Showing posts with label ဆက်သွယ်ရေး. Show all posts
Showing posts with label ဆက်သွယ်ရေး. Show all posts

Friday, September 30, 2016

Ooredoo က ကျပ်သိန်း ၂ ထောင်ကျော် ကံစမ်းမဲအစီိအစဉ်ကို မိတ်ဆက်

Ooredoo ဟာ မိုဘိုင်းအင်တာနက် အသုံးပြုသူတွေအတွက် ကျပ်သိန်း ၂ ထောင်ကျော်ကံစမ်းမဲ အစီစဉ်ကို မိတ်ဆက်ပေးလိုက်တယ်လို့ သိရပါတယ်။ 3G အင်တာနက် 20 MB အသုံးပြုသူတွေဟာ Point ၃ ခုရရှိမှာဖြစ်ပြီး 4G အင်တာနက် 20MB အသုံးပြုသူတွေဟာ Point ၄ ခုရရှိမှာဖြစ်ပါတယ်။ ရရှိလာတဲ့ Point တွေကို ဒီဂျစ်တယ်စနစ်နဲ့ နေ့စဉ်၊ အပတ်စဉ် ကံစမ်းမဲတွေ ဖောက်ပေးသွားမယ်လို့ သိရပါတယ်။ အမြင့်ဆုံးဆုကတော့ ငွေကျပ် သိန်း ၂၅၀ ပါ။ ဆုမဲပေါင်းကိုတော့ ၂၇၀၀ ကျော် အထိ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကံစမ်းမဲနဲ့ပတ်သက်ပြီး အသုံးပြုသူတွေဟာ အလိုအလျောက် ကံစမ်းနိုင်မှာဖြစ်ပြီးတော့ ကုန်ကျစရိတ်မရှိဘူးလို့လည်း သိရပါတယ်။ ဒီတစ်ခါ ကံစမ်းမဲကိုတော့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကလည်း ခွင့်ပြုထားတယ်လို့ Ooredoo က ပြောဆိုထားပါတယ်။