Showing posts with label မူးယစ်ဆေးဝါး. Show all posts
Showing posts with label မူးယစ်ဆေးဝါး. Show all posts
Friday, September 30, 2016
ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ မူးယစ်ဆေးဝါး တရားခံဖြစ်သူ ဦးအောင်ကျော်ဝင်းကို လုသွားသူများထဲမှ ၉ ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း လုံးတုံရဲစခန်းက သတင်းရရှိ
ရဲတပ်ဖွဲ့က ဖမ်းမိထားသည့် ၉ ဦးမှာ တိုက်ခိုက်မှုတွင်ပါဝင်ကြောင်း ဝန်ခံထားပြီး အဓိက တရားခံဖြစ်သည့် ရဲဘက်ပြေး ဦးအောင်ကျော်ဝင်း (ခ) ဘိုးတော်နှင့် ၎င်း၏ သားဖြစ်သူ ကျော်သူဝင်းတို့ကို ဖမ်းဆီးရမိခြင်းမရှိ သေးကြောင်း လုံးတုံရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းက ပြောသည်။
ရဲအုပ် ဗျက်ဆန်းက “အဓိက တရားခံတွေဖြစ်တဲ့ သူတို့သားအဖက KIA တပ်ရင်း ၂၆ လှုပ်ရှားနယ်မြေဖြစ်တဲ့ ဘက်ကိုရောက်သွားပြီကြားတယ်၊ လိုက်ဖမ်းဖို့က အခက်အခဲတွေရှိတယ်၊ ကျနော်တို့ကတော့ ဥပဒေ ဘောင်ထဲကနေ လုပ်သွားမှာပါ”ဟု ဧရာဝတီသို့ပြောသည်။
လက်ရှိဖမ်းဆီး ရမိထားသူများမှာ မိုင်းနောင်ဒေသရှိ ချောင်းဖျားဘက်တွင် ရွှေကျင်၊ ရွှေရှာဖွေသည့် အလုပ်လာ ရောက်လုပ်ကိုင်သူများ ဖြစ်ပြီး မိုင်းနောင်ဒေသခံများအပြင် နေရာစုံမှ ဖြစ်ကြောင်း သိရသည်။
ကျော်သူဝင်း ဦးဆောင်သည့် တုတ်၊ ဓားကိုင်ဆောင်ထားသူ ၂၀ ဦးခန့်မှာ စက်တင်ဘာ ၁၉ ရက်နေ့က မိုင်းနောင်ကျေးရွာအနီး တောထဲတွင် မူးယစ်ဆေးများကို ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ သတင်းအရ ဖမ်းဆီးရမိထားသည့် ဦးအောင်ကျော်ဝင်းကို  ပြန်လည်လုယူသွားခြင်းဖြစ်သည်။
တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ဒုရဲမှူး အောင်နိုင်ဦးမှာ ဓားဒဏ်ရာရှိခဲ့ကာ မိုးညှင်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရပြီး ၎င်းထံမှ သေနတ်ကိုပါ တိုက်ခိုက်ခဲ့သူများက ယူသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း မူးယစ်ဆေးအချို့နှင့်အတူ BA 109 လက်ပစ်ဗုံး ၂ လုံး ဖမ်းဆီးရမိခဲ့ပြီး ၎င်းဗုံးများ နှင့် ပတ်သက်၍ မည်သို့ရရှိခဲ့ပြီး မည်သည့်အဖွဲ့အစည်းများနှင့် ပတ်သက်သည်ကို ဦးအောင်ကျော်ဝင်းအား ဖမ်းမိမှ အသေးစိတ်သိနိုင်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လုံးတုံရဲစခန်းမှ  ဦးအောင်ကျော်ဝင်းနှင့် တိုက်ခိုက်ခဲ့သူများ အား မူးယစ်ဆေးဝါးမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ တာဝန်ရှိဝန်ထမ်းများကို ထိခိုက်နာကျင်စေအောင် ပြုမူမှု၊ လက်နက်ဥပဒေပုဒ်မ စသည်တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး ကျန်ရှိသည့်တရားခံများ ဖမ်းမိရေး ဆောင်ရွက်လျက်ရှိသည်။
မိုင်းနောင်ဒေသဝန်းကျင်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏လှုပ်ရှားနယ်မြေများအတွင်း ပါဝင်နေကြောင်းလည်း ရဲအုပ် ဗျက်ဆန်းကပြောသည်။
ဒေသတွင်းမူးယစ်ဆေးရောင်ဝယ်မှုများ ရှိနေသည့်အတွက် ရွှေရှာဖွေသည့်သူများတွင် သုံးပုံတပုံမှာ မူးယစ်ဆေးသုံးစွဲမှုရှိကြောင်း၊ တဆင့်ခံ မူးယစ်ရောင်းဝယ်မှုအဖြစ် စက်တင်ဘာ ၂၈ ရက်နေ့က အင်းတော်ကြီးကန်လှေဆိပ်တွင် အမျိုးသမီးတဦးထံမှ ဘိန်းဖြူဟုယူဆရသည့်  ရွှေဝါရောင်အမှုန့် ၈၉ ဂရမ်ကျော်နှင့် မူးယစ်ဆေးပြား ၁၂၀၅ ပြားကို ဖမ်းမိခဲ့ကြောင်း လုံးတုံရဲစခန်းကသိရသည်။
The post ရဲတပ်ဖွဲ့ကို တိုက်ခိုက်၍ မူးယစ်တရားခံကို လုသွားသူ ၉ ဦးကို ဖမ်းမိ
မိုးညှင်းမြို့နယ်အတွင်းမူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မိုးကောင်း ၊ စက်တင်ဘာ - ၃၀
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပြည်သူလူထုပူးပေါင်း၍မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်လျက်ရှိရာ
ယနေ့မွန်းလွဲ(၁:၃၀)နာရီအချိန်ခန့်တွင်
မူးယစ်ဆေးဝါးသယ်ဆောင်လာမည်ဟုကြိုတင်သတင်းအရ
မိုးညှင်းမြို့မရဲစခန်းမှရဲအုပ်မြင့်လွင်နှင့်အဖွဲ့၊ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှရဲတပ်သားရဲဇော်လတ်တို့သည်သက်သေများနှင့်အတူ
မိုးညှင်းမြို့နှင့်ညောင်ကုန်းကျေးရွာခြင်းဆက်လမ်း၊ညောင်ကုန်းကျေးရွာထိပ်တွင်စောင့်ဆိုင်းနေစဉ်
မိုးညှင်းဘက်မှ
ဒေါ်သီတာ(၄၀)နှစ်(ဘ)ဦးတင်ထွန်း၊ရေလည်ကျွန်းရပ်၊နားခါအုပ်စု၊မိုးညှင်းမြို့တွင်နေထိုင်သူမောင်းနှင်လာသော
KENBO-125/နီနက်ဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ
လက်ဆွဲပလပ်စတစ်အိတ်အတွင်း
Love is Flowerစာတန်းပါဆပ်ပြာခွက်ဖြင့်ထည့်ထားသည့်
ဘိန်းဖြူဟုယူဆရသောဖြူ/ဝါရောင်မှုန့်(၁)ခွက်လျှင်အလေးချိန်(၁၀)ဂရမ်ခန့်စီပါ(၄)ခွက်
စုစုပေါင်းအလေးချိန်(၄၀)ဂရမ်ခန့်၊ကာလတန်ဖိုးကျပ်သိန်းပေါင်း(၃၀)ခန့်အားသိမ်းဆည်းရမိခဲ့သဖြင့်
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးဝားများဆိုင်ရာပုဒ်မ
မူး/စိတ်ပုဒ်မ-၁၅/၁၉(က)အရ
မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်လျက်ရှိကြောင်းသတင်းရရှိပါသည်။
မိုးကောင်းသတင်းမီဒီယာ
Thursday, September 29, 2016
မိုးညှင်းမြို့နယ်အတွင်းမူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မိုးကောင်း ၊ စက်တင်ဘာ - ၂၈
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှမှုခင်းကျဆင်းရေးနှင့်မူးယစ်ဆေးဝါးပပျောက်ရေးအားဆောင်ရွက်လျက်ရှိရာ
ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင်
ကချင်ပြည်နယ်၊မိုးညှင်းမြို့မရဲစခန်းမှ
ှရဲအုပ်စောအောင်ဝင်းဝင်းနှင့်အဖွဲ့သည်
မူးယစ်ဆေးဝါးသတင်းအရသက်သေများနှင့်အတူ
မိုးညှင်းမြို့၊သိမ်အင်းရပ်၊အမှတ်(၂၅)နေ
ရဲလင်းအောင်(ခ)ရဲကြီး(၂၇)နှစ်(ဘ)ဦးစိုးဝင်း
၁/မညန(နိုင်)၁၃၄၉၄၁၊၏နေအိမ်အားဝင်ရောက်ရှာဖွေရာ
(၁)အချင်း(၀.၅)လက်မ၊အမြင့်(၁.၅)လက်မအဖြူရောင်ကော်ဗူးအတွင်းဘိန်းဖြူဟုယူဆရသောဖြူ/ဝါရောင်အမှုန့်(၁)ဗူးလျင်
အလေးချိန်(၀.၃)ဂရမ်ခန့်ပါ(၆)ဗူး။
(၂)88/1စာတမ်းပါစိတ်ကြွဆေးပြား(၁၀၀)
ပါ(၁)ထုပ်။
အားသိမ်းဆည်းရမိခဲ့၍
မိုးညှင်းမြို့မရဲစခန်းတွင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာပုဒ်မ
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရအရေးယူဆောင်ရွက်နိုင်ရန်စီစဉ်ထားကြောင်းသတင်းရရှိပါသည်။
မိုးကောင်း သတင်းမီဒီယာ
Monday, September 26, 2016
ခိုင်ကမ်းမြို့အ၀င်၌ တရားမ၀င်ပစ္စည်းသယ်ဆောင်မှု စတင်စစ်ဆေး
စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းမြို့များသို့ ၀င်ထွက်သွားလာနိုင်သည့်အဓိက ၀င်ပေါက်၊ ထွက်ပေါက်လမ်းဖြစ်သည့် ခိုင်ကမ်းမြို့အ၀င်၌ ဌာနပေါင်းစုံပါဝင်သည့်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တရားမ၀င်ပစ္စည်းများ သယ်ဆောင်မှုကို ယနေ့(စက်တင်ဘာ ၂၆ ရက်) နံနက်ပိုင်းက စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ခိုင်ကမ်းမြို့ အုပ်ချုပ်ရေမှူးဦးမာန်နိုင်က ပြောသည်။
စစ်ဆေးရာတွင် မူးယစ်ဆေးဝါး၊ နိုင်ငံခြားသား ၀င်ထွက်သွားလာမှု၊ သစ်တောထွက်ပစ္စည်းများနှင့် ပေါက်ကွဲစေတတ်သည့်ယမ်းများ သယ်ယူနေမှုအား ထိန်းချုပ်နိုင်ရန် စစ်ဆေးနေခြင်းဖြစ်သည်ဟု ဦးမာန်နိုင်က ပြောသည်။
တရားမ၀င်ပစ္စည်းများ သယ်ဆောင်မှုစစ်ဆေးမည့်အပြင် ချင်းပြည်နယ်အတွင်းရှိ လမ်းများပေါ်တွင် သွားလာခွင့်ပိတ်ထားသည့် ဆယ်ဘီးယာဉ်၊ ဆယ်နှစ်ဘီးယာဉ်များ တရားမ၀င်သွားလာမှုကိုပါ စစ်ဆေးသွားမည်ဖြစ်သည်ဟု ၄င်းက ရှင်းပြသည်။
"ဒီလမ်းက ရိဒ်ခေါဒါရ်မြို့နဲ့ ထန်တလန်နယ်စပ်မှာရှိတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး သွားလာမှု အတွက် တစ်ခုတည်းသော ဖြတ်သန်းသွားလာရတဲ့ နေရာဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ အလျောက် ဥပဒေအရ တားမြစ်ထားတဲ့ ပစ္စည်းတွေ သယ်ယူရောင်းဝယ်မှု မပြုလုပ်နိုင်ဖို့ ဌာနပေါင်းစုံ ပူးပေါင်းစစ်ဆေးရတာဖြစ်ပါတယ်။ ဒီနေ့က စပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားတော့မှာပါ" ဟု ၎င်းးက ပြောသည်။
ချင်းပြည်နယ် ဖလမ်း-ဟားခါး-ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်း၊ တီးတိန်-ရိဒ်ခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းစသည့် မြန်မာ - အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းများကို သွားလာရန်အတွက် ခိုင်ကမ်းမြို့သည် တစ်ခုတည်းသော ၀င်ပေါက်၊ ထွက်ပေါက် ဖြတ်သန်းရသည့် မြို့ဖြစ်ပြီး ချင်းပြည်နယ်မြောက်ပိုင်းရှိ အသဲနှလုံးပုံ ရိဒ်ရေအိုင်အပါအ၀င် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစားသွားရောက်လည်ပတ်ကြသည့်နေရာအများအပြားရှိနေသဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ၀င်ထွက်သွားလာနိုင်သည့်အဓိကမြို့လည်းဖြစ်သည့်အတွက် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ဦးမာန်နိုင်က ထပ်မံပြောဆိုသည်။
THE VOICE
မူးယစ်ဆေး ဝင်ရောက် ဖမ်းဆီးရာ တရားခံမှ ဓါးဖြင့် ပြန်ခုတ်
26.9.2016
မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ၊မြို့မ(၂) ရပ်ကွက်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် (၁၁) နာရီ အချိန်ခန့် က မူးယစ်ဆေးဝါး ဖြန့်ဖြူး/သုံးစွဲနေကြောင်း သတင်း ရရှိသဖြင့် အမှတ် ၄ နယ်မြေရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ အသိသက်သေများနှင့် အတူ ဝင်ရောက် ဖမ်းဆီးခဲ့သည်။
ဝင်ရောက်ဖမ်းဆီးရာတွင် ရှာဖွေဖမ်းဝရမ်းပါသော်လည်း အိမ်ရှင်ဖြစ်သူ အဒေါ်ကြီးနှင့် သားဖြစ်အပါ လူ(၄) ဦး တို့ မှ ဓါးကိုယ်စီဖြင့် ပြန်ခုတ်ခဲ့ကြောင်း သိရသည်။ ဓါးဖြင့် ပြန်ခုတ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး၏ ဘယ်ဖက် လက် လက်ချောင်း တို့တွင် ပြတ်ရှဒဏ်ရာ ရရှိခဲ့ကာ ရဲတပ်ဝင် တစ်ဦးအား တရာခံမှ ဓါးဖြင့်လိုက်ခုတ် သဖြင့် ခြံစည်းရိုးကျော်ပြီး ထွက်ပြေးရာမှ လက်တို့ တွင် ပုလင်း ကွဲ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဓါးခုတ်သူတို့မှာ ထွက်ပြေးတိမ်းရှောင်နေပြီး ယင်းနေအိမ်မှ မူးယစ်ဆေးဝါးသုံးစွဲ ရာတွင် အသုံးပြု သည့် ပစ္စည်းများနှင့် ဓါးနှစ်လက်ကို သိမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
Myat Htut - Myeik
Friday, September 23, 2016
မူးယစ်ဆေးဝါး ရောင်းသူက ရဲတပ်သားကို စကေဘာဖြင့် ထိုး
ရန်ကုန်၊ စက်တင်ဘာ ၂၂
တောင်ဥက္ကလာပမြို့နယ်၊ (၃) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သန္တာလမ်းထောင့်တွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၃ နာရီက မူးယစ်သတင်းရရှိထားသော မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့စဉ် ယင်းယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးက စကေဘာဖြင့် ပြန်လည်ခုခံခဲ့သောကြောင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 
အဆိုပါ စကေဘာဖြင့် ရန်ပြုတိုက်ခိုက်ခဲ့သော အသက် ၄၂ နှစ်အရွယ် ဦးမျိုးဆွေမှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ မူးယစ်ဆေးဝါး ရောင်းချနေသူဖြစ်ကြောင်း သတင်းရရှိသဖြင့် ယင်းနေ့က ၎င်းနှင့် အသက် ၃၀ အရွယ် ဦးကောင်းမြတ်ထွန်းတို့ နှစ်ဦး လိုက်ပါလာသည့် တိုယိုတာယာဉ်ကို တားဆီးစစ်ဆေးခဲ့ကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 
“ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပမှာ ညီအစ်ကိုနှစ်ဦးကို မူးယစ်အမှုနဲ့ ဖမ်းဆီးမိခဲ့တယ်၊ စစ်ဆေးရာက ကွင်းဆက် မူးယစ်ဆေးဝါး ရောင်းချနေသူကို ထပ်ဖမ်းမိခဲ့တာ၊ မူးယစ်ဆေးဝါး ရောင်းသူက စကေဘာနဲ့ ပြန်ရန်ပြု တိုက်ခိုက်ခဲ့တာကြောင့် သတ်ပုတ်ဖမ်းဆီးခဲ့တဲ့ ရဲတပ်သား တစ်ယောက်  ဖူးရောင်ဒဏ်ရာတွေ ရခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စကေဘာဖြင့် ရန်ပြုတိုက်ခိုက်ခဲ့သောဦးမျိုးဆွေထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၇၁၈ ပြားကို သိမ်းဆည်းရမိခဲ့ပြီး တောင်ဥက္ကလာပ မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉ (က)/ ၂၀ (က)/ ၂၁/ ၂၂ (ခ) ဖြင့် လည်းကောင်း၊ တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းကို နာကျင်ဒဏ်ရာ ရရှိအောင် ပြုလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၂ ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေးလျက် ရှိသည်။
Thursday, September 22, 2016
မိတ္ထီလာ၊စက်တင်ဘာ ၂၁
မိတ္ထီလာ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်က ကျန်းမာရေး စစ်ဆေး မှု ပြုလုပ်ခဲ့ရာတွင် မူးယစ်မှုဖြင့် အကျဉ်းသား အများစုတွင် ခုခံအား ကျဆင်းမှုရောဂါ ရှိနေသည်ကို တွေ့ရှိရကြောင်း မိတ္ထီလာမြို့နယ် ခုခံကျနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။       
အဆိုပါ ကျန်းမာရေး စစ်ဆေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဦးစီး ဌာနနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်းမာရေးဦးစီးဌာန Global Fund ၏ ထောက်ပံ့မှုဖြင့် ဆေးများ ပေးကြောင်း အဆိုပါအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးကျော်က ပြောကြားသည်။
မိတ္ထီလာ အကျဉ်းထောင်အတွင်း ခုခံအားကျ ရောဂါစစ်ဆေးရာတွင် ရောဂါ တွေ့ရှိသူ အများစုမှာ မူးယစ်ဆေး အကြောတွင်း ထိုးသွင်းသူများဖြစ်ပြီး မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ၀န်းသို၊ လားရှိုးမြို့နယ်များမှ မိတ္ထီလာသို့ ထောင်ပြောင်းရွှေ့လာသူများဖြစ်ကာ အသက် ၂၀ နှင့် ၃၀ ကြား လူငယ်များဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
"အကျဉ်းသားတွေကို ဆေးစစ်တယ်။ ဆေးသောက်နေရတဲ့ လူတွေကိုလည်း နှစ်သိမ့် ဆွေးနွေးတယ်။ ထောင်ကလည်း သူတို့ကို လိုအပ်တာတွေ လုပ်ပေးတယ်။ HIV သမားတွေကို စားနပ်ရိက္ခာ ပြင်ပေးတယ်" ဟု ဒေါက်တာအေးအေးကျော်က ဆိုသည်။
အဆိုပါ အကျဉ်းသားအချို့တွင် တီဘီရောဂါနှင့် အသည်းရောင်စီပိုး ရောဂါကိုပါ တွေ့ရှိရပြီး တီဘီသမားများကို ဆေးစစ်ရာတွင် သလိပ်ပိုးသာ စစ်ဆေးရခြင်းဖြစ်ရာ ဓာတ်မှန်ရိုက်ရန် လိုအပ်ကြောင်း၊ နှစ်ကြီး အကျဉ်းသားများကို အကျဉ်းထောင်ပြင်ပတွင် ဓာတ်မှန်ရိုက်ရန်မှာ အခက်အခဲရှိသဖြင့် ၎င်းတို့အတွက် ရွှေ့ပြောင်း ဓာတ်မှန်စက် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မိတ္ထီလာ အကျဉ်းထောင်တွင် ခုခံအားကျ ရောဂါရှိသူ အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီးငါးဦးရှိပြီး ၎င်းတို့အနက် အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးမှာ တီဘီရောဂါပါ ပူးတွဲတွေ့ရကြောင်း၊ ထို့ပြင် အမျိုးသားတစ်ဦးမှာ ဆေးယဉ်ပါး တီဘီရောဂါ ခံစားနေရကြောင်း ဆေးကုသမှု မှတ်တမ်းများအရ သိရသည်။   
Wednesday, September 21, 2016
အင်းတော်ကြီးဒေသတွင် မူးယစ်တရားခံ ဖမ်းလာသည့် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ
Posted: September 21, 2016
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတရားခံအား ဖမ်းဆီးပြီးအပြန်တွင် စောင့်ကြိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒုရဲမှူး အောင်နိုင်ဦးအား မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် အရေးပေါ် အခြေအနေတင်ပို့ ကုသခဲ့ရကြောင်း မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါး တရားခံအား ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို လူတစ်စုကလမ်းမှာ စောင့်ကြိုကာ တုတ်၊ ဓားများဖြင့် တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးတစ်ဦး ဓားခုတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်ခံရမှုကြောင့် မူးယစ်ဆေးရောင်းဝယ်သူ ဦးအောင်ကျော်ဝင်းမှာ ပြန်လည် လွတ်မြောက် သွားသော်လည်း ဘိန်းဖြူအလေးချိန် ၁၁၇ ဒဿမ ၄၀၀၁ ဂရမ်၊ WY တံဆိပ်ပါ စိတ်ကြွဆေး ၂၉၈၅ လုံး၊ ငွေကျပ် ၁၇ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရဲဘက်ပြေး ဦးအောင်ကျော်ဝင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သူများကို မူးယစ်ဆေးဝါးမှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ တာဝန်ရှိဝန်ထမ်းများကို ထိခိုက်နာကျင်စေအောင် ပြုမူမှု၊ လက်နက်ဥပဒေပုဒ်မ စသည် ပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ဆိုသည်။
“ဒုရဲအုပ်ပဲ သေနတ်ကပါတာ၊ သူတို့က လူအုပ်နဲ့ရိုက်နှက်ပြီး ပြန်လုသွားတာ။ ဒုရဲအုပ်ဆီက ခါးပတ်ကို ဖြုတ်ပြီး သေနတ်ပါယူသွားတယ်၊ အခင်းဖြစ်နေရာမှာ လက်ပစ်ဗုံး ၂ လုံးကိုလည်း သိမ်းဆည်းရမိထားတယ်” ဟု လုံးတုံရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
စက်တင်ဘာ ၁၉ ရက် နေ့က ဒုရဲမှူး အောင်နိုင်ဦး အပါအဝင် ရဲတပ်သား ၄ ဦးနှင့် အရပ်သားသက်သေ ၆ ဦးမှာ မူးယစ်ဆေးဝါးများနှင့်အတူ ရဲဘက်ပြေး ဦးအောင်ကျော်ဝင်း (ခ) ဘိုးတော် ကို တောထဲတွင် ဖမ်းဆီးရ မိခဲ့သော်လည်း လက်နက်များ ကိုင်ဆောင်ထားသော လူ ၂၀ ခန့်က ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ ဦးအောင်ကျော်ဝင်းကို ပြန်လည်လုယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့၌ သတင်းအရ ရဲဘက်ပြေးတစ်ဦးအား ဝင်ရောက်ဖမ်းဆီးစဉ် ရဲအရာရှိအား ဝိုင်းဝန်းရိုက်နှက်ပြီး ပြစ်မှုကျူးလွန်သူများ ထွက်ပြေးလွတ်မြောက်
မိုးညှင်း စက်တင်ဘာ ၂ဝ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ တွင် ရဲဘက်ပြေးတစ်ဦးအား ဖမ်းဆီးရာ မူးယစ်ဆေးဝါးများနှင့် လက်နက်များ ဖမ်းမိသဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းနေစဉ် ဖမ်းဆီးရမိသူ တရားခံ ၏သားဖြစ်သူက ရွာသားများနှင့်အတူ ဝင်ရောက်အန္တရာယ်ပြုပြီး တရားခံအား ကယ်ထုတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း၊ ဒုတိယရဲမှူးတစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး သတင်းအရ စက်တင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲ ခန့်က ဒုရဲမှူး သန်းဝင်းအောင် အမှတ်(၂)မှုခင်းတပ်ဖွဲ့စိတ်မှူး၊ အမှတ်(၁၄)မှုခင်း တပ်ဖွဲ့စု မိုးညှင်းဦးဆောင်သော ပူးပေါင်း အဖွဲ့တို့သည် မိုင်းနောင်ကျေးရွာ အနောက်တောင်ဘက် ကျောက်ဆင်ရပ် စေတီနှင့် ခြောက်ဖာလုံခန့်အကွာရှိ ယာယီတဲ တွင် ဆွမ်ပရာဘွမ် စခန်းခွဲ မိုင်တိုင် (၁၃၃/၂)အနီး ဝါးခုတ် လုပ်ငန်းခွင် ရဲဘက်စခန်းမှ ထွက်ပြေးလာ သူ အောင်ကျော်ဝင်းရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးရာ အောင်ကျော်ဝင်းမှာ ထွက်ပြေးသွား သဖြင့် သက်သေများနှင့်လိုက်လံဖမ်းဆီး ရမိခဲ့သည်။
နီတိုး
Myanmaalinn
မူးယစ်ရောင်းဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးထားသူ ၅၇ ဦးကို RCSS/SSA ပြန်လွှတ်ပေး
စက်တင်ဘာလ ၂၀ ရက် ၂၀၁၆
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်အရ သီပေါမြို့နယ် နမ့်လန်ဒေသမှ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ ၅၇ ဦးကို RCSS/SSA မှ ခေတ္တ ဖမ်းဆီးထိန်းသိမ်း ပညာပေးမှုများ ပြုလုပ်ခဲ့ရာမှ ပြန်လွှတ်ပေး လိုက်ပြီဖြစ် ကြောင်း RCSS/SSA အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့က နမ့်လန်အုပ်စုရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ေ ဖာက် ကားသူနှင့် သုံးစွဲသူ ၅၇ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်များမှ ခေတ္တဖမ်း ဆီးပညာပေးမှုပြုခဲ့သည်ဟု RCSS/SSA ၏ ပြောခွင့်ရလည်းဖြစ်သည့် ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။
"ခေတ္တထိန်းသိမ်းတာပါ ။ အခုတော့ အားလုံး ခံဝန်နဲ့ပြန်လွတ်ပေးလိုက်ပြီ။ အကုန်လုံးကို ဓါတ်ပုံရိုက်တယ် ။ မှတ်တမ်းတွေလည်း ယူထားပါတယ်။ မူးယစ်တိုက်ဖျက်ဖို့ ရည်ရွယ်တာပါ "ဟု ဗိုလ်မှူးကြီးစိုင်းလှက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြောသည်။
ဖမ်းဆီးမှုအတွင်း ယာဘအပြားရေ ၆၇၃ ပြား ၊ ၃၈၀ ပစ္စတို တစ်လက် ၊ တူမီး သေနတ် ၂ လက်နှင့် စကားပြောစက်အပါအ၀င် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း သိရသည်။
ဖမ်းဆီးမှုအပေါ် တပ်မတော်မှလွတ်ပေးရန် RCSS/SSA ထံစာပို့ခဲ့ပြီး ဖမ်းဆီးမှုအား တပ်သားစုဆောင်းမှုအဖြစ် မှတ်ယူကြောင်းလည်း RFA သတင်းတွင် ဖော်ပြထားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ေ ရးကောင်စီ RCSS/SSA သည် အစိုးရနှင့် တစ်ဖွဲ့ချင်းစီ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် ၂၀၁၂ မှ စတင်ကာ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်း များကို အရှိန်မြင့်လုပ်ဆောင်နေပြီး ပြန်လည်ထူထောင်ရေး စခန်းများကိုလည်း သျှမ်းပြည်နယ် နေရာ အတော်များများတွင် ဖွင့်လှစ်ထားသည်ဟု သိရ သည်။
သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း
Panglong(Burmese)
Tuesday, September 20, 2016
မောင်တောတွင် ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားဖမ်းမိ
Posted: September 20, 2016
မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး မောင်တောမြို့ ၃ မိုင်ရှိ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်းဝင်း အတွင်းမှ ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၂၃၃၀၈၀ ကို စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။
“စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတယ်ဆိုတာ ဟုတ်ပါတယ် ။အခုလောလောဆယ် စိစစ်နေတုန်းပါပဲ” ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှုးက The Ladies သို့အတည်ပြုပြောသည်။
မူးယစ်ဆေးဝါး ကွင်းဆက်သတင်းအရ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်းဦး ကြီးကြပ်သည့် ပူးပေါင်းအဖွဲ့သည် ညီချစ်ပိုင် အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်း ကျောက်ခွဲစက်ဝင်း အတွင်းရှိ အုတ်ပုံအား ရှာဖွေရာ အ၀ါရောင်ပီနန်အိတ် ၂၇ လုံးအတွင်း ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၆၂၃၃၀၈၀ ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၂,၄၆၆,၁၆၀,၀၀၀ (ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်း လေးထောင်ခြောက်ရာ ခြောက်ဆယ့်တစ်သိန်း ခြောက်သောင်း) ခန့်ရှိကြောင်း မောင်တော ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ထို့အတူ မောင်တောမြို့နယ် မြို့ဦးကျေးရွာ လသာရွာရှိ နုရူလာမိန် (၄၀ နှစ်) ၏ နေအိမ်သို့ သတင်းအရ ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေရာ နူရူလာမိန်အား မတွေ့ရှိဘဲ ၎င်း၏ဇနီး အဏ္ဏ၀ါဘေဂေါင် (၃၈ နှစ် ) နှင့် သားဖြစ်သူ အဏ္ဏ၀ါဆာဒတ် ( ၁၉ နှစ် ) တို့နှစ်ဦးကိုသာ တွေ့ရှိရပြီး နေအိမ်အတွင်း ၀င်ရောက်ရှာဖွေခဲ့ရာ ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိရဘဲ နေအိမ်အနီး ရေချိုးခန်းအတွင်း အိမ်သာခွက် အတွင်းရှိ သံစင်ပေါ်မှ မူးယစ်ဆေးဝါးဟု ယူဆသည့် WY စာတမ်းပါ ပန်ရောင်ဆေးပြား စုစုပေါင်း ၆၈၂၅၀၀၊ တန်ဖိုးကျပ် ၁၃၆၅၀၀၀၀၀၀ အားတွေ့ရှိခဲ့ရသဖြင့် ဒုရဲမှူးကျော်အေးလှိုင်က သက်သေများရှေ့တွင် မအဏ္ဏ၀ါဘေဂေါင်နှင့် အဏ္ဏ၀ါဆာဒက်တို့ကို မယ (ပ) ၁၄/၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀(က)/၂၁ အရ အမှုဖွင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်က ကလည်း အဆိုပါ အဆိုပါ ညီချစ်ပိုင် အုတ်၊သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်း ကျောက်ခွဲစက် ၀င်းအတွင်း သဲတင်ယာဉ်ပေါ်မှ ကျပ် ၁၃၆၅၀၀၀၀၀၀ (ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင် ခြောက်ရာငါးဆယ်သိန်း) တန်ဖိုးရှိ WY/R ရောရာ ပန်းရောင် စိတ်ကြွဆေးပြား ၆၈၂၅၀၀ (ခြောက်သိန်းရှစ်သောင်း နှစ်ထောင့်ငါးရာ) ကို ဖမ်းဆီးရမိခဲ့ပြီး အမှုမှ ယာဉ်မောင်း မိုးဇော်ဦး (၂၈ နှစ်) နှင့် ကျောက်ခွဲစက် လုပ်ငန်းစာရေး ရှောင်ရှုဇူဟာရ် (၃၂ နှစ်) အား ဖမ်းဆီး အရေးယူထားကာ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးပိုင်ရှင် ညီချစ်ဆိုသူမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
The Ladies News