Monday, November 16, 2015

NLD တစ်ပါတီအာဏာရှင်စနစ်မှားကြီးအား ပြုပြင်ရန် ပါတီငယ်ပေါင်း ၈၀ ကျော်စုပေါင်း၍ တပ်ပေါင်းစုဖွဲ့စည်းမည်

NLD တစ်ပါတီအာဏာရှင်စနစ်မှားကြီးအား ပြုပြင်ရန် ပါတီငယ်ပေါင်း ၈၀ ကျော်စုပေါင်း၍ တပ်ပေါင်းစုဖွဲ့စည်းမည်
16-11-2015
လွတ်လပ်ရေးရပြီး ကျင့်သုံး ခဲ့သည့် ပါလီမန်ဒီမိုကရေစီခေတ် တွင် ဖဆပလကို ယှဉ်ပြိုင်ရန် ပါတီငယ်များစုပေါင်းဖွဲ့စည်းသည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) ကဲ့သို့ တပ်ပေါင်းစုတစ်ခုဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့်ဒီမိုကရေစီအင်အားစုများ ပြန့်ကျဲနေခြင်းကို စုစည်းနိုင်မည်ဖြစ်ကြောင်း ဦးသိန်းညွန့်ကပြောသည်။
‘‘ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေက ဒီလိုပြန့်ကျဲပြီး ရွေးကောက်ပွဲဝင်ပြိုင်နေရင် NLD ၊USDP ကို တန်းတူယှဉ်ပြိုင်ဖို့ အခက်အခဲကြုံရမယ်။ လက်ရှိနိုင် ငံရေးပြဿနာတွေဟာ တစ်ဦး ကောင်း တစ်ယောက်ကောင်းနဲ့ ဆောင်ရွက်လို့ မရဘူး။ တပ်ပေါင်းစုလမ်းစဉ်နဲ့ပဲ သွားလို့ရမယ်ဆို တာ ကျွန်တော်ကတော့ နှစ်နှစ်ကာကာယုံကြည်တယ်။ ဒီပထမအ ကြိမ် လွှတ်တော်သက်တမ်းပြီးရင် တော့ တပ်ပေါင်းစုကိစ္စကို စတင် ဆောင်ရွက်ဖို့ ကျွန်တော်တို့နဲ့ မူဝါဒတွေ၊ ရည်ရွယ်ချက်တွေတူတဲ့ ပါတီတွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်’’ ဟု ဦးသိန်းညွန့်က ပြောသည်။
ထိုကဲ့သို့ တပ်ပေါင်းစုဆောင် ရွက်နိုင်ရေး လက်ရှိနိုင်ငံရေးပါတီများဥပဒေကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ယင်းဥပဒေတွင် တပ်ပေါင်းစုကို နိုင်ငံရေးပါတီအဖြစ် သတ်မှတ်နိုင်ရေးအချက်အား ပြင်ဆင်ထည့်သွင်းမည်ဖြစ်ကာ တပ်ပေါင်းစုဖွဲ့စည်းနိုင်ရေးအတွက် NDF ပါတီ၊ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့နှင့် ဦးစွာဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေက မညီညွတ်ခဲ့ကြ ဘူး။ ဒါကြောင့် တပ်ပေါင်းစုဆို တာကတော့ ဖြစ်သင့်တယ်။ ပြည် သူ့အကျိုးရှေးရှုတဲ့ မူဝါဒတွေ၊ ရည်ရွယ်ချက်တွေချမှတ်ရမှာ ပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးလာမယ်ဆိုရင် ငြင်းစရာ မရှိပါဘူး။ ဒီတပ်ပေါင်းစုထဲပါ၊ မပါဆိုတာကတော့ ကျွန်တော့် တစ်ယောက်တည်းသဘောနဲ့ ပြောလို့မရပါဘူး။ ဦးသိန်းညွန့်ပြောတဲ့ ကိစ္စက လက်ခံနိုင်ဖွယ်ရှိပါတယ်’’ ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
လက်ရှိကာလတွင် တပ် ပေါင်းစုတစ်ရပ်ဖွဲ့စည်းဆောင် ရွက်သင့်သည်မှာ အမှန်ပင်ဖြစ်ပြီး မူဝါဒကို အခြေခံဖွဲ့စည်းသော အ တိုက်အခံအင်အားစုဖြစ်စေချင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ပြောသည်။
‘‘မူဝါဒတွေ၊ စည်းကမ်းတွေ ခိုင်ခိုင်မာမာရေးဆွဲဆောင်ရွက် လိမ့်မယ် ထင်ပါတယ်။ အဲဒီချမှတ်မယ့် မူဝါဒတွေက အန်တီ့ရည် ရွယ်ချက်တွေ၊ မူဝါဒတွေနဲ့ ကိုက် ညီတယ်ဆိုရင် အန်တီလည်းပါမှာ ပေါ့’’ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
7day


No comments: