Thursday, June 30, 2016

ဆိုင်ကယ်အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ်ကုန်တင်ယာဉ်ငယ်ကို တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံးခဲ့


ဇွန်လ ၃၀ ရက် ၂၀၁၆

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စု ပေကုန်းကျေးရွာ ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ် နန့်စီးအောင်သစ်ထုတ်လုပ်ရေးဝင်းအရှေ့ တွင် အရှိန်ပြင်းစွာမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးက လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ်ကုန်တင် ယာဉ်ငယ်တစ်စီးကို တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူမှာ ပြင်းထန်ဒဏ်ရာဖြင့် မိုးညှင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင် ကုသခဲ့ရကြောင်း သိရသည်။


ဖြစ်စဉ်မှာဇွန် ၃၀ ရက်နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်က အင်းတော်မြို့နယ် ပေကုန်းရဲကင်း စခန်းပိုင်နယ်မြေတွင် ရဲအုပ်မင်းဇော်ဦးစခန်းမှူး တာဝန်ထမ်းဆောင်နေစဉ် အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စု ပေကုန်းကျေးရွာနန့်စီးအောင် သစ်ထုတ်လုပ်ရေးဝင်းအရှေ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးနဘေး ဈေးဆိုင်အနီးတွင်ရပ်ထားသော လိုက်ထရပ်ကုန်တင် ယာဉ်ငယ်တစ်စီး (ယာဉ်မောင်းဦးကျော်ဦး ၄၈နှစ် တန့်ဆည်မြို့ စစ်ကိုင်းတိုင်းဒေသကြီး)ကို မော်လူးကျေးရွာဘက်မှ အရှိန်ပြင်းစွာမောင်းနှင် လာသော Kenbo125နက်ပြာရောင်ဆိုင်ကယ်မောင်းနှင်သူ ကျော်ထက်ဇော်၂၀နှစ်ခန့်နှင့်အနောက်မှ စီးနင်လိုက်ပါလာသူ ဒေါ်ရွယ်၄၆နှစ်(ဘ) ဦးဂျာခွန်တူး မြို့မ(၂)ရပ်ကွက် ကားမိုင်းမြို့ တို့နှစ်ဦး ဝင်တိုက်မိရာ၊


 ဆိုင်ကယ်မောင်းနှင် သူ ကျော်ထက်ဇော်မှာ ယာဘက်ဒူးဆစ်အထက်ပေါက်ပြဲသော ပြင်းထန်ဒါဏ်ရာ(စိုးရိမ်သတိမေ့)ဖြင့် ၄င်းနောက်လိုက်ဒေါ်ရွယ်မှာ ယာဒူးပွန်းပဲ့ဒဏ်ရာ ယာလက်မောင်းအဆစ်လွဲဒဏ်ရာနဖူးထိပ် ဖူးရောင်ဒါဏ်ရာတို့ဖြင့်၊


 မြိုင်သာယာရွာဖြူစင်မေတ္တာလူမှု့ ကူညီရေးကားဖြင့် မိုးညှင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း အခင်းဖြစ်ပွားရာသို့ ပေကုန်းရဲကင်းစခန်းမှူး ရဲအုပ်မင်းဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ လူမှူကူညီရေးအသင်းအဖွဲ့  များနှင့်မြိုင်သာယာရွာဖြူစင်မေတ္တာလူမှုကူညီရေးကားဖြင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ပို့ ဆောင်ခဲ့ရကြောင်း။


အဆိုပါဆိုင်ကယ်မဆင်မချင်မောင်းနှင်သူကို ပေကုန်းရဲကင်းရဲစခန်းက ထိရောက်စွာ အရေးယူရန်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။ (ဆက်လက်စုံစမ်းသိရှိရသည်မှာ အဆိုပါနေ့ နေ့လည်၃နာရီ၂၀မိနစ်တွင်
ပြင်းထန်ဒဏ်ရာဖြင့် မိုးညှင်းပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။

ရတနာပုံ သတင်းစာ

No comments: