Thursday, September 29, 2016

ပြည်ခိုင်ဖြိုးပါတီကို ပြည်သူ့ပါတီဖြစ်အောင် ကြိုးစားဖို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား

၂၀၁၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကို ပြည်သူ့ပါတီဖြစ်အောင် ကြိုးစားဆောင်ရွက်ကြဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ဒီကနေ့မှာပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဦးသန်းဌေးက အဲဒီလို ပြောဆိုလိုက်တာပါ။

ပါတီဝင်အင်အား ကျစ်လျစ်ခိုင်မာရေး၊ ပါတီဝင်တိုင်း အမျိုး၊ ဘာသာ၊ သာသနာအတွက်ဆိုရင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ရေးနဲ့ ပြည်သူအသံတွေကို နားထောင်ပြီး ပြည်သူ့အခက်အခဲတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရိုင်းပင်ကူညီဖို့လည်း မှာကြားခဲ့ပါတယ်။

ဒါ့အပြင် ပါတီအတွင်း ဒီမိုကရေစီ စနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်ဖို့လည်း ပြောကြားခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်း ရေးမှူးတွေအပါအ၀င် အတွင်းရေးမှူးအဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တိုင်းနဲ့ပြည်နယ်က ပါတီဥက္ကဋ္ဌတွေ တက်ရောက် ခဲ့ပါတယ်။MCN

No comments: