Wednesday, June 29, 2016

လုပ်ခမပေးဘဲ ပိုင်ရှင်တိမ်းရှောင်သည့် ယူနီပိုလာအထည်ချပ်စက်ရုံရှိ အတွင်းပစ္စည်းများအား ကျပ်၅၆၇သိန်းဖြင့် လေလံတင်ရောင်းချ



ရန်ကုန် ဇွန် ၂၉

လိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ယူနီပိုလာအထည်ချူပ်စက်ရုံတွင် အလုပ်သမားများ၏ လုပ်ခလစာအား မပေးဘဲပိုင်ရှင်တိမ်းရှောင်သွားသဖြင့် စက်ရုံမှပစ္စည်းများကို လေလံတင်ရောင်းချခဲ့ရာတွင် ဇွန်၂၉ရက်က ကျပ်၅၆၇သိန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

''အခုလေလံအောင်ပြီးသုံးရက်အတွင်း လေလံအောင်တဲ့သူတို့ဘက်ကပိုက်ဆံသွင်းရမယ်။ အလုပ်သမား တွေကိုပိုက်ဆံသွင်းပြီး ငါးရက်အတွင်းလစာနဲ့နစ်နာကြေးတွေပေးသွားမယ်''ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှုးဦးကျော်ကျော်ထွန်းကပြောကြားသည်။


ယင်းစက်ရုံမှအလုပ်သမား၁၇၈ဦးအတွက် မေလလုပ်ခလစာအဖြစ် ၂၀၉၂၄၀၉၅ကျပ်နှင့် အလုပ်ထုတ်နစ်နာကြေးအတွက် ၃၅၀၉၇၉၅၆ကျပ်စုစုပေါင်း ၅၆၀၂၂၀၅၁ကျပ်တို့ပေးချေရ မည်ဖြစ်ကြောင်းသိရသည်။

ယင်းစက်ရုံတွင်အလုပ်သမား၁၇၈ဦးရှိပြီး ၄င်းအလုပ်သမားများကို မေလအတွက်ရရှိသင့်သော လစာမပေးဘဲ စက်ရုံပိုင်ရှင်မှ တိမ်းရှောင်သွားသော ကြောင့်  အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စက်ရုံပိုင်ပစ္စည်းများလေလံတင်ရောင်းချပြီး လုပ်သားများရသင့်သောလုပ်ခလစာနှင့်နစ်နာကြေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးဝေအောင်
china.com Myanmar

No comments: