Showing posts with label ရေနစ်သေဆုံးမှု့များ. Show all posts
Showing posts with label ရေနစ်သေဆုံးမှု့များ. Show all posts

Sunday, October 2, 2016

စတုတ္ထတန်းကျောင်းသူနှစ်ဦး အင်းအတွင်းရေနစ်သေဆုံး


 


ဘားအံ အောက်တိုဘာ ၁

ကရင်ပြည်နယ် ဘားအံမြို့နယ် နောင် ပလိန်ကျေးရွာအုပ်စု ရွာသစ်တောင်ခြေ အင်းအတွင်း စတုတ္ထတန်းကျောင်းသူ နှစ်ဦး စက်တင်ဘာ ၃ဝရက် နံနက်၁ဝနာရီ မိနစ်၅ဝခန့်က ရေနစ်သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

နောင်ပလိန်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးလှမင်းဇော်က အိန္ဒုနယ်မြေ ရဲစခန်းသို့ ရွာသစ်တောင်ခြေအင်း အတွင်းကျောင်းသူနှစ်ဦး ရေနစ်သေဆုံး နေကြောင်း အကြောင်းကြားလာသဖြင့် အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်နိုင် အောင်၊ ဒုရဲအုပ်လင်းထွန်းနှင့် အဖွဲ့သည် အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေး ခဲ့ရာ သေဆုံးသူများမှာ နောင်ပလိန်ကျေး ရွာ ရွာသစ်နေ စတုတ္ထတန်းကျောင်းသူ များဖြစ်သည့် နော်အိန္ဒြာမြင့်(၉နှစ်)နှင့် နော်အဲဆူးခလိန်းတို့ဖြစ်ကြောင်း စုံစမ်းသိရသည်။

နောင်ပလိန် အမကမှ စတုတ္ထ တန်းကျောင်းသား ကျောင်းသူများဖြစ် ကြသည့် သေဆုံးသူ နော်အိန္ဒြာမြင့် နှင့် နော်အဲဆူးခလိန်းတို့နှင့်အတူ မောင်ကျော်ဆန်း (၉နှစ်)၊ မသီတာဝင်း (၈နှစ်)၊နော်ဖော့အဲ(၉နှစ်)နှင့် စောထူး ကိုကို (၉နှစ်) တို့ ခြောက်ဦးသည် နေအိမ် မှ ကျောင်းသို့ အချိန်ပို သွားတက်မည်ဟု ပြောဆို၍ ရွာ၏မြောက်ဘက်တစ်မိုင် ကျော်ခန့်အကွာ နောင်ပလိန်ရွာသစ် တောင်ခြေရှိအင်းအတွင်း ကြာပန်းများ သွားခူးရာမှ နော်အိန္ဒြာမြင့်နှင့် နော်အဲ ဆူးခလိန်းတို့မှာ ရေအနက်ခြောက်ပေ ကျော်ခန့်တွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ် သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နော်အိန္ဒြာ မြင့်နှင့် နော်အဲဆူးခလိန်းတို့နှစ်ဦး သေဆုံးခဲ့ခြင်းအား ဓမ္မတာအတိုင်း သေဆုံး ခြင်း ဟုတ်မဟုတ် အိန္ဒုနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)
MOI Webportal Myanmar