Sunday, June 26, 2016

NCA လက်မှတ်ထိုးထားသောအဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးပါက သမ္မတ၊ တပ်ချုပ်တို့နှင့်တွေ့ဆုံရန် တင်ပြထား

NCA ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံပြီးပါက သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဆက်လက်တွေ့ဆုံနိုင်ရန် တင်ပြ တောင်းဆိုထားကြောင်း သတင်း ရရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  (NCA) လက်မှတ် ရေးထိုးထား သည့် အဖွဲ့ခေါင်းဆောင်များသည် အစိုးရသစ်လက်ထက်တွင်ပထမ ဆုံးအကြိမ် တွေ့ဆုံကြမည်ဖြစ် သည်။
ဇွန်လ ၂၈ ရက်တွင် နေပြည်  တော်၌ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည်ဖြစ်ပြီး သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် တွေ့ဆုံနိုင်ရန် စီစဉ်နေ ကြောင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်အချို့က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် အကြိုပြင် ဆင်သည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) အ စည်းအဝေးကို ချင်းမိုင်မြို့တွင် ဇွန်လ ၂၄ ရက်မှစ၍ နှစ်ရက် ကြာပြုလုပ်ခဲ့ကြောင်း တိုင်းရင်း သားလက်နက်ကိုင် ကိုယ်စား လှယ်များကဆိုသည်။
သမ္မတရုံးဝန်ကြီးဌာန ပြော ခွင့်ရပုဂ္ဂိုလ် ဒုညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က သမ္မတနှင့် တွေ့ဆုံရန် စာဖြင့်တင် ပြတောင်းဆိုထားကြောင်း အ တည်ပြုသည်။
‘‘လောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ဆိုတာတော့ ဟုတ်ပါတယ်။ သမ္မတနဲ့တော့ လောလောဆယ် မသိရသေးပါဘူး’’ဟု ဦးဇော်ဌေး က ဆက်လက်ပြောကြားသည်။
NCA မရေးထိုးထားရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များက လည်း ဒေါ်အောင်ဆန်းစုကြည်အ ပါအ၀င် နိုင်ငံ့ခေါင်းဆောင်များ နှင့်လာရောက်တွေ့ဆုံရန် သဘော တူညီထားသည်။
NCA ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအ၀င် အဖွဲ့ရှစ်ဖွဲ့ က ယခင်အစိုးရလက်ထက်၌ လက်မှတ်ရေးထိုးခဲ့သည်။

No comments: