Sunday, June 26, 2016

အွန်လိုင်းမှ နေ့စဉ်အလုပ်လျှောက်ထားသူ ၁,၀၀၀ ခန့်ရှိ

အွန်လိုင်းမှ နေ့စဉ်အလုပ်လျှောက်ထားသူ အရေအတွက် ၁,၀၀၀ ခန့်ရှိပြီး စာရင်းအသစ်သွင်း၍ အလုပ်လျှောက်ထားသူ နေ့စဉ် ၄၀၀ ခန့်ရှိသည်ဟု work.com.mm က သတင်းထုတ်ပြန်ထားသည်။
အွန်လိုင်းမှ အလုပ်အကိုင်လျှောက်ထားမှုတွင် အချက်အလက် ရာနှုန်းပြည့်စံချိန်မီသည့် အလုပ်လျှောက်လွှာများ နည်းပါးသော်လည်း ယခုအချိန်တွင် စံချိန်မီသည့် အလုပ်လျှောက်လွှာပေါင်း ၁၀၀,၀၀၀ ခန့်ကို အလုပ်ရှင်များဘက်မှ ရရှိခဲ့ပြီးဖြစ်သည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဝက်ဘ်မှ အလုပ်လျှောက်ထားခဲ့သည့် အလုပ်လျှောက်လွှာပေါင်း ၂၀၀,၀၀၀ ခန့် ရှိခဲ့သော်လည်း စံချိန်ပြည့်မီသည့် အလုပ်လျှောက်လွှာမှာ ၁၀၀,၀၀၀ ခန့်သာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။ work.com.mm ၏ ထုတ်ပြန်ချက်အရ ဝက်ဘ်ဆိုက်ပေါ်တွင် ကုမ္ပဏီပေါင်း ၄၀၀ ခန့်မှ အလုပ်အကိုင်ပေါင်း ၁,၀၀၀ ကျော်ကို ခေါ်ယူနေခြင်းဖြစ်သော်လည်း အလုပ်လျှောက်သူများဘက်မှ စံချိန်မီသည့် အလုပ်လျှောက်လွှာများကို တင်ပြခြင်းမရှိကြောင်း သိရသည်။
အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်များသည် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံ၌ စတင်ပေါ်ပေါက်လာခဲ့သော်လည်း အွန်လိုင်းမှ အလုပ်အကိုင်ရှာဖွေမှုသည် ၂၀၁၄ ခုနှစ် နောက် ပိုင်းမှသာ ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် work.com.mm သည် Telenor နှင့်ပူးပေါင်း၍ ရက်အကန့်အသတ်ဖြင့် ဝက်ဘ်ဆိုက်ကို အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

No comments: