Sunday, June 26, 2016

ဒေသအချို့တွင် မိုးကောင်းမည်


Sunday, June 26, 2016

တောင်တရုတ်ပင်လယ် တွင် မုန်တိုင်းတစ်လုံးဖြစ်ပေါ်နေ ပြီး တစ်ချိန်တည်း တွင် ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာ နိုင် သောကြောင့် မြန်မာနိုင်ငံဒေသ အချို့တွင် ပုံမှန်ထက် မိုးပိုမည် ဖြစ် ကြောင်း ဒေါက်တာထွန်းလွင် က ပြောသည်။

ဇွန်လ ၂၅ ရက် တိုင်းတာ ချက်များအရ တောင်တရုတ်ပင် လယ်တွင် မုန် တိုင်း ငယ် တစ်လုံး ဖြစ်ပေါ်နေပြီး ဆက်လက်အား ကောင်းလာကာ ယင်း မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံအထက် ပိုင်းဒေသအချို့ မိုးကောင်းနိုင် ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။ ဘင်္ဂလား ပင်လယ် အော် တောင် ပိုင်းတွင်လည်း လေ ထုမငြိမ်မသက်ဖြစ်နေကာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာ နိုင်ကြောင်း သတိပေးထားသည်။

‘‘ဒီလိုကာလတွေက အာရှ တိုက် တောင်ပိုင်းမှာရှိတဲ့ပင်လယ်တွေမှာ မုန် တိုင်း တွေဖြစ်တဲ့ ရာသီ။ အခုလောလောဆယ် တောင်တရုတ် ပင်လယ်မှာ မုန်တိုင်းဖြစ်နေတယ်။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်လာတော့မယ်။ ဒါကြောင့် မြန်မာ နိုင်ငံဒေသအများစု မိုးပို လာနိုင်တယ်။ အထူးသဖြင့်တော့ ကမ်းရိုးတန်းဒေသ တွေမှာ လှိုင်းနဲ့ လေပြင်းအန္တရာယ် သတိပြုဖို့လိုပါတယ်’’ဟု ဒေါက်တာထွန်းလွင် က ပြော သည်။

လတ်တလော မြန်မာနိုင်ငံ ဒေသအနှံ့ မိုးရွာနိုင်ပြီး ဇွန်လ ၂၆ ရက်နှင့် ၂၇ရက်အတွင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် ပုံမှန်ထက် မိုးပိုလာနိုင်ကြောင်း ၎င်းက သတိပေးထား သည်။ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း ဘင်္ဂလားပင်လယ်အော်တွင် ဇွန် လ ၂၅ ရက် ညနေ ၄ နာရီမှ ၂၄ နာရီအတွင်း လေဖိအားနည်းရပ် ၀န်းတစ်ခုဖြစ်လာ နိုင်ကာ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်နှင့်မွန်ပြည် နယ်တို့၌ နေရာကွက်၍ မိုးကြီးနိုင် ကြောင်း သတင်းထုတ်ပြန်သည်။

7Day Daily


No comments: