Thursday, November 2, 2017

ဘာသာပေါင်းစုံဆုတောင်းပွဲဟုဆိုကာ ထောက်ခံပွဲများပြုလုပ်နေခြင်းသည် ရေရှည်လုပ်ပါက မအောင်မြင်နိုင်ကြောင်း ဦးလှဆွေပြော


------ မင်းသီဟန် ------

ဘာသာပေါင်းစုံဆုတောင်းပွဲဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ပုံကို ကိုင်ဆောင်၍ ထောက်ခံပွဲများပြုလုပ်နေခြင်းသည် ရေရှည်တွင်မအောင်မြင်နိုင်ကြောင်း ဂန့်ဂေါလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက နိုဝင်ဘာ ၁ ရက်တွင် အကုန်သိ သတင်းဌာနသို့ ပြောသည်။

“ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲလုပ်ရင်လည်း သီးသန့်လုပ်တာပိုကောင်းတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးဆိုလည်း သီးသန့်လုပ်တာ ပိုကောင်းတယ်။ ရေရှည်သွားရင် ဒါက မအောင်မြင်လေပဲ။ အခုပဲကြည့်လေ ဗုဒ္ဓဘာသာဘုန်းကြီးတွေလာလို့လား’’ဟု ဦးလှဆွေကပြောသည်။

ဘာသာပေါင်းစုံဆုတောင်းပွဲဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ပုံများ ကိုင်ဆောင်ကြကြောင်း၊ ကျင်းပသည်မှာလည်း NLD ပါတီမှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း ဦးလှဆွေက ပြောသည်။

No comments: