Showing posts with label လဝက. Show all posts
Showing posts with label လဝက. Show all posts

Sunday, October 2, 2016

အသံချဲ့စက်ပိတ်ခဲ့သည့် နယ်သာလန်နိုင်ငံသားကို စွဲချက်တင်၊ မတင် အောက်တိုဘာ ၃ ရက် အမိန့်ချမည်


ရုံးချိန်းပြီးနောက်ပြန်လည်ထွက်ခွာသွားသော နယ်သာလန်နိုင်ငံသားကိုတွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဖြိုးဇော်)

 မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ ဓမ္မာရုံတွင် ဓမ္မစကြာရွတ်ဖတ်နေစဉ် အသံချဲ့စက်ဝိုင်ယာကြိုးကို ဖြုတ်၍ စက် ပိတ်သွားသော နယ်သာလန်နိုင်ငံ သားတစ်ဦးအား ပုဒ်မနှစ်ခုဖြင့် စွဲ ချက်တင်သင့်၊ မတင်သင့် အောက်တိုဘာ ၃ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

နယ်သာလန်နိုင်ငံသားကို သာသနာညှိုးနွမ်းမှုနှင့် လ၀က အက်ဥပဒေဖြင့် မဟာအောင်မြေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး တရားလိုပြသက်သေတစ်ဦးစစ်ဆေးရန် ကျန်ရှိ၍ တရားစွဲဆိုထားသည့် အမှုများကို စွဲချက်တင်သင့်၊ မတင်သင့်အမိန့်ချမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးက ပြောသည်။

‘‘တရားလိုသက်သေတစ်ဦး ကိုပဲ စစ်ဖို့ကျန်တော့တယ်။ တန င်္လာနေ့ (အောက်တိုဘာလ ၃ ရက်)မှာ စွဲချက်တင်၊ မတင်အမိန့်ချသွားမယ်’’ဟု မြို့နယ်တရားသူကြီးက ပြောသည်။

နယ်သာလန်နိုင်ငံသားကို စက်တင်ဘာ ၂၈ ရက်တွင် တရားစွဲဆိုခဲ့ပြီး ပြစ်မှုပုဒ်မ ၂၉၅ အတွက် တရားလိုနှင့် တရားလိုပြသက် သေ ခုနစ်ဦး၊ လ၀ကအက်ဥပဒေ ၁၃ (၁) အတွက် တရားလိုပြသက် သေ ခြောက်ဦးတင်သွင်းခဲ့သည်။

စက်တင်ဘာ ၃၀ ရက် ရုံးချိန်းတွင် လ၀ကအက်ဥပဒေ ၁၃ (၁) မှ တရားလိုပြသက်သေ သုံးဦး၊ပြစ်မှုပုဒ်မ ၂၉၄ မှ တရားလိုပြ သက်သေတစ်ဦးအား စစ်ဆေးခဲ့ သည်။

နယ်သာလန်နိုင်ငံသားသည် အာရှသို့ ပထမအကြိမ်ရောက်ရှိ လာခြင်းဖြစ်ပြီး စစ်ကိုင်း၊ အင်းဝ၊ အမရပူရရှိ ဘုရားများသို့ သွားရောက်လည်ပတ်စဉ် ဘုရားစေတီ ပေါ်တွင် ဖိနပ်မစီးရဟု စာများရေး ကပ်ထားသည်ကို     တွေ့ရှိပြီး၊ ဓမ္မာရုံတွင် ဖိနပ်မစီးရဟုစာရေး သားခဲ့ခြင်း မရှိကြောင်း၊ ဘုရားစာ ရွက်ဆိုနေမှုကို ဘာသာရေးလုပ် ဆောင်နေသည်ဟု မသိကြောင်း၊ အသံချဲ့စက်တိုးပေးရန် လက်ဟန် ခြေဟန်နှင့် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားခဲ့သော် လည်း နားမလည်သဖြင့် အသံချဲ့ စက်ဝိုင်ယာကြိုးကို ဆွဲဖြုတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားလိုပြသက်သေဟိုတယ်ဧည့်ကြို မမူဇီဇ၀ါက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

တမာကုန်းရပ်ကွက်တွင် စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီ ခန့်က အဖိတ်နေ့ ဓမ္မစကြာရွတ် ဖတ်နေစဉ် ရပ်ကွက်ရှိ ဟိုတယ် တစ်ခု၌ တည်းခိုနေသည့် နိုင်ငံ ခြားသားတစ်ဦးက ဓမ္မာရုံအတွင်း ၀င်ရောက်၍ အသံချဲ့စက်ပိတ် သဖြင့် သာသနာညှိုးနွမ်းမှု ပြစ်မှု ပုဒ်မ ၂၉၅၊ ဗီဇာစည်းကမ်းချက်ပါ ၄ (၂)ကို ဖောက်ဖျက်ကျူးလွန်မိ သဖြင့် လ၀ကအက် ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။