Wednesday, June 29, 2016
#Khammu_MMAS
(Unicode version)
Facebook မှာအသစ်ရောက်လာမဲ့ Facebook Slideshow features …
ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေ၊ဗွီဒီယိုတွေများစွာ မကြာခဏ တင်လေ့ရှိသူတွေအတွက် မကြာခင်မှာ ဖေ့စ်ဘုတ်မှ features အသစ်တစ်ခု ထပ်ထည့်ပေးမှာဖြစ်ပါတယ်။ Slideshow ဆိုတဲ့ ရွေးချယ်စရာအသစ်တစ်ခုကို မကြာခင်မှာ မြင်တွေ့နိုင်ဖြစ်ပါတယ်။
Slideshow ဟာပြီးခဲ့သော(၂၄)နာရီအတွင်းက သင်တင်ခဲ့သော ဓာတ်ပုံများ၊ဗွီဒီယိုများ ရယူပြီး mini movies အဖြစ်အလိုအလျောက် ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒါကြောင့် (၂၄)နာရီအတွင်းမှာ ဓာတ်ပုံ သို့မဟုတ် ဗွီဒီယို အနည်းဆုံးငါးခု တင်တဲ့သူတွေအတွက်သာ ရရှိမှာဖြစ်ပါတယ်။ theme music နှင့် smooth transitions လည်းပါဝင်မှာ ဖြစ်ပါတယ်။ Slideshow ဟာ သင့်အတွက် mini movies ကိုအလိုအလျောက် ဖန်တီးပေးမှာဖြစ်ပေမဲ့ ပုံများကိုထပ်ထည့်ခြင်း၊ ဖယ်ထုတ်ခြင်း သို့မဟုတ် theme music ပြောင်းလဲခြင်း အစရှိသဖြင့် သင် edit ပြုလုပ်လို့ ရပါတယ်။ theme music မှာဆိုရင် Nostalgic, Playful, Night Out, Birthday, Epic, Thankful, Tropical, Bollywood နှင့် Amped ဆိုပြီး ရွေးချယ်စရာတွေ ပါဝင်မှာဖြစ်ပါတယ်။
Slideshow features အသစ်ဟာ ယခုသီတင်းပတ်ထဲမှာ iOS app မှာရရှိလာမှာဖြစ်ပါတယ်။ Android users တွေအတွက်တော့ မကြာခင်မှာ ရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ခမ်းမူး (Myanmar Mobile App)
No comments: