Wednesday, November 1, 2017

မန်းဝန်ကြီးချုပ်နဲ့ မန်းမြို့တော်ဝန် သိစေချင်ပါသည်


မန္တလေးက မိတ်ဆွေတစ်ယောက် အသိပေးလာလို့ပါ
မန္တလေးမှာ လူငယ်တွေ မူးယစ်ဆေးကြောင့်
လုယက်လူသတ်တဲ့အထိ ပျက်စီးကုန်တာ ကြာပါပြီ
ကျောင်းသားလေးတွေပါ ပါကုန်တယ်

ဆေးရောင်းတဲ့ အိမ်တွေထဲမှာ ၄၉ လမ်းပေါ်မှာက
လူမိုက်တွေ အများကြီး အကုန်လုံး ဆေးသမား
တွေပါ။ အိမ်အလုံခန်းတွေထဲ ဖုန်းမယူရဘူး
ဆေးသမား လူမိုက်တွေက ဓားတွေ
နဲ့ အိမ်တွေပတ်ချာလည်မှာ စောင့်ကြတယ်

အဖွဲ့စုံကို လိုင်းကြေးပေးထားပြီး လုပ်နေကြတာ ပွဲတော်ထက် စည်ကားတယ်။ အရင်က ၂၂ လမ်းက
ရေလယ်ကျွှန်းမှာ ရဲအင်အား ၁၅၀ နဲ့ ရဲတပ်ရင်းသီသန့်
အသုံပြုဖမ်းတာ တစ်ယောက်မ မမိဘူး

ရပ်ကွက်က လူတွေကလည်း သတင်းပေါက်ရင်
အသတ်ခံရမှာ စိုးလို့ ဘယ်ရဲမှ မတိုင်ရဲဘူးတဲ့
စနစ်တကြ ပိတ်ဖမ်းမယ်ဆို အကုန်ဖမ်းမိပါတယ်
မူးယစ်ရောင်းတဲ့အိမ်တွေက ရှာစရာ
မလိုဘူး ဆိုင်ကယ်တွေ အပြည့်ပဲတဲ့

ဖမ်းလဲ မိဖို့ကမလွယ်ဘူး ကားကြုံစီးတဲ့ လူတွေ
သယ်လာတာ အဲဒီ့မူးယစ်ဆေးတွေက
ဒါကြောင့်သတင်းကြိုရတာပါတဲ့

တမျိုးသားလုံး အတွက် ရွှေမန္တလေးရဲ့
ဂုဏ်သိက္ခာအတွက် မူးယစ်ပြဿနာကို
အရေးပေါ် ဖြေရှင်းပေးကြပါလို့
အသိပေး တောင်းဆိုလိုက်ပါတယ်

ZN.H

No comments: