Showing posts with label ကျောက်စိမ်း. Show all posts
Showing posts with label ကျောက်စိမ်း. Show all posts

Saturday, October 15, 2016

ဝိုင်းမော်မြို့နယ်မှာ ခိုးထုတ်မယ့် ကျောက်စိမ်းရိုင်းတွေ ဖမ်းမိ



( ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး ကို တွေ့ရစဉ် ) Photo: Kyaw Myo Min/RFAကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနားက ဗလမင်းထင်တံတား စုပေါင်းဂိတ်မှာ တရုတ်နိုင်ငံဘက်ကို ခိုးထုတ်မယ့် ကျောက်စိမ်းအရိုင်းတုံး တန်ချိန် ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူတွေကို ကျောက်မျက်ဥပဒေနဲ့ အရေးယူဖို့စစ်ဆေးနေပါတယ်။

အဲဒီကျောက်စိမ်းတွေ တင်လာတဲ့ ကားသမား နှစ်ဦး ဝိုင်းမော်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဖို့ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး က ဒီကနေ့ပြောပါတယ်။

"ကာမိုင်းကနေ မြစ်ကြီးနာအထိ သူတို့ မျောပါပါတယ်။ မြစ်ကြီးနားမြို့ကနေ ဟိုဘက်ကို ထွက်သွားရင်တော့ တရားမ၀င် ဖြစ်သွားပါတယ်။ ပြည်ပကို ရောင်းချမယ်ဆိုရင် လက်ကောက်တို့၊ လက်စွပ်တို့ အဲဒီလို ကုန်ချောထုတ်ပြီးမှ သတ်မှတ်တဲ့ အခွန်ဆောင်ပြီးမှ ထွက်ခွင့်ရှိတာပါ။ အခုဟာကတော့ အကြမ်းထည်အတိုင်း အရိုင်းတုံးအတိုင်း ဆက်ပြီးတော့ သယ်သွားတဲ့အတွက် ဖမ်းဆီးအရေးယူရတာဖြစ်ပါတယ်"

အဲဒီ ကျောက်စိမ်းတွေကို မြစ်ကြီးနားမြို့ကနေ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက် သယ်ယူဖို့ ကြိုးစားချိန်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၄၂ ( က )၊ ပုဒ်မ ၄၄ တို့ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့က သစ်တောထွက်ပစ္စည်းတွေ၊ သားရဲတိရိစ္ဆာန်တွေ အပါအဝင် ကျောက်စိမ်း နဲ့ ပယင်း စတဲ့ သဘာဝသယံဇာတ ပစ္စည်းတွေကို ကချင်ပြည်နယ်ကနေတဆင့် တရုတ်ပြည်ဘက် တရားမဝင် တင်ပို့မှုတွေကြောင့် မကြားခဏ ဖမ်းဆီးရမိမှုတွေရှိတယ်လို့ သိရပါတယ်။

RFA Burmese

Friday, October 7, 2016

မြန်မာနိုင်ငံနှင့် ကျောက်မျက် ကုန်သွယ်မှု ပြုလုပ်ရန် အမေရိကန် စိတ်ဝင်စား

Posted: October 7, 2016

ကာလအတန်ကြာ တရားဝင် ကုန်သွယ်ခွင့် မရှိခဲ့သည့် ကဏ္ဍဖြစ်သော ကျောက်မျက်ကဏ္ဍတွင် ကုန်သွယ်မှု ပြုလုပ်ရန် အမေရိကန် ကျောက်မျက် ကုန်သည်များက စိတ်ဝင်စားနေကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံသို့ ကျောက်မျက်တင်ပို့မှုမှာ ပိတ်ဆို့ အရေးယူမှုဆိုင်ရာ ကျောက်မျက်ဥပဒေအရ သီးသန့် ပြဋ္ဌာန်း ပိတ်ဆို့ထားခြင်း ဖြစ်သော်လည်း မကြာမှီတွင် ပိတ်ဆို့မှုများ ဖယ်ရှားရာတွင် ကျောက်မျက်ကဏ္ဍမှာ ပါဝင်လာဖွယ်ရှိနေခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၄ ရက် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချူပ်ရုံးတွင် ပြုလုပ်သည့် အမေရိကန် ရတနာကုန်သည်(AGTA)နှင့် မြန်မာနိုင်ငံ ရတနာလုပ်ငန်းရှင်များ အသင်း(MGJEA)တို့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

 

အမေရိကန် ရတနာကုန်သည် အသင်းဥက္ကဋ္ဌ မစ္စတာဂျက်ဖာရီ ဘယ်ဂေါ်ရီက "ကျနော်တို့ ဒီကိုလာရတဲ့ အဓိကရည်ရွယ်ချက်က ရတနာလုပ်ငန်း နယ်ပယ်ထဲမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို ကမ္ဘာ့လှစ်ဟပြချင်လို့ ဖြစ်တယ်။ ဒီစီးပွားရေးလုပ်ငန်းက ဒီမိုကရေစီလမ်းကြောင်း တိုးတက်မှု ခိုင်မာမှုတွေအတွက် အထောက်အကူပေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

 

အမေရိကန် ရတနာကုန်သည်များ အသင်းသည် ရတနာဈေးကွက်တွင် ပွင့်လင်းမြင်သာမှုရှိစွာနှင့် ရပ်တည်နေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။ မြန်မာနိုင်ငံ ရတနာဈေးကွက်သည် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်တဲ့ အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ဘယ်ဂေါ်ရီက မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ဖို့အတွက် အကူအညီပေးနိုင်ဖို့အတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဆိုထားသည်။ UMFCCI အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာ့ပတ္တမြား ဈေးကွက်ကို ကုန်သွယ်ရန် သဘောကျကြောင်း၊ ပတ္တမြားထုတ်လုပ်မှုက အနည်းငယ် သေးသော်လည်း မြန်မာနိုင်ငံအနေဖြင့် အားထုတ် လုပ်ဆောင်နိုင်လျှင် ကြီးမားသည့် ဈေးကွက်ကြီးတစ်ခုကို ရရှိနိုင်ကြောင်း ဆိုသည်။

 

ဒေါက်တာမောင်မောင်လေးက "ရတနာကုန်သွယ်လုပ်ငန်းက တကယ်တော့ ဈေးကွက်ကြီးတစ်ခုပါ။ အစိုးရအနေနဲ့ ရတနာကုန်သွယ် လုပ်ငန်းအတွက် နည်းစနစ်တကျ အခွန်ကောက်ယူခြင်း လုပ်ဆောင်မယ်ဆို ကျွန်တော်တို့ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရနိုင်ပါတယ်။ ပတ္တမြားဆိုတာ ဈေးကွက်သေးပါတယ်။ ဒါပေမယ့် အရည်အသွေးမြင့်အောင် လုပ်ဆောင်မယ်ဆိုရင် ဈေးကွက်အကြီးကြီး ရမှာဖြစ်တယ်”ဟု ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးမြင့် ရတနာထုတ်ကုန် နှစ်စဉ် ဒေါ်လာ သန်း ၂၀ ထက် ပိုမရချိန်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့် နှစ်စဉ်ဒေါ်လာ ၁ ဘီလီယံ ရရှိလျက်ရှိကြောင်း ဒေါက်တာ မောင်မောင်လေးက ပြောသည်။

 

The Ladies News

Thursday, October 6, 2016

ဝိုင်းမော်မြို့၌  ၁၂ဘီးကားအပြည့်ကျောက်စိမ်း ဖမ်းဆီးရမိ။

Breaking News
-------------------------

( Gannes Basnet )

ထွေအုပ် ၊ ရဲ စသည် အလုပ်ရှုပ်နေကြပါတယ်
ထုံးစံအတိုင်း ပိုင်ရှင်မဲ့ပါ
အရင်ကတော့ ဒါမျိုးဖြစ်ရင် ဖျောင်တယ် ၊ ကျောက်ကောင်းကို မကောင်းတဲ့ကျောက်စိမ်းနဲ့ ပြန်လှယ်တယ်။
ယခုထိုအကျင့်ပျောက်ပြီလား စိတ်ဝင်စားစရာပါ။

ဖမ်းဆီးထားတား ကားနဲ့ ကျောက်စိမ်းများphoto လောလောဆယ် မတင်နိုင်သေးပါ။

Jan Khone