ တပ်မတော်၏သဘောထားမှာ 7Days Daily သတင်းစာအား အရေးယူဆောင်ရွက်လိုခြင်းထက် တပ်မတော် ပြိုကွဲသွားစေနိုင်သည့်အရေးကိစ္စရပ်များတွင် မီဒီယာများအနေဖြင့် အထူးဂရုပြု ရေးသားရန် လိုအပ်ကြောင်း သတိပေးလိုခြင်းသဘောဟု ယူဆရပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ပကတိအခြေအနေအရ တိုင်းပြည်နှင့်တပ်မတော် အတွင်း အတိုင်းအတာတစ်ခုအထိ အရှုပ်အထွေးဖြစ်ပွားသွားစေနိုင်သော ကိစ္စရပ် များတွင် သတင်းမီဒီယာများအနေဖြင့် အထူးဂရုပြုရေးသားဖော်ပြရန် လိုအပ်ပါကြောင်း ထောက်ပြရေးသားဖော်ပြအပ်ပါသည်။
ရဲမိုး ၊ တာဝန်ခံအယ်ဒီတာ
The Myanmar Review Journal


No comments: