Showing posts with label အိမ်ရာမြေ. Show all posts
Showing posts with label အိမ်ရာမြေ. Show all posts

Saturday, October 8, 2016

ရွှေ့ပြောင်း နေထိုင်သူများကို အိမ်ထောင်စု စာရင်း မန္တလေးခရိုင်အတွင်း စတင်ထုတ်ပေး


မန္တလေး အောက်တိုဘာ ၇

အစိုးရသစ် ရက်တစ်ရာ စီမံကိန်းတွင် စာရင်း ကောက်ယူခဲ့သော ရွှေ့ပြောင်း လုပ်သားများကို နေထိုင်သည့် မြို့နယ် အတွင်း အိမ်ထောင်စု စာရင်းကို မန္တလေး ခရိုင်အတွင်းရှိ ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ ၇ ရက်နေ့မှ စတင် ထုတ်ပေးကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောကြားသည်။

ရွှေ့ပြောင်း လုပ်သားများအနက် အနည်းဆုံး ခြောက်လ နေထိုင်သူများကို မူလစာရင်းရှိ အိမ်ထောင်စု စာရင်းကို ပယ်ဖျက်၍ လက်ရှိ နေထိုင်ရာ စာရင်းပေါက် အိမ်ထောင်စု စာရင်းများကို အခမဲ့ ဆောင်ရွက် ပေးခြင်းလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အငြင်းပွားဖွယ် မရှိတဲ့ သာမန် ပြောင်းရွှေ့ လုပ်သားတွေကို အိမ်ထောင်စုစာရင်း လုပ်ပေးတာပါ။ မူလ နေထိုင်ရာမှာ စာရင်းပေါက်ပြီး လက်ရှိမှာ စာရင်း မပေါက်သူတွေကို ဦးစားပေး စိစစ်ပြီး လုပ်ပေးတာပါ”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းသို့ အခြားဒေသမှ ရွှေ့ပြောင်းနေထိုင်သူများ အနေဖြင့် မူလနေထိုင်ရာတွင် အိမ်ထောင်စု ဇယား မရှိပါက သုံးနှစ်ဆက်တိုက် နေထိုင်သူဖြစ်လျှင် အိမ်ထောင်စု ဇယားအသစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဦးတင်ချယ်က ပြောကြားသည်။

မန္တလေး တိုင်းဒေသကြီးသည် ရွှေ့ပြောင်း လုပ်သား ဝင်ရောက်မှု များပြားနေ၍ အစိုးရအနေဖြင့် မူဝါဒများ ချမှတ်ရာတွင် ရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက်၍ ထည့်သွင်း ရေးဆွဲရမည်ဖြစ်ကြောင်း ရွှေ့ပြောင်း လုပ်သားများ အရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သာမန် ရွှေ့ပြောင်း နေထိုင်သူ အိမ်ထောင်စု တစ်သောင်းကျော် ရှိပြီး လူဦးရေ သုံးသောင်းကျော် ရှိကြောင်း ယာယီ ရွှေ့ပြောင်း နေထိုင်သူများ အရေအတွက်မှာ အိမ်ထောင်စု တစ်သောင်းကျော် ရှိပြီး လူဦးရေ လေးသောင်းကျော်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရှိရသည်။

အိမ်ထောင်စု ဇယား ထုတ်ပေးရာတွင် အခြားဒေသမှ လာရောက်သည့် သာမန် ရွှေ့ပြောင်းနေထိုင်သူများ အနေဖြင့် ရပ်ကွက်အတွင်း အိမ်ငှားဖြင့် နေထိုင်ကြသဖြင့် စိစစ်ရာတွင် လွယ်ကူပြီး ယာယီ ရွှေ့ပြောင်း နေထိုင်သူများမှာမူ ကျူးအဖြစ် နေထိုင်ကြသဖြင့် စိစစ်ရေးအတွက် မလွယ်ကူကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

Saturday, September 24, 2016

၎ နှစ် မှ ၁၄ နှစ် အထိ အရစ်ကျဝယ်ယူနိုင်မည့် ဧရာချမ်းသာ အိမ်ရာစီမံကိန်း အရောင်းပြပွဲ ကျင်းပ

Posted: September 24, 2016

iMyanmarHouse.com မှ ကြီးမှူး ပြုလုပ်သည့် ဧရာချမ်းသာ အိမ်ရာစီမံကိန်း အရောင်းပြပွဲကို စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ချမ်းသာပလာဇာ Chan Thar Plaza တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

 

ပြပွဲတွင် သိန်း ၆၀၀ တန် ကွန်ဒို အခန်း ၃၀ ကိုသာ ဦးရာလူစနစ်ဖြင့် ၄ နှစ် မှ ၁၄ နှစ် အထိ အရစ်ကျ စနစ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဧရာချမ်းသာ အိမ်ရာစီမံကိန်းသည် ၂၄ နာရီမီးအားပေးစနစ်၊ ဓာတ်လှေကား၊ ကားပါကင်၊ ရေကူးကန်၊ Community Center များ ၊ ပန်းခြံ၊ ကစားကွင်းများဖြင့် ဖွဲ့စည်းထားပြီး မြို့လယ်ခေါင်သို့ ၁၅ မိနစ်ဖြင့် ရောက်ရှိနိုင်ခြင်း (၁၂ ကီလိုမီတာ or ၇.၄ မိုင်)၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် 30 km ခန့်အကွာအဝေးတွင် တည်ရှိခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးသော အိမ်ရာစီမံကိန်းဖြစ်သည်။

 

ဧရာချမ်းသာ အဆင့်မြင့်အိမ်ရာ စီမံကိန်းအနီးပတ်ဝန်းကျင်တွင် ဆေးရုံ၊ ကျောင်း၊ လိုင်းပေါင်းစုံ ဘတ်(စ်)ကားများလည်း ပေါ်ထွက်လာဦးမည်ဖြစ်ရာ မြို့ပြလူနေထိုင်မှုစနစ်နှင့်အညီ တည်ဆောက်ထားခြင်း တို့ကြောင့် သင့်တင့်မျှတသော ဈေးနှုန်းတစ်ခုဖြင့် လူနေမှုအဆင့်အတန်း မြင့်မားစွာ နေထိုင်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။

 

အိမ်ရာစီမံကိန်းသည် ဒဂုံမြို့ သစ် ဆိပ်ကမ်း၊ ဧရာဝဏ်လမ်း - ရတနာအိမ်ရာစီမံကိန်း ၊ စာဥမှတ်တိုင်အနီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိပြီး ဝယ်ယူသူများထံသို့ ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းတွင်၊ အခန်းများကို သော့အပ်နိုင်မည် ဟုလည်း သိရသည်။

 

ဝသန်

The Ladies News