Thursday, September 29, 2016

၁၈၇၂ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၂ သန်းကျော်ပဲ ရှိ

မြန်မာနိုင်ငံမှာ ၁၈၇၂ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်းအရ နေထိုင်သူအရေအတွက် ၂.၇ သန်းပဲ ရှိတယ်လို့ အဲဒီသန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃၊ ၁၉၈၃ နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း သုံးကြိမ် ကောက်ယူခဲ့ပြီး နောက်ဆုံး သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေဟာ ၅၁ သန်းခန့် ရှိနေပြီ ဖြစ်ပါတယ်။

လွတ်လပ်ရေးမရခင် ဗြိတိသျှ ကိုလိုနီလက်အောက်ခံဖြစ်နေတုန်း ၁၈၉၁ ခုနှစ်က ပထမဆုံးကောက်ယူတဲ့ ခေတ်သစ် သန်းခေါင်စာရင်းမှာတော့ နိုင်ငံ့လူဦးရေဟာ ၇.၇ သန်း ရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၃ ခုနှစ်မှာ ၂၈ သန်းရှိပြီး ၁၉၈၃ ခုနှစ်မှာတော့ လူဦးရေ ၃၅ သန်း အထိ တိုးပွားလာခဲ့တာ ဖြစ်ပါတယ်။

No comments: