Showing posts with label လူမူဘဝ. Show all posts
Showing posts with label လူမူဘဝ. Show all posts

Thursday, September 29, 2016

ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင် ဆယ်သိန်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ လူဦးရေ ၁ ဒသမ၂ သန်းခန့်ကို ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN နေပြည်တော် သတင်းထောက် ခိုင်သဇင်ဦးက ပေးပို့ထားပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှာ လူဦးရေသန်း ၅၀ ကျော် ကောက်ခံရရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ် စတဲ့ဒေသအချို့က လူဦးရေ ၁ ဒဿမ ၂ ခန့်ကို ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့က နေပြည်တော် Hotel Max မှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကရရှိတဲ့ ကိုးကွယ်တဲ့ ဘာသာဆိုင်ရာ အချက်အလက်ထုတ်ပြန်ပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အခုလို ပြောဆိုလိုက်တာပါ။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့တဲ့ လူဦးရေးစာရင်းဟာ ရခိုင်ပြည်နယ်မှာ ၁ သန်းကျော်၊ ကရင်ပြည်နယ်မှာ ၇သောင်းနီးပါးနဲ့ ကချင်ပြည်နယ်မှာ ၅ သောင်းနီးပါး ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ လူဦးရေအရေအတွက်ဟာ အတန်အသင့်ကြီးမားတာကြောင့် ကိုးကွယ်တဲ့ဘာသာအလိုက် လူဦးရေအချိုးအစားကို အကျိုးသက်ရောက်မှုရှိစေနိုင်လို့ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ လူဦးရေကို အစ္စလာမ်ဘာသာကိုးကွယ်သူအဖြစ် တွက်ချက်ခဲ့တယ်လို့လည်း ပြေပါတယ်။

အခုထုတ်ပြန်ချက်ဟာ ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး ရရှိလာတဲ့ ပင်မအစီရင်ခံစာ ထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲအစီရင်ခံစာတစ်ခုဖြစ်တဲ့ ကိုးကွယ်တဲ့ဘာသာအစီရင်ခံစာလည်းဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်မှာတော့ ကိုးကွယ်တဲ့ဘာသာအလိုက် လူဦးရေကို ၁၉၇၃နဲ့ ၁၉၈၃ ခုနှစ်တွေက သန်းခေါင်စာရင်းနဲ့ နှိုင်းယှဉ်တင်ပြထားပြီး နှစ်ပေါင်း ၃၀ အတွင်း သိသိသာသာပြောင်းလဲမှုမရှိတာကိုလည်း တွေ့ရပါတယ်။

၁၈၇၂ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၂ သန်းကျော်ပဲ ရှိ

မြန်မာနိုင်ငံမှာ ၁၈၇၂ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်းအရ နေထိုင်သူအရေအတွက် ၂.၇ သန်းပဲ ရှိတယ်လို့ အဲဒီသန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃၊ ၁၉၈၃ နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း သုံးကြိမ် ကောက်ယူခဲ့ပြီး နောက်ဆုံး သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေဟာ ၅၁ သန်းခန့် ရှိနေပြီ ဖြစ်ပါတယ်။

လွတ်လပ်ရေးမရခင် ဗြိတိသျှ ကိုလိုနီလက်အောက်ခံဖြစ်နေတုန်း ၁၈၉၁ ခုနှစ်က ပထမဆုံးကောက်ယူတဲ့ ခေတ်သစ် သန်းခေါင်စာရင်းမှာတော့ နိုင်ငံ့လူဦးရေဟာ ၇.၇ သန်း ရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၃ ခုနှစ်မှာ ၂၈ သန်းရှိပြီး ၁၉၈၃ ခုနှစ်မှာတော့ လူဦးရေ ၃၅ သန်း အထိ တိုးပွားလာခဲ့တာ ဖြစ်ပါတယ်။

Saturday, September 24, 2016

ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်း ၁၄၃ ဦးကို နိုင်ငံသားအဖြစ် ပြန်လက်ခံထား

ပြည်ပနိုင်ငံသားတွေအဖြစ် ခံယူသွားတဲ့ မြန်မာနိုင်ငံသားဟောင်း ၁၄၃ ယောက်ကို ဥပဒေနဲ့အညီ နိုင်ငံသားအဖြစ် ပြန်လည်လက်ခံခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာလ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်မှာ အခုလို ပြောကြားခဲ့တာပါ။

၂၀၁၃ ခုနှစ်က ဒီကနေ့အချိန်ထိ နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူ ၁၉၈ ဦး ရှိခဲ့ပြီး အဲဒီထဲက ၁၄၃ ဦး နိုင်ငံသားအဖြစ် လက်ခံခဲ့ကာ ကျန်တဲ့လူတွေကိုလည်း သတ်မှတ်လုပ်ငန်းစဉ်နဲ့အညီ စစ်ဆေးဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမြဲတမ်းနေထိုင်ခွင့်(PR)လျှောက်ထားသူ ၂၀၁၅ ဇန်နဝါရီကနေ ဒီနှစ် သြဂုတ်လအတွင်း ၃၁၉ ဦးရှိပြီး အဲဒီထဲက ၂၆၄ ဦးကို PR ပေးခဲ့တာ ဖြစ်ပါတယ်။

Share this:

Friday, August 19, 2016

ကြည့်ကောင်းအောင် နေတတ်ကြပြီလား

(တစ်)
တစ်ခါက ဖိလစ်ပိုင်နိုင်ငံက သတင်းကလေးတစ်ပုဒ် အခုရက် ထဲမှာ ခေါင်းထဲပြန်ရောက်လာပါ တယ်။ အထပ်မြင့်တိုက်ကြီးတချို့ ကို ပြန်ပြီးဖြိုချခိုင်းတဲ့ သတင်းပါ။ အကြောင်းက ရုပ်တုရဲ့ မြင်ကွင်း ကို ကွယ်နေလို့တဲ့။ ဘယ်သူ့ရုပ် တုရှိရမလဲ။ ဒေါက်တာရီဇော်ရဲ့ ရုပ်တုပေါ့။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ မှာ ဒေါက်တာရီဇော်အထိမ်းအ မှတ်ပန်းခြံရှိပါတယ်။ Rizal Park တဲ့။ အဲသည့်အထဲမှာ ရီဇော့်ရုပ် တုကြီးလည်း ရှိပါတယ်။
ဖိလစ်ပိုင်မျိုးချစ်အာဇာနည် တော်လှန်ရေးသမား ဒေါက်တာ ဟိုဆေးရီဇော် (Jose Rizal)။ စပိန်ကိုလိုနီဘဝက လွတ်မြောက်ဖို့ ကြိုးပမ်းရင်း အကျဉ်းထောင်ထဲ မှာ ၁၈၉၆ ခု ဒီဇင်ဘာ ၃၀ ရက်မှာ ပစ်အသတ်ခံလိုက်ရတဲ့ သူရဲ ကောင်း။ ဆုံးတော့ အသက် (၃၅)နှစ်။
ဒါကြောင့် သူ့ကို ဂုဏ်ပြုထု လုပ်ထားတဲ့ ရုပ်တုကြီးက ၄၂ ပေ မြင့်ပါတယ်။ ၁၉၀၈ က စ,ထုကာ ၁၉၁၃ မှာ လက်စသတ်လိုက်ပြီး အဲသည့်နှစ် ဒီဇင်ဘာ ၃၀ ရက်မှာ ဖွင့်ခဲ့လိုက်တဲ့ ရုပ်တုပေါ့။ နှမ်း ဖတ်ကျောက် (Granite)နဲ့ လုပ် ထားတဲ့ ရုပ်တုပါတဲ့။
ဖိလစ်ပိုင် ခေတ်မီမြို့ပြ တည်ထောင်တဲ့သူတွေဟာ မြို့ တော်ရဲ့ အချက်အချာနေရာတွေ မှာ မိုးမျှော်တိုက်ကြီးတွေ ဆောက် ပါတယ်။ အဲသည့်တိုက်တချို့က ရီဇော်ရဲ့ ရုပ်တုကို ရှုတဲ့မြင်ကွင်း မှာ လာကွယ်နေတာပါ။ အာဏာ ပိုင်တို့က အထပ်မြင့်တိုက်တွေကို ပြန်ဖြိုခိုင်းပါတယ်။ ဘယ်တတ် နိုင်ပါ့မလဲ။ ပြန်ဖြိုပေးကြရတာ ပေါ့။ နိုင်ငံတော်အဆင့် ရုပ်တုကို လာကွယ်နေတာကိုး။
လန်ဒန်မြို့မှာ စိန်ပေါလ် ဘုရားရှိခိုးကျောင်းရဲ့ မြင်ကွင်းကို ကွယ်နေတဲ့အရာ အရပ်လေးမျက်နှာမှာ ဘာမှမရှိစေရဘူးတဲ့။
ဩော်.. အုပ်ချုပ်သူနဲ့ အနု ပညာတွဲစပ်လို့နေတော့တာကိုး။ လူနေတဲ့နေရာမှာ လှလှလေးနေ လို့ရအောင် စိတ်ကူးတတ်ကြတဲ့ လူတွေ။
(နှစ်)
ရန်ကုန်မှာ အထပ်မြင့်ခွင့်ပြု ထားပြီးခါမှ စည်းကမ်းနဲ့ မညီတာ ကြောင့် လျှော့ပေးဖို့ဆိုတဲ့ အသံ တွေထွက်လာပြီးနောက်မှာ ပေး မယ်၊ မပေးဘူး အချေအတင် စကားဆိုသံတွေလည်း ထွက်လာ ခဲ့ဖူးပါတယ်။
အနုပညာခေါင်းပါးဆွံ့အ တဲ့ အစိုးရတွေဟာ လူတွေကို လှ အောင်နေဖို့ မလုပ်ပေးတတ်ကြ ပါဘူး။ တိုက်ကြီးတွေမြင့်ရင်၊ အ ဆောက်အအုံကြီးတွေ ကြီးရင်၊ မြို့တော်ကြီး ခေတ်မီချေပေါ့လ ဟယ်လို့ဆိုကာ စားပွဲပေါ်၊ စားပွဲ အောက် အပေးအယူတွေနဲ့ ဈေး တည့်ပြီး ဆောက်ချင်သလိုတွေ ဆောက်ပစ်လိုက်တဲ့အခါ မြို့ဟာ အမူးသမား အန်ချပစ်လိုက်တဲ့ အရိအရွဲပုံကြီးပမာ အော်ဂလီဆန်စရာဖြစ်လို့ပေါ့။
ရန်ကုန်စက်မှုတက္ကသိုလ်က ဆင်းကာ အရာရှိလုပ်နေတဲ့ မြို့ပြအင်ဂျင်နီယာ ကလေးတစ် ယောက်နဲ့ တွေ့ပါတယ်။ ကျွန် တော်က လမ်းအကျယ်နဲ့ တိုက် အမြင့်အချိုးအစားကို မေးကြည့် မိပါတယ်။ သူက လမ်းအကျယ်ရဲ့ နှစ်ဆကို လေးပေခွဲထပ်ပေါင်းတဲ့ အင်္ဂလိပ်ခေတ်ဥပဒေသကို ပြော ပြပါတယ်။
လမ်းက ပေ ၂၀ ကျယ်ရင် တိုက်က ပေ ၄၀ ကို လေးပေခွဲ ထပ်ပေါင်းတော့ကာ တိုက်အမြင့် ၄၅ ပေလောက်ပဲရှိရမယ်ဆိုတဲ့ သဘောပေါ့။ ဒါဆို ဟိုဘက်သည် ဘက် လမ်းနှစ်ဖက်စလုံးမှာ တိုက် တွေဆောက်ကြဦးတော့  လမ်းဟာ ကြည့်ကောင်းနေမယ်ဆိုတဲ့ မြင် ကွင်းလို့ မှန်းဆကြည့်နိုင်ပါတယ်။ အခုတော့ တချို့မြို့ဆင်ခြေဖုံးမှာ လမ်းက ၂၄ ပေလောက်။ တိုက် က ရှစ်လွှာ။ ထီးထီးကြီး။ ရှုခင်းထဲမှာ အနုပညာခြောက်ခန်းလိုက် တာ။
နိုင်ငံတကာက နာမည်ကျော်မြို့ကြီးတွေမှာ ဇုန် (Zone)တွေ ခွဲခြားထားတဲ့အခါ အထပ်မြင့် မဆောက်ရတဲ့ ဇုန်တွေရှိပါတယ်။ တိုက်အားလုံးတစ်ထပ်။ အလွန့် အလွန်ဆုံးမှ နှစ်ထပ်။ ခြံကလေး တွေနဲ့။ တစ်ရပ်ကွက်လုံးအပြား။ ထိုးထိုးထောင်ထောင် တစ်တိုက် မှ မရှိ။ လှလိုက်တာ။
ကျွန်တော်တို့ဆီမှာ ဆောက် ချင်တဲ့ သူဆောက်။ ဆောက်ချင် သလိုဆောက်။ ဟိုဘက်က ထိုး ထိုးထောင်ထောင်။ သည်ဘက် က ပုပုပျပ်ပျပ်။
 အဆောက်အအုံတွေ ဆောက်ကြတဲ့အခါ အနောက်မှာ လမ်းကြားရှိခဲ့ရင် တစ်ပေခွာ ဆောက်ရမယ်၊ မရှိရင် ခြောက် ပေခွာဆောက်ရမယ်လို့ ကြားဖူး ပါရဲ့။ ဘယ်သူက လိုက်နာပါ သလဲ။
သုံးထပ်ခွဲအောက်ဆောက် ရင် ဘေးနှစ်ဖက်ကို သုံးပေစီခွာ ထားရမယ်။ လေးထပ်အထက် ဆောက်ရင် တစ်ပေစီခွာထားရ မယ်လို့ ကြားဖူးပါတယ်။ ဘယ်သူ က လိုက်နာပါသလဲ။ သုံးထပ်၊ လေးထပ်ဆောက်ကြတဲ့အခါ ရှေ့မှာ ၁၂ ပေကနေ ပေ ၂၀ ကြား လွှတ်ထားရမယ်လို့ ဆိုပါတယ်။ ဘယ်သူက လွှတ်ထားပါသလဲ။
ရန်ကုန်ပတ်လည်က ရပ် ကွက်တွေထဲမှာ အိမ်ရှင်က မသိ တာတောင်မှ အင်ဂျင်နီယာတွေ၊ စည်ပင်ဝန်ထမ်းတွေက ရှင်းပြညှိ နှိုင်းတိုင်ပင်ကာ တည်ဆောက်ခဲ့ ကြရင် မြို့ဟာ လှမှာပေါ့။ အခု တော့ ခွင့်ပြုသူတွေက ပြုချင် သလို ပြုခဲ့ကြကာ ဆောက်သူတွေ က စိတ်ကူးတည့်သလို ဆောက်ခဲ့ ကြတဲ့အတွက် အဖြိုခက်၊ အဖျက် ခက်နဲ့ ဗွက်စိုင်းနေတဲ့ မြို့ကြီးဟာ ကျက်သရေ ကင်းမဲ့သွားခဲ့ရတာ ပါ။
အစိုးရလုပ်တဲ့သူတွေဟာ အနုပညာပါမှလို့ မိတ်ဆွေတချို့ နဲ့ ပြောဖြစ်ပါတယ်။ လမ်းတွေ၊ ပလက်ဖောင်းတွေ၊ ပန်းခြံတွေ၊ ရေကန်တွေ၊ သစ်ပင်တွေ၊ ပြ တိုက်တွေ၊ ဈေးတွေ၊ စာကြည့် တိုက်တွေ၊ ဘဏ်တွေ၊ ကျောင်း တွေ၊ တိုက်တွေ၊ အိမ်တွေကို ကြည့်လိုက်ရုံနဲ့ အနုပညာပါ၊ မပါ ရိုင်း၊ မရိုင်း သိနိုင်ပါတယ်။
ကြည့်ကောင်းအောင်နေ တတ်တဲ့ လူမျိုးဖြစ်စေချင်လှ ကြောင်းပါ။   ။

တောင်ပြုံးပွဲက နှစ်ကိုယ်ခွဲ ဘ၀ပိုင်ရှင်

ကဆုန်နယုန်ကျော်ပြီဆို တာနဲ့  မတ္တရာမြို့နယ် ရှမ်းမြောင်းရွာ က ကိုလတ်တစ်ယောက်တောင် ဘက်နားဆီ လှမ်းမျှော်လို့ နားစွင့် နေခဲ့ပါတယ်။ နတ်သံချို ရွှေစကားတွေနဲ့အတူ ဆိုင်းသံဗုံသံခပ်မြူး မြူးနဲ့ ရောက်ရှိလာတော့မယ့် တောင်ပြုံးရွှေပွဲတော်ကြီးရယ်ကို ပါ။ တောင်ပြုံးတဲ့။ တောင်ပြုံးဆို တဲ့အသံကြားလိုက်ရတာနဲ့တင် ကိုလတ်အသွေးထဲ အသားထဲ အို...ရိုးတွင်းခြင်ဆီထဲအထိ လှိုက် လှဲစွာ မြူးကြွလို့လာခဲ့ရတယ်။ သြော်..တောင်ပြုံးတဲ့လား။
တောင်ပြုံးပွဲတော်ကာလ ရောက်ပြီဆိုတာနဲ့ ကိုလတ်တစ် ယောက် လုပ်လက်စခြံ၊လယ်အ လုပ်တွေပစ်ချပြီး ပွဲတော်ကြီးဆီ အရောက်သွားဖို့ ပြင်ဖြစ်ဆင်ဖြစ်တယ်။ ကိုလတ်တို့ရွာကနေ တောင်ပြုံးပွဲတော်ကြီးဆီ    ငှက်ပျောသီးသွားရောင်းကြမယ့်   ဒေါ်ဝင်းကြည်ငှက်ပျောဆိုင်နဲ့ အတူ လိုက်ကူရောင်းဖို့အတွက်ပါ။ ဒေါ်ဝင်းကြည် ငှက်ပျောဆိုင်က ကိုလတ်တို့ မမွေးခင်ကတည်းက တောင်ပြုံးပွဲတော်ကြီးမှာ ငှက်ပျောသီး ရောင်းခဲ့ကြတာပါ။ အခုတော့ ဆိုင်ရှင်အဘွား ဒေါ်ဝင်းကြည်မရှိတော့ပေမယ့် သူ့မြေးတွေ အမွေဆက်ခံပြီး တောင်ပြုံးပွဲတော်ကြီးမှာ ငှက်ပျောဆိုင် ဆက်ဖွင့်ကြတယ်။
တောင်ပြုံးဘုရားရဲ့ အနောက်ဘက်နား မှာ ငှက်ပျောတန်းရှိပါတယ်။ ပွဲတော်လာသူတွေက ငှက်ပျောတန်းမှာ အုန်းပွဲငှက်ပျောပွဲ ၀ယ်ပြီးဆက်ကြတယ်။ တောင်ပြုံးရဲ့ အဓိကမင်းကြီးမင်းလေးညီနောင်ကိုလည်း ဆက်တယ်။ အမေပုပ္ပားလည်းဆက်တယ်။ ကိုကြီးကျော်နဲ့ မန္တလေးဘိုးဘိုးကြီးလည်း မကျန်စေရပါဘူး။ သူ့အဓိဋ္ဌာန်နဲ့ သူဆိုင်ရာပိုင်ရာ (၃၇) မင်းကို လှည့်ဆက်ကြတယ်။
အဲသလို ဆက်ကြတဲ့အခါ တတ်နိုင်သူတွေကတော့ နီညို ရောင်အဆင်းနဲ့ ရွှေနီဆိုတဲ့ ငှက် ပျောနဲ့ ဆက်ကြတယ်။ ‘‘တပည့် တော်ကို ဘာဖြစ်အောင်၊ ညာဖြစ် အောင် မ,ပေးပါ။ အဆင်ပြေ အောင်မြင်ခဲ့ရင် ရွှေနီနဲ့ ပွဲတက်ပါ့ မယ်’’လို့ ကတိခံခဲ့ကြတဲ့သူတွေက ဈေးကြီးပေမယ့် ရွှေနီကို ကိုင်ရပါ တယ်။ ရွှေနီငှက်ပျောက ရှားတာ မို့ ဈေးကလည်း ခေါင်ခိုက်တယ်။ သုံးဖီးပါ တစ်ပွဲအတွက် နှစ်သောင်းကျော်အထိ တန်ကြေးရှိတယ်။ ဈေးကြီးလှပေမယ့် ကိုယ်တောင်းထားတဲ့ဆုထက်စာရင် ပမွှားမို့ ရွှေနီနဲ့ တောင်းရင် ရွှေနီပါကိုပါရတယ်။ ရွှေနီမတတ်နိုင်သူတွေကတော့ ရွှေနီက မျိုးဖောက်ထားတဲ့ ရွှေစိမ်းဆိုတာလည်း ရှိတယ်။ ဈေးသိပ်မများတဲ့ ရခိုင်၊ စားကျင်း၊ နံ့သာဖူးဆိုတဲ့ ငှက်ပျောတွေနဲ့လည်း သုံးကြတယ်။ အသုံးအများဆုံးက တော့ နာမည်ကျော်ဖီးကြမ်းပါပဲ။ ပွဲစုံမှာ ဖွံ့ဖွံ့ထွားထွားဖီးကြမ်းက သာ နေရာအယူဆုံးပါ။ ဒီနှစ်တော့ ငှက်ပျောသီးက ဈေးကောင်းလှ တယ်။ ပြီးခဲ့တဲ့နွေမှာ ငှက်ပျော ထွက်တဲ့ ကျောက်ဆည်ဘက် မိုး သီးတွေမှန်တာကြောင့် ငှက်ပျော ခြံတွေပျက်တယ်။ ဒါကြောင့် ငှက် ပျောနည်းနည်းရှားပြီး ဈေးခေါင်ခိုက်နေတာပါ။
ငှက်ပျောဈေးဘယ်လောက် တက်တက် ကိုယ့်အဓိဋ္ဌာန်နဲ့ ကိုယ်မို့ ကန်တော့ပွဲက ပေးကိုပေးရ တယ်။ ဒါကြောင့် ကိုလတ်တို့လို ငှက်ပျောသည်တွေက ဈေးလာ ၀ယ်သူတွေကြိုက်တဲ့ ငှက်ပျောနဲ့ စီစဉ်ပေးရတယ်။ အထွတ်အမြတ် ထားတဲ့ ကန်တော့ပွဲမို့ အတိမ်း အစောင်းတော့ မခံကြဘူး။ အနာ လေးဘာလေးပါရင် မကြိုက်ဘူး။ ၀င်းလဲ့ကာ စိုတောက်နေမှ သဘောကျတယ်။ နောက်ပြီး ငှက်ပျော တစ်ဖီး ဆယ်လုံးအောက်ဆိုမယူ ကြဘူး။ အနည်းဆုံး ဆယ်လုံးပြည့်မှ ယူကြတယ်။ ဒါကြောင့် ကိုလတ်တို့လို ငှက်ပျောဆိုင်တွေ ငှက်ပျောကို ရွှေလိုဥကာ စောင့်ရှောက်ကြ တယ်။ ဒါတောင် ကားပေါ်အတင် အချနဲ့ အလုံးပြုတ်သွားရင် ထိုတစ်ဖီးကန်တော့ပွဲပေါ်ရောက်ဖို့ မ လွယ်တော့ဘူး။ စားဖို့ ကြော်ဖို့ လာဝယ်ကြမယ့်သူတွေကို ဈေး လျှော့ပြီးသာ ရောင်းရတော့တယ်။လာဝယ်တဲ့သူတွေ စိတ် ကြိုက်ငှက်ပျောရွေးပြီးတော့မှ အုန်းနဲ့တွဲကာ ကန်တော့ပွဲစီစဉ် ပေးတယ်။ ကိုလတ်တို့က အဲဒီကန်တော့ပွဲတွေကို သက်ဆိုင်ရာနန်း ကြီးတွေဆီ ၀ယ်သူတွေနဲ့အတူ လိုက်ပို့ရတယ်။ ကန်တော့ပွဲများ ရင်တော့ တောင်းအကြီးကြီးတွေ နဲ့ အုန်းပျောတွေ စုထည့်သယ်ပြီး  နန်းရောက်မှ တောင်းအသေးတွေ နဲ့ ကန်တော့ပွဲစီစဉ်ပေးတယ်။ တောင်ပြုံးပွဲတော်ကြီးက စည် ကားလွန်းတာမို့ လူတွေကြားထဲ ကန်တော့ပွဲတောင်းကြီးထမ်းပိုး ပြီး သွားရတာ မလွယ်လှပါဘူး။ ဈေးဝယ်နဲ့ကွဲမသွားအောင်လည်း မျက်စိက လိုက်ကြည့်နေရတယ်။ ဒါတောင် တစ်ခါတလေ လူချင်း ကွဲပြီး နန်းရောက်တော့မှ ဈေးဝယ်က ငှက်ပျောသီးသည်ကိုရှာ ငှက် ပျောသီးသည်က ဈေးဝယ်ကိုရှာနဲ့ ဆိုင်းသံဗုံသံတွေကြားထဲ ခေါင်း ကို မူးကြရောပဲ။
နောက်ပြီး တောင်ပြုံးပွဲတော် က အရပ်စုံက လူစုံလာကြတဲ့ပွဲမို့ နာမည်ကျော်လှတဲ့ ခါးပိုက်နှိုက် ရန်ကိုလည်း သတိထားရတယ်။ ကိုလတ်တို့လို ငှက်ပျောပွဲထမ်းတဲ့ သူတွေအဖို့ နှိုက်စရာဘာမှမရှိပေ မယ့် ကိုယ့်ဖောက်သည့် အနှိုက် မခံရဖို့ကိုလည်း ကိုလတ်တို့က သတိပေးရတယ်။
ပိုက်ဆံအိတ်နဲ့ အဖိုးကြီးတာတွေ ရှေ့မှာ ပိုက် ထားဖို့ တွင်တွင်မှာရတယ်။ အဲသ လို မှာနေရင်းကြားထဲကကို ခါး ပိုက်အနှိုက်ခံရသူတွေလည်း ရှိ တယ်။
အဲသလို ကန်တော့ပွဲလိုက်ပို့ ရင်း တချို့က ရွှေလမ်းငွေလမ်း တွေခင်းဖို့ ပိုက်ဆံတွေဘာတွေကြဲ ပြီဆို ကိုလတ်တစ်ယောက်ထမ်း လာတဲ့ ကန်တော့ပွဲကြီးဘေးချပြီး ပိုက်ဆံပြေးလုတော့တာပဲ။ တောင်ပြုံးမှာ ပိုက်ဆံကြဲတာလုရတာ ကိုလတ်သိပ်ပျော်တာပါ။ အမှန် တော့ ကိုလတ်တို့က ငှက်ပျောဆိုင် နဲ့ လိုက်ပြီး ဈေးကူရောင်းရတာ အဖိုးအခမက်လောက်အောင် မရ ပါဘူး။ သူတို့ရတာက ကန်တော့ပွဲတွေကို နန်းဆီလိုက်ပို့တဲ့အခါ ကန် တော့ပွဲရှင်က ပေးမယ့် မုန့်ဖိုးငါး ရာ၊ တစ်ထောင်လောက်ကိုပါ။ တ ချို့ကတော့ ကိုလတ်တို့လို ကန် တော့ပွဲထမ်းပိုးပို့ပေးတဲ့သူတွေကို ငါးရာ၊ တစ်ထောင်ပေးရမှာ မတွန့် တိုပါဘူး။ ရွှေလမ်းငွေလမ်းခင်းတဲ့ ပွဲမို့ ငါးရာတန်တစ်ရွက်ထွက်လာ ဖို့ မခဲယဉ်းလှပါဘူး။ ဒါပေမဲ့ လူ တိုင်းတော့ မဟုတ်ပါဘူး။ တချို့ တလေကျတော့လည်း ဒါဆိုင်ကပေးရမယ့် ဆားဗစ်ပဲဆိုပြီး တစ် ပြားမှမပေးတာလည်း ကိုလတ်တို့ ကြုံခဲ့ဖူးတယ်။ ဒါကြောင့် ပိုက်ဆံ ကြဲပြီဆိုတာနဲ့ ကန်တော့ပွဲခဏ ထားပြီး ချွေးသံတရွှဲရွှဲနဲ့ ပြေးလု တော့တာပဲ။
ကန်တော့ပွဲလိုက်ပို့ရင်း ကိုရွှေမိုးက တစ်ခါတလေ သဲကြီးမဲကြီးရွာချတာမျိုးနဲ့ ကြုံရသေးတယ်။ ဒါကြောင့် ကိုလတ်တို့တတွေ ပွဲတော်အတွင်း ဖိနပ်ကိုမစီးကြတော့ဘူး။ ပွဲတော်လာသူတွေကတော့ သူတို့လာတုန်း မိုးရွာ ရင်လည်း ပျော်ကြတာပဲ။ ကိုယ့် အပူတွေနဲ့ ကိုယ် နတ်ပွဲကို လာကြရတာမို့ ပွဲတော်လာတုန်း မိုးရွာ တော့ တို့ဘ၀ အေးမြတော့မယ် နိမိတ်ပဲဆိုပြီး ယူဆကြတယ်။ ကိုလတ်တို့ကတော့ ထမ်းလာတဲ့ ငှက်ပျောတောင်းကြီးနဲ့ မိုးရွာထဲ ချော်မလဲဖို့ ဂရုစိုက်ကြရတယ်။
နန်းဆီရောက်ပြီဆိုရင်တော့ ကန်တော့ပွဲပြင်ပြီး ပွဲရှင်ကိုပေးပါ တယ်။ ဒါပေမဲ့ ကိုလတ်တို့ဆိုင်ကို ပြန်လို့မရသေးပါဘူး။ ကန်တော့ ပွဲမှာသုံးထားတဲ့ တောင်းလေးပြန် ယူရဦးမှာမို့လို့ပါ။ ကန်တော့ပွဲ တောင်းလေးကလည်း ခုနစ်ရာ၊ ရှစ်ရာတန်သမို့ ထားခဲ့လို့မရပါ ဘူး။ ဒါကြောင့် ပွဲရှင်တွေ နတ်ဆီ မှာ နားပူနားဆာတိုက်တာ သည်း ညည်းခံထိုင်စောင့်ရင်း ကန်တော့ပွဲတောင်းလေးကို ယူကြရတယ်။ ကန်တော့ပွဲတောင်းလေးပြန်ရဖို့ အရေး မျက်စိရှင်ရှင်ထားကြည့် ပေမယ့် လူရော တောင်းပါ မျက် စိအောက်ပျောက်သွားတာတွေ လည်း ကြုံခဲ့ရဖူးတယ်။
ကိုလတ်တို့လို ငှက်ပျောဆိုင် တွေက ၂၄ နာရီမပိတ်ပါဘူး။ တချို့က နေ့ခင်းလူများလို့ ည ရောက်မှ လာဆက်ကြတဲ့သူတွေ လည်း ရှိတယ်။ ထမင်းလေးစား မယ်ကြံပြီး ထမင်းခူးဟင်းထည့် ဇလုံထဲလက်နှိုက်ပြီးခါမှ ကန်တော့ပွဲလိုက်ပို့ဆိုရင်လည်း မညည်းမညူးထပို့ရတာပဲ။ ဒါကြောင့် ကိုလတ်တို့တစ်တွေ နေ့ရော ညပါမအားကြပါဘူး။ အလှည့်ကျအိပ် ရင်း ဆိုင်ကိုဖွင့်ကြတယ်။ အိပ်တဲ့ အခါကျရင်လည်း ကိုယ့်အိမ်မှာ လိုသက်သောင့်သက်သာအိပ်ကြ ရတာမဟုတ်ဘူး။ ဆိုင်ခန်းကျဉ်း ကျဉ်းလေးထဲမှာက အိပ်ဖို့မပြောနဲ့ခြေချဖို့တောင် လွယ်တာမဟုတ်။ တစ်ဆိုင်လုံးငှက်ပျောခိုင်တွေအ ပြည့်ဆိုတော့ တစ်ခါတလေ အုန်းသီးပုံကြီးပေါ် ထိုးအိပ်ချင် အိပ်ရရဲ့။
ဒီလောက်ဒုက္ခများပေမယ့် တောင်ပြုံးပွဲတော်ကြီးကို လာဖို့ ကိုလတ်တစ်ယောက် ဘယ်တော့ မှ စိတ်မပျက်ပါဘူး။ နှစ်စဉ် တောင်ပြုံးပွဲအခါရောက်ပြီဆိုရင် ငှက် ပျောဆိုင်နဲ့လိုက်ပြီး ကန်တော့ပွဲ သယ်တဲ့အလုပ်လိုက်လုပ်ခဲ့တာ အခုဆို ဆယ်စုနှစ်တစ်စုလောက် တော့ ရှိခဲ့ပါပြီ။ တောင်ပြုံးအချိန် အခါရောက်ပြီဆို ကိုလတ်တစ် ယောက်ရွှင်လို့ မြူးလို့ လန်းလို့ ဆန်းလို့ ဘာ့ကြောင့်များပါလိမ့်။
ကိုလတ်ကို ရိုက်မစစ်ဘဲ ပွင့် လင်းစွာ ပြောချဖို့ ၀န်မလေးတဲ့ စကားက ကိုလတ်ဟာ မိန်းမလျာ တစ်ယောက်ရယ်ပါ။ အသက် (၂၆) နှစ်သာရှိသေးတဲ့ ကိုလတ် က နေ့ခင်းမှာတော့ဖြင့် ငှက်ပျော တွေ တစ်တောင်းပြီးတစ်တောင်း ထမ်း နတ်နန်းနဲ့ ငှက်ပျောဆိုင်ကူး ချည်သန်းချည်လှမ်းနေတဲ့ သူလို ငါလို သာမန်ယောက်ျားတစ် ယောက်ပါ။ အဲ...နေ၀င်လို့ မိုးချုပ် ငှက်ပျောထမ်းရတဲ့အလုပ် ပါး သွားပြီဆိုရင်ဖြင့် ကိုလတ်ဟာ နေ့ ခင်းနဲ့မတူတဲ့ ဒီဇိုင်းတစ်မျိုးနဲ့ ပွဲ တော်ကြီးမှာ လန်းသလို့ ပျော် တော့တာပါ။ ရွာကနေ ထည့်လာ တဲ့ အမျိုးသမီးအ၀တ်အစားထုပ် နဲ့ ဆံပင်တုတစ်ခုက ကိုလတ်ရဲ့ ပွဲတော်ညအဆင်တန်ဆာပါ။
ငှက်ပျောထမ်းလို့ရလာတဲ့ မုန့်ဖိုးလေးတွေ၊ ပိုက်ဆံကြဲတာလု လို့ရလာတဲ့ ငွေသားလေးတွေကို အတန်အသင့်အိမ်အတွက် ဖယ် ပြီးရင် ကိုလတ်တစ်ယောက် ပွဲ ဈေးက နာမည်ကျော်တံဆိပ်ကပ် အစစ်လား၊ အတုလားမသိရတဲ့ ဈေးပေါတဲ့ မိတ်ကပ်ဘူးလေးတွေ လည်း ၀ယ်လိုက ၀ယ်ပါတယ်။ မြို့ပေါ်မှာ ဒီဇိုင်းနွမ်းလို့ ကျေး လက်နေတောလုံမေတွေအတွက် ရည်မှန်းကာ လာရောင်းတဲ့ ထောင့်ငါးရာ၊ နှစ်ထောင်တန် မိန်းမအင်္ကျီ ဆန်းလေးတွေကိုလည်း ကိုလတ် သွားငေးလို ငေးပါတယ်။ ထိုအ ဆင်တန်ဆာလေးတွေနဲ့ ကိုလတ် တစ်ယောက် မိန်းမသားဘ၀ ခေတ္တရောက်ရတယ်။ ကိုလတ်ကို နေ့ခင်းမှာ တွေ့ဖူးသူတွေ ညဘက်များဆုံရင်တော့ ဘယ်နည်းနဲ့မှ မှတ်မိမှာမဟုတ်။ နေ့ခင်းက ငှက် ပျောထမ်းတဲ့ ကျေးတောသား လေး ကိုလတ်မဟုတ်တော့။ တောင်ပြုံးပွဲတော်လမ်းတွေပေါ် နေ့ခင်းမှာ ဖိနပ်မပါခြေဗလာနဲ့ တ၀ုန်းဝုန်းသွားခဲ့တဲ့ကိုလတ်၊ ည ဘက်မှာတော့ ဒေါက်ဖိနပ်သံတ ဒေါက်ဒေါက်နဲ့ ဆင်မယဉ်သာ ကတ်ဝေါ့လျှောက်လို့ လာခဲ့ပြီ။ ပခုံးပေါ်မှာတစ်နေကုန်နေရာယူ ခဲ့တဲ့ လေးလံတဲ့ ငှက်ပျောတောင်း ကြီးနေရာမှာ ခပ်ပေါ့ပေါ့ စလင်း ဘတ်အိတ်ကလေးက အစားထိုး လို့ယူခဲ့ပြီ။
ရွာမှာဆို ပေါက်ပြားကိုင် ဇွတ်ကျားနေရတဲ့ဘ၀မို့ တစ်နှစ် မှ တစ်ခါလေး ကိုယ်စိတ်ကူးယဉ်တဲ့ မိန်းမသားဘ၀ကို တောင်ပြုံး ပွဲတော်ညတွေမှာ ကိုလတ်တစ် ယောက် ကူးပြောင်းနေထိုင်ခွင့်ရ တယ်။ ဘ၀တူမိန်းမလျာတွေနဲ့ လက်ဝါးချင်းဖြောင်းဆိုရိုက် ဘ၀ အမောတွေကို ဦးတိုက်ကာ ရင်ဖွင့်ကြတယ်။ နေ့ခင်းက ငှက်ပျော ထမ်းရင်း မ၀ံ့မရဲခိုးငေးခဲ့ရတဲ့ ပွဲ တော်လာ ကောင်ကလေးတွေကို ညဘက်မှာတော့ဖြင့် မျက်လုံးချင်းဆုံအောင် ရဲရဲကြည့်ပြီး မျက်စိအ စာကျွေးကြရတယ်။ တဒင်္ဂသာ ယာမှုအသွေးအသားစိတ်ဆန္ဒ တွေထက် ကိုယ်စိတ်ကူးယဉ်တဲ့ မိန်းမပုံလေးနဲ့ ခေတ္တနေခွင့်ရတာ ကိုလတ်ကျေနပ်ပါတယ်။ သာမန် သူနားလည်ဖို့ မလွယ်လှတဲ့ ဘ၀ အမောတွေကို မိန်းမလျာချင်းရင် ဖွင့်ရတာ ကိုလတ်အတွက် စိတ် ပေါ့ပါးစေပါတယ်။ ဒါကြောင့် ကိုလတ်တောင်ပြုံးပွဲတော်ကြီးကို လာရတာ နေ့ခင်းမှာမောပေမယ့် ညဘက်မှာ ပျော်ရပါတယ်။
အခုတော့ ကိုလတ်ပျော်ခဲ့တဲ့ တောင်ပြုံးပွဲတော်ကြီးက ဒီတစ် နှစ်တော့ ပြီးဆုံးလို့ သွားခဲ့ပြန်ပါ ပြီ။ ရက်သတ္တနှစ်ပတ်ကျော်ကျော် စည်ကားခဲ့တဲ့ တောင်ပြုံးပွဲမှာ စရိုက်နှစ်မျိုးနဲ့ ကိုလတ်လျှောက်လှမ်းခဲ့တဲ့ တောင်ပြုံးကျေးရွာလမ်းလေးတွေမှာ အခုတော့ အမှိုက်တွေဗရပွနဲ့ လူသွားလူလာကျဲပါးစွာ ကျန်ရစ်ခဲ့တယ်။ နတ်ကတော်တွေကလည်း အိမ်ပြန်ဖို့နဲ့ ရတနာ့ဂူကူးဖို့ နတ်ရုပ်တွေ သိမ်းဆည်းနေကြတယ်။ ကိုလတ်တို့လည်း ကျန်ခဲ့တဲ့ အနာအဆာပါတဲ့ ငှက်ပျောတွေ ပြန်သယ်ဖို့ ပြင်နေတယ်။ ရွာပြန်ရောက်ရင်တော့ ကိုလတ်တစ် ယောက် ပုံမှန်အတိုင်း လယ်အ လုပ်၊ ခြံအလုပ်တွေ ပြန်လုပ်မှာပါ။ အဲသလို လုပ်ကိုင်နေရင်း ကျေး တောသားလေး ကိုလတ်တစ် ယောက် အပျော်ကြီးပျော်ခဲ့ရတဲ့ တောင်ပြုံးပွဲတော်ရက်တွေကို သတိရမိဦးမှာပါ။ တောင်ဘက် နားဆီက မင်းနှစ်ပါးနန်းဆီ မှန်း မျှော်ကြည့်ရင်း ပွဲတော်ရက်ပြန် ရောက်ဖို့ လက်ချိုးရေတွက်ကာ စောင့်မျှော်နေမိဦးမှာ အသေအ ချာပါ။

Saturday, September 14, 2013

စိတ်ဖြေနည်း များ

စိတ်ဖြေနည်း (၁၀) ဖြာ ---------------------------------------------------------------- နှိုင်းရင့်နွေ ၁) သင်မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံလိုက်ပါ... သင်ကိုယ်တိုင် ပြောင်းလဲနိုင်တယ် ပြီးတော့ ပြောင်းလဲချင်စိတ်လဲရှိတယ်ဆိုရင် ပြောင်းလဲပစ်လိုက်ပါ... ၂) သင့်အပေါ် မကောင်းတဲ့သူတွေ သင့်စိတ်ညစ်အောင်လုပ်နေတဲ့သူတွေကို လက်လွှတ်လိုက်ပါ... သူတို့အတွက်စဉ်းစားကြည့်မယ်ဆိုရင်လည်း သူတို့ဘယ်လိုလူတွေလဲဆိုတာ သင်သိပြီးသားပဲ... ၃) သင်အကြိုက်ဆုံး မြူးမြူးကြွကြွတေးသီချင်းတွေ ဖွင့်ပြီး ပေါက်ကွဲပစ်လိုက်ပါ... ရင်ကိုဖွင့်ပြီး အားရပါးရလိုက်ဆိုပါ... တေးသွားနဲ့ အလိုက်သင့်ကခုန်လိုက်ပါ.... ၄) ပြေးပါ... ခပ်ဝေးဝေးကို ပြေးပါ... သင့်စိတ်ထဲ သက်တောင့်သက်သာရှိလာတဲ့ အထိပြေးပါ... နောက်ဆုံးမှာ စိတ်ခံစားချက်တွေ အရေးမပါတော့တဲ့အထိ သင်မောပန်းလာပါလိမ့်မယ်... ၅) သင်ချစ်တဲ့သူ တစ်ယောက်ယောက်ဆီဖုန်းဆက်လိုက်ပါ... သူတို့ရဲ့ အသံတွေကို ကြားရတဲ့အခါ သင်နေလို့ထိုင်လို့ ပိုကောင်းလာပါလိမ့်မယ်.... ၆) လူစိမ်းတစ်ယောက်ယောက်ကို ပြုံးပြလိုက်ပါ... ဒီနည်းက သင်တို့နှစ်ယောက်လုံး ပြုံးဖြစ်အောင်လုပ်ပေးနိုင်ပါတယ်... ၇) တစ်ယောက်ယောက်ဆီကို အမည်မဖော်တဲ့ ဆုမွန်ကောင်းတောင်းလွှာလေး ပို့ပေးလိုက်ပါ... ၈) သင့်ကိုယ်သင် မကြိုက်တဲ့အချက်တွေကို ချရေးလိုက်ပါ... ပြီးရင် အဲ့ဒါကို စုတ်ဖြဲပြီး မီးရှို့လိုက်ပါ... ၉) သင်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကား တစ်ကားကားကို ထိုင်ကြည့်လိုက်ပါ.... ၁၀) သင့်ကိုယ်သင် ယုံကြည်ပါ...