Showing posts with label ဆေးပညာသတင်း. Show all posts
Showing posts with label ဆေးပညာသတင်း. Show all posts

Thursday, October 6, 2016

ဆေးနှင့် ဆေးပစ္စည်းများ ၁၀ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်

အမေရိကန်ဒေါ်လာဈေး မြင့်တက်နေခြင်းက ဆေးဝါးများ ဈေးမြင့်တက်စေသည်။ (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဆေးဝါးဈေးကွက်အ တွင်း ဆေးပစ္စည်း ဈေးနှုန်းများ ၅ ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း သတင်းရရှိသည်။

 

ယခုလပိုင်းအတွင်း ဒေါ်လာ ဈေးတစ်ဒေါ်လာလျှင် ၁,၂၈၀ကျပ် ကျော်လာပြီးနောက် ဆေးဝါးတင်သွင်းသည့်ကုမ္ပဏီများမှ ဆေးဝါးဈေးနှုန်းများကို စက်တင်ဘာလမှစ၍ ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်ခြင်းဖြစ်သည်ဟု ပြည် ပမှ ဆေးဝါး တင်သွင်းရောင်းချ သည့် ကုမ္ပဏီနှင့် လက်လီလက် ကားအရောင်းဆိုင်အချို့က ဆို သည်။

 

‘‘ဆေးဝါးတင်သွင်းတဲ့ကုမ္ပ ဏီတိုင်းက ၅ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်အထိတက် သွားတယ်။ ဆေးအားလုံး ဈေး တက်သွားတယ်။အခုဒီလကုန်ပြီး ၁ ရက်၊ နှစ်ရက်မှာပဲ တက်တာ။ ဒေါ် လာဈေးက တောက်လျှောက် တက်လာတာ။ တစ်ဒေါ်လာ ၁,၁၀၀ကျော်တုန်းက ဆေးပစ္စည်း ဈေးမတက်ခဲ့ဘူး။ ကုမ္ပဏီတစ်ခု နှစ်ခုလောက်ပဲတက်တာတွေ့ တယ်။ အခုကျတော့ ဒေါ်လာဈေး က ၁,၂၈၀ ကျော်သွားပြီ။ သုံးလလောက် ဆေးဈေးမတက်ဘဲ တောင့်ခံလာတဲ့ ကုမ္ပဏီတွေ လည်းမရတော့ဘူး။ မတက်မဖြစ် တက်ရတော့တာပဲ’’ဟု ပြည်ပမှ ဆေးဝါးတင်သွင်းသည့်ကုမ္ပဏီ တစ်ခု၏ ဈေးကွက်မန်နေဂျာတစ် ဦးကပြောသည်။

 

ယခုကဲ့သို့ ဆေးဝါးများဈေး တက်လာခြင်းကြောင့် ဈေးကွက် အနေအထားတစ်ပတ် ဆယ်ရက် ခန့်ငြိမ်သက်နိုင်သော်လည်း မရှိမဖြစ်လူသုံးကုန်ဈေးကွက်တစ်ခုဖြစ်သဖြင့် မကြာမီ ပုံမှန်ပြန်ဖြစ်သွားမည်ဖြစ်ကြောင်း၊ ဒေါ်လာဈေးမှာ ၁,၂၀၀ ကျော် ပတ်ချာလည်သာဆက်ဖြစ်နေပါက ဆေးဈေးကျနိုင်ဦးမည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။

 

‘‘ဒေါ်လာဈေး တစ်ဒေါ်လာ ၁,၁၅၀လောက်က ပစ္စည်းသွင်း ထားတယ်။ အခုအဲဒီပစ္စည်းထုတ် ရောင်းပြီး ပြန်သွင်းမယ်ဆိုရင်တစ် ဒေါ်လာကို ၁,၂၈၀ကျော်နေပြီ။ ကုမ္ပဏီဘက်က ဈေးမတက်ရင် သူရှုံးမယ်။ ကုမ္ပဏီဘက်ကလည်း အမြတ်အရှုံးတွက်ရသေးတယ်။ ဒေါ်လာဈေး ၁,၂၀၀ပတ်ချာလည် ရှိနေသရွေ့ဈေးကျဖို့မမြင်ဘူး။ ဈေးကျဖို့အတွက် သေချာစောင့် ကြည့်ဦးမှာပဲ။ ၁,၂၀၀အောက်ဖြစ် သွားရင်တော့ ဈေးပြန်ကျသွားမှာ ပါ’’ဟု ပြည်ပဆေးဝါးတင်သွင်း သည့် ကုမ္ပဏီမှ ဈေးကွက်မန်နေ ဂျာကဆိုသည်။

 

လူသုံးကုန်ဆေးဝါးများဖြစ် သည့် အားဆေး၊ ယားနာလိမ်း ဆေး၊ အနာလိမ်းဆေးအရည်၊ သွေးကျဆေးများမှာ ၅ရာခိုင်နှုန်း မှ ၇ ရာခိုင်နှုန်းအထိ တက်သွား သည်ဟု ဆေးဝါး လက်ကားအ ရောင်းဆိုင်အချို့ကဆိုသည်။

 

‘‘ယားနာလိမ်းဆေးတချို့ဆို တစ်ဘူးကို ၇၅၅ကျပ်ကနေ ၈၀၅ ကျပ်လောက်အထိတက်တယ်။  သွေးကျဆေးဆိုလည်းတစ်ကတ် ကို ၄,၅၀၀ ကနေ ၄,၇၅၄ ကျပ် လောက်အထိတက်တယ်။ ဒေါ်လာဈေးတက်လို့ ဆေးဈေးတက်တာ။ ဒီနှစ်ထဲမှာ နှစ်ကြိမ်ရှိပြီ။ အရောင်းအ၀ယ်လည်း သိပ်မ ကောင်းဘူး’’ ဟု ရွှေပြည့်စုံဈေးမှ ဆေးဝါးလက်ကားအရောင်းဆိုင် ရှင်တစ်ဦးကပြောသည်။

 

ဆေးဝါးဈေးကွက်အတွင်း BPI ထုတ်ဆေးဝါးများ ၅ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဈေး တက်သွားပြီး ကုမ္ပဏီသွင်းဆေး ၀ါးများသည် အများစု ၅ ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းခန့်ဈေးတက်ပြီး ရောင်းချကြောင်း၊ ဒေါ်လာဈေးပြန်ကျသည့် အချိန်တွင် ဆေးဝါး ဈေးကွက်လည်း ပြန်ချစေလိုကြောင်းအောင်တံခွန်ဆေးဆိုင်မှ ဒေါက်တာကျော်ဇင်လင်းက ဆိုသည်။

 

‘‘စက်တင်ဘာလကုန်ကစ ပြီး ဆေးတွေဈေးတက်တယ်။ ဆေးကုမ္ပဏီတွေဘက်ကလည်း စက်တင်ဘာ ၂၀ရက် နောက်ပိုင်းကတည်းက တက်ဖို့အစီအစဉ်တွေ ဆွဲထားပြီးသား။ ဒေါ်လာဈေး တက်လို့ ဆေးဈေးတွေတက်ရ တယ်ဆိုရင် ဒေါ်လာဈေးပြန်ကျ ရင်လည်း  ဈေးပြန်ချပေးဖို့ လို တယ်။ ဆေးခန်းလည်းထိုင်တော့ ဆရာဝန်တွေအတွက်ကျနည်း နည်းခက်ခဲတာပေါ့။ ဆေးတွေ ဈေးတက်ပေမယ့် လူနာကိုတော့ ဆေးဝါးကုသခဈေးမတက်ကြပါ ဘူး’’ဟု ၎င်းကပြောသည်။

Sunday, September 25, 2016

ထန်တလန်ပြည်သူ့ဆေးရုံး တွင် ၀န်ထမ်းအင်အားနှင့် ခွဲစိတ်ကိရိယာများ မလုံလောက်


 


ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများ ကုသရာ၌ အထူးကု ဆရာဝန်များမရှိခြင်း၊ ဆရာဝန်များနှင့် အခြားဝန်ထမ်းအင်အားနှင့် ခွဲစိတ်ကိရိယာ မလုံလောက်ခြင်းတို့ကြောင့် ထန်တလန်မြို့နှင့် ၂၄ မိုင်ကွာ ဝေးသော ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသနေရသည့်အတွက် ဒေသခံပြည်သူများအခက်ကြုံနေကြ ရသည် ဟု ထန်တလန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်းကပြောသည်။

ယင်းကဲ့သို့ ဟားခါးပြည်သူ့ဆေးရုံသို့ သွားရောက်ကုသရာတွင်လည်း လူနာတင်ယာဉ်မရှိခြင်း၊ အချိန်နှောင့်နှေးကြန့်ကြာ ခြင်းနှင့် စရိတ်အကုန်အကျများခြင်းတို့ကြောင့် ပြည်သူများအခက်အခဲကြုံတွေ့နေရသကဲ့သို့ အသက်ဆုံးရှူံးမှုများလည်း ရှိခဲ့သည်ဟု စက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဒေါ်နီရွှေလျန်းကပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့စာရင်းအရ ထန်တလန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ကုသရေး ဝန်ထမ်းအင်အား ခွင့်ပြု ၁၁၂ တွင် ခန့်ထား ၇၀ ဦးရှိပြီး လစ်လပ်ဆရာဝန် ၆ ဦးအပါအဝင် အားလုံး ၁၄ ဦး၊ ပြည်သူ့ကျန်းမာရေးအင်အား ခွင့်ပြု ၁၄၆ ဦးအနက် ၈၁ ဦးသာခန့် ထားပြီး လစ်လပ် ၆၄ ဦး တွေ့ရှိရသည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြောသည်။

ထန်တလန်ပြည်သူ့ ဆေးရုံအတွင်း ခုတင်အသုံးပြုမှုရာခိုင်းနှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ၄၈ %၊ ၂၀၁၂ တွင် ၅၆ %၊ ၂၀၁၃ ခုနှစ်တွင် ၇၄ %၊ ၂၀၁၄ ခုနှစ်တွင် ၆၇.၆ %၊၂၀၁၅ ခုနှစ်တွင် ၈၆.၄ % တိုးတက်လာခဲ့သည်ဟုဆိုသည်။

ခုတင် အသုံးပြုမှု နည်းသည်ကိုလည်း ဆရာဝန်မရှိခြင်း၊ သူနာပြုဆရာမများ မပြည့်စုံခြင်း၊ပစ္စည်းကိရိယာမစုံလင်မှုတို့ အပေါ် များစွာမူတည်သည့်အတွက် အညွှန်းကိန်းကို တစ်တမတ်တည်း သတ်မှတ်ခြင်းမဟုတ်ဘဲ ဝေးလံခေါင်းပါး၍ ဖွံ့ဖြိုးမှု နိမ့်ကျနေသော ဒေသများ ရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထား စဉ်းစားပေးစေလိုကြောင်းနှင့် ထန်တလန်မြို့ ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ ဆံ့သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိရှိ လိုကြောင်း စက်တင်ဘာ ၂၂ ရက်နေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မေးမြန်းပါသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထန်တလန် ပြည်သူ့ဆေးရုံတွင် လက်ရှိ အချိန်တွင် ဆရာဝန် ၃ ဦးနှင့် သွားဆရာဝန် ၁ ဦး၊ သူနာပြု ၁၄ ဦး၊ အခြားဝန်ထမ်း ၂၈ ဦး စုစုပေါင်း ၄၆ ဦးနှင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ စုစုပေါင်းဝန်ထမ်းအင်အား အနေဖြင့် ၂၅ ခုတင်ဆံ့၏ ၅၅ ယောက်တွင် ၄၆ ယောက်ဖြင့် လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။

ခွဲစိတ်ကိရိယာမလုံလောက်မှုနှင့် လူနာတင်ယာဉ်မရှိသည့်ကိစ္စများကို အစိုးရအနေဖြင့် ချက်ချင်းဆောင်ရွက်နိုင်သည့်အရာ များဖြစ်သော်လည်း ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ကို တိုးရန် ယခုလောလောဆယ် ရရှိသောစာရင်းဇယားများအရ မလိုသော်လည်း မှန်ကန်သော စာရင်းဇယားများကို တောင်းခံ၍ ရရှိသည့်အခါတွင် လိုအပ်ပါက စဉ်းစားပေးမည်ဟု ၀န်ကြီးကပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့အထိ တိုးပါက  မိမိတို့အနေဖြင့် လူဦးရေကို လုံးဝမဖြည့်နိုင်ပါကြောင်း၊ ဆေးရုံတွင် လိုအပ်သည့်ဆရာဝန်နှင့် ပစ္စည်းကိရိယာများ ပြည့်စုံမှုသည် အဓိကဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ရှိသမျှ ဆေးရုံများတွင် ပစ္စည်းကိရိယာများ စုံလင်မှု၊ ဆရာဝန်၊ သူနာပြု အစရှိသည့်ဝန်ထမ်းများ ခန့်အပ်မှုသည် ပထမဦးစားပေး အစီအစဉ်ဖြစ်ပါကြောင်း၊ ဆေးရုံခုတင်တိုးခြင်းဖြင့် ဆေးရုံ၏ ဝန်ဆောင်မှုကိစ္စများ တိုးလာမည်မဟုတ်ပါကြောင်း၊သို့သော် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးရုံများ၏ ဝန်ဆောင်မှု ကို တိုင်းတာသည့် အညွှန်းကိန်းများ သည် ခေတ်နှင့်အလျော်ညီထွေရှိရန် ပြန်လည်ပြုပြင်ပြီး လုပ်ဆောင်လျက်ရှိသည်ဟုလည်း ၀န်ကြီးကဆိုပါသည်။

Khonumthung Burmese

Tuesday, August 30, 2016

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာရောဂါပိုး ကူးစက်မှု ကာကွယ်နိုင်သည့်ဆေးဝါး တွေ့ရှိ

 

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာရောဂါပိုး ကူးစက်မှု ကာကွယ်နိုင်သည့်ဆေးဝါး ကို ရှာဖွေနေစဉ် (ဇွန် ၂၈။၂၀၁၆)ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မမွေးဖွားရသေးတဲ့ ရင်သွေးတွေကို ခြင် ကနေဆင့် ကူးစက်ပြီး နာမကျန်းမှုကို ဖြစ်စေနိုင်တဲ့ Zika ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ကာကွယ်နိုင်တဲ့ ဆေးဝါးအမျိုးအစား ဓါတ်ပေါင်း တွေကို အမေရိကန် သုတေသီတွေက ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။

U.S. National Institutes of Health က သုတေသီတွေဟာ ဆေးဝါးတွေသိုလှောင်ထားတဲ့ နေရာတခုက အသုံးပြုဆဲ ဆေးဝါးပေါင်း ၆ ထောင် နဲ့ စမ်းသပ်ဆဲ ဆေးဝါး ဓါတ်ပေါင်းတွေကို စစ်ဆေးခဲ့ကြပါတယ်။ အဲဒီနောက် Tallahassee မှာရှိတဲ့ Florida State University ၊ Baltimore မှာရှိတဲ့ Johns Hopkins University တွေက ဓါတ်ခွဲခန်းတွေမှာ ဆေးဝါးကို စမ်းသပ်ခဲ့ကြပါတယ်။

ဒီဓါတ်ပေါင်းတွေဟာ ဆဲလ်တွေကို သေစေနိုင်တဲ့ Zika ဗိုင်းရပ်စ် ရဲ့ စွမ်းဆောင်နိုင်မှုကို အကာကွယ်ပေးနိုင် သလို ကူးစက်နေတဲ့ ဆဲလ်တွေကို ထပ်မံ ထုတ်လုပ်နိုင်တဲ့ ဇီဝပိုးမွှားကိုလည်း ထိန်းထားနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အခုလို ဓါတ်ပေါင်းဆေးဝါး ရှာဖွေတွေ့ရှိမှုကို Nature Medicine ဂျာနယ်မှာ ဖေါ်ပြထားတာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)