Saturday, September 24, 2016

၎ နှစ် မှ ၁၄ နှစ် အထိ အရစ်ကျဝယ်ယူနိုင်မည့် ဧရာချမ်းသာ အိမ်ရာစီမံကိန်း အရောင်းပြပွဲ ကျင်းပ

Posted: September 24, 2016

iMyanmarHouse.com မှ ကြီးမှူး ပြုလုပ်သည့် ဧရာချမ်းသာ အိမ်ရာစီမံကိန်း အရောင်းပြပွဲကို စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ချမ်းသာပလာဇာ Chan Thar Plaza တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

 

ပြပွဲတွင် သိန်း ၆၀၀ တန် ကွန်ဒို အခန်း ၃၀ ကိုသာ ဦးရာလူစနစ်ဖြင့် ၄ နှစ် မှ ၁၄ နှစ် အထိ အရစ်ကျ စနစ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဧရာချမ်းသာ အိမ်ရာစီမံကိန်းသည် ၂၄ နာရီမီးအားပေးစနစ်၊ ဓာတ်လှေကား၊ ကားပါကင်၊ ရေကူးကန်၊ Community Center များ ၊ ပန်းခြံ၊ ကစားကွင်းများဖြင့် ဖွဲ့စည်းထားပြီး မြို့လယ်ခေါင်သို့ ၁၅ မိနစ်ဖြင့် ရောက်ရှိနိုင်ခြင်း (၁၂ ကီလိုမီတာ or ၇.၄ မိုင်)၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် 30 km ခန့်အကွာအဝေးတွင် တည်ရှိခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးသော အိမ်ရာစီမံကိန်းဖြစ်သည်။

 

ဧရာချမ်းသာ အဆင့်မြင့်အိမ်ရာ စီမံကိန်းအနီးပတ်ဝန်းကျင်တွင် ဆေးရုံ၊ ကျောင်း၊ လိုင်းပေါင်းစုံ ဘတ်(စ်)ကားများလည်း ပေါ်ထွက်လာဦးမည်ဖြစ်ရာ မြို့ပြလူနေထိုင်မှုစနစ်နှင့်အညီ တည်ဆောက်ထားခြင်း တို့ကြောင့် သင့်တင့်မျှတသော ဈေးနှုန်းတစ်ခုဖြင့် လူနေမှုအဆင့်အတန်း မြင့်မားစွာ နေထိုင်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။

 

အိမ်ရာစီမံကိန်းသည် ဒဂုံမြို့ သစ် ဆိပ်ကမ်း၊ ဧရာဝဏ်လမ်း - ရတနာအိမ်ရာစီမံကိန်း ၊ စာဥမှတ်တိုင်အနီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိပြီး ဝယ်ယူသူများထံသို့ ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းတွင်၊ အခန်းများကို သော့အပ်နိုင်မည် ဟုလည်း သိရသည်။

 

ဝသန်

The Ladies News

No comments: