Showing posts with label လက်နက်. Show all posts
Showing posts with label လက်နက်. Show all posts

Wednesday, October 5, 2016

မဲသဝေါဒေသ သောင်ရင်းမြစ်အတွင်း စစ်လှေများသွားလာမှု (ဒီကေဘီအေ) ကန့်သတ်


 

ယခုရက်ပိုင်းအတွင်းက မဲသဝေါဒေသ နယ်ခြားသောင်ရင်းမြစ်အတွင်း တွေ့ရှိရသည့် စက်လှေတစီး။အောက်တိုဘာ - ၄ - ၂၀၁၆

ထိုင်း-မြန်မာနယ်စပ် နယ်ခြားသောင်ရင်းမြစ်အနီးရှိ မယ်သဝေါဒေသအတွင်း ပြေးဆွဲနေကြသည့် စက်လှေများအနေနှင့်ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ သွားလာပါက ပစ်ခတ်ခြင်းခံရမည်ဟု (ဒီကေဘီအေ) အဖွဲ့ကပြောကြောင်း မဲသဝေါဒေသခံတဦးကပြောသည်။

၎င်းက " မနေ့ကစပြီး ဒီကေဘီအေကပြောတာလို့သိရတယ် သူတို့ကိုကြိုတင်အကြောင်းမကြားဘဲ သွာလာတဲ့စက်လှေတွေ ပစ်ခတ်ခြင်းခံရမယ်ဘို့ပြောတယ် ဘယ်လိုဘဲဖြစ်ဖြစ် သတိထားပြီးသွားလာကြတာ အကောင်းဆုံးဘဲ အခြေအနေတွေက ဘာမှန်းကို ဟုတ်တိပတိမသိရသေးဘူး"ဟုပြောဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ယမန်နေ့ကစတင် သိရှိရသည်ဟုလည်း ဒေသအခြေစိုက် ကရင်တပ်မှူးတဦးကပြောဆိုသည်။

စစ်လှေမောင်းသည့် စောဖကော်လာက " ဒီကေဘီအေတွေက ဒီရေလမ်းကနေ ရန်သူတွေတက်လာမှာကို ကာကွယ်တာဖြစ်တယ်ဆိုတဲ့ ပြောသံတွေတော့ကြားနေရတယ် "ဟု ဆိုသည်။

အဆိုပါဒေသအတွင်း အများစုသွားလာနေကြသည့် စစ်လှေကြီးငယ်များမှာ ထိုင်းနိုင်ငံဘက်ကလှေများဖြစ်ကြသည့်အတွက် ထိုင်းစက်လှေများ ပစ်ခတ်ခြင်းခံရပါက အခြေအနေများ ပိုမိုရှုတ်ထွေးနိုင်သည်ဟုလည်း နယ်စပ်အရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

မဲသဝေါဒေသအတွင်း ယခင်လ ၁၁ ရက်နေ့ကစတင်ခဲ့သည့် ဒီကေဘီအေခွဲထွက်အဖွဲ့နှင့်(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်နှင့်မြန်မာစစ်တပ်တို့အကြားဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲများမှာ အရှိန်လျှော့ကျသွားပြီးဖြစ်သော်လည်း ဒေသတွင်းအခြေအနေများမှာ စိုးရိမ်နေရဆဲ အနေအထားများတွင်ရှိနေသေးသည်ဟု ဒေသခံများက ပြောဆိုကြသည်။

(ဒီကေဘီအေ) က စက်လှေများသွားလာမှု ကန့်သတ်သည့်သတင်းများ ယမန်နေ့ကထွက်ပေါ်လာပြီးနောက်ပိုင်း ယနေ့တွင်မဲသဝေါဒေသအတွင်းရှိ နယ်ခြားသောင်းရင်းမြစ်တွင် စက်လှေများသွားလာမှုနည်းပါးသွားသည်ဟု ဒေသခံများက ပြောဆိုကြသည်။

နယ်ခြားသောင်းရင်မြစ်ခြားထားသည် ထိုင်း-မြန်မာနယ်စပ် မဲသဝေါဒေသအတွင်း နေ့စဉ်သွားလာပြေးဆွဲနေကြသည့် စက်လှေအရေအတွက်မှာ အစီးရေ (၁၀၀) အထက်တွင်ရှိသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ

Saturday, October 1, 2016

DKBA ဆီကို ပို့မယ့် လက်နက်တွေ ထိုင်းမှာ ဖမ်းမိ


 

 ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရစက်တင်ဘာလ ၃၀ ရက်နေ့က ဒီကေဘီအေခွဲထွက် အဖွဲ့ဆီကို ပို့မယ့် လက်နက်ခဲယမ်း တွေနဲ့ ရိက္ခာခြောက်တွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မဲသဝေါ ဒေသမှာ အစိုးရ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့ ဟာ တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။

မဲဆောက်အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေက အမှတ် ၂ ရပ်ကွက် တောင်ယာ ထဲက အိမ် ၃ လုံးနဲ့ ဂိုဒေါင်တလုံး ရှိတဲ့ နေရာကို သတင်းအရ ဝိုင်းပြီး ရှာဖွေရာမှာ ပွိုင့် ၂၂ စနိုက်ပါ တပ်ထားတဲ့ ရိုင်ဖယ်တလက်နဲ့ ကျည်ဆံ တစ်ရာနီးပါး၊ အမ် ၆၇ လက်ပစ်ဗုံး ၁၄၁ လုံး၊ အမ် ၇၉ ကျည် ၅၁ လုံးနဲ့ ငါးသေတ္တာ၊ ခြောက်ဆွဲခြောက်တွေနဲ့ ဆေးဝါးတွေကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

မြန်မာနိုင်ငံသား အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို ထိုင်း တာဝန်ရှိ သူတွေရဲ့ကနဉီး စစ်ဆေးချက် အရ ဒီပစ္စည်း တွေကို မဲသဝေါက ဒီကေဘီအေ ခွဲထွက်အဖွဲ့ရှိရာ ကိုပို့မှာဖြစ်တယ်လို့အစစ်ခံထားကြောင်းသိရပါတယ်။

လောလောဆယ်အမှုနဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း ဖေါ်ထုတ် စရာ တွေရှိနေတဲ့ အတွက် ဖမ်းဆီးခံရတဲ့ အမျိုးသား ၅ ယောက်နဲ့အမျိုးသမီး ၁ ယောက်တွေရဲ့ အချက်အလက် တွေကို မထုတ်ပြန်သေး ဘူးလို့မဲဆောက်ရဲကပြောပါတယ်။

မဲသေဝေါဖက်မှာ ပစ်ခတ်သံတွေ မကြားရသလောက်ဖြစ်နေရာက ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

မြန်မာဖက်အခြမ်းက စစ်ဖြစ်နေတဲ့ ဒေသဘက်ကို အခုလိုမျိုး လက်နက်ခဲယမ်း၊ ရိက္ခာတွေကို လျို့ဝှက် တင်ပို့မှုတွေ ရှိနေမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောကြား နေပါတယ်။

BBC Burmese