Thursday, June 30, 2016

မြန်မာငွေ ကျပ် ၃၀၀၀ ကျော်နဲ့ရောင်းချမည့် စမတ်ဖုန်း အိန္ဒိယတွင် မကြာမီဖြန့်ချိမည် ======= ====== ======= ====== =======


ကမ္ဘာပေါ်တွင် ဈေးအချိုဆုံး ပေါင်စတာလင် ၃ ပေါင်နှင့် ရောင်းချမည့်
စမတ်ဖုန်းကို ယခုသီတင်းပတ်အတွင်း စတင်ဖြန့်ချိတော့မည်ဟု သိရသည်။

အဓိကအားဖြင့် ဆင်းရဲသားအများစုရှိသော အိန္ဒိယကဲ့သို့ နိုင်ငံများကိုအဓိက
ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည် ဟုသိရသည်။

အိန္ဒိယရှိ သန်းပေါင်းများစွာသော လူထုအတွက် အင်တာနက်ဆက် သွယ်မှုရရှိစေရန်ရည်ရွယ်ပြီး Freedom 251 ဟု အမည်ပေးထားသော ယင်းစမတ်ဖုန်းကို ဇွန်လ ၃၀ ရက်နေ့စတင် ရောင်းချပြီး အိန္ဒိယ၌ ကြိုတင်မှတ်ပုံတင်ထားသူများကိုသာ ရောင်းချပေးမည်ဟု ဆိုသည်။

ယင်းကိရိယာကို Noida အခြေစိုက် Ringing Bells ကုမ္ပဏီက ထုတ်လုပ်ထားပြီး ပထမအသုတ် ထုတ်လုပ်တင်ပို့ရောင်းချရာတွင် အလုံးရေ ၂၀၀,၀၀၀ ကျော်သာ ရောင်းချနိုင်မည်ဟု သိရသည်။

ယင်းစမတ်ဖုန်းသည် လေးလက်မမျက်နှာပြင်အကျယ် ပါရှိပြီး၊ 8 megapixel အနောက်ကင်မရာနှင့် 3.2 megapixel အရှေ့ ကင်မရာ၊ Storage 8GB ၊ RAM 1 GB တို့ ပါရှိသည်။

Facebook ,You Tube, Google Play WhatsApp စသည်တို့ အသင့်သုံးနိုင်ရန် ထည့်သွင်းထားပြီး အဖြူရောင်နှင့် အနက်ရောင်ကိုယ်ထည်များဖြင့် ထုတ်လုပ်ထားသည်။

အဆိုပါစမတ်ဖုန်းသတင်းကို ပြီးခဲ့သော ဖေဖော်ဝါရီလက စတင်ကြေညာခဲ့ရာ၌ ယင်းကုမ္ပဏီ၏ ၀က်ဘ်ဆိုက်တွင် လူပေါင်း ၇ သန်းက ကြိုတင်မှတ်ပုံတင်ခဲ့ကြရာမှ ၀က်ဘ်ဆိုက် crash ဖြစ်ပွားခဲ့ပြီးနောက် ရောင်းချမှုကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။

TWT-Ref; CNN


No comments: